♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 6, 2016

" သူငယ်ချင်းကို မနာလိုဖြစ်နေတယ်ဆိုတဲ့ လက္ခဏာ (၅) ခု "

 
၁ - သူတို့ရဲ့ သတင်းကောင်းကို သင်မပျော်ဘူး

သူငယ်ချင်းတစ်ယောက်က သူတို့ဘဝမှာ မြင့်တယ်လို့ ခံစားရတဲ့ အတွေ့အကြုံတစ်ခုကို ရတဲ့အခါ သင်မပျော်သလို ခံစားရတယ်ဆိုရင် ဒါဟာ မနာလိုဖြစ်နေတဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။

၂ - သူတို့ရဲ့အောင်မြင်မှုကို သိမ်ငယ်ဖို့ ကြိုးစားတယ်

သူတို့ရဲ့ အောင်မြင်မှုကို သိမ်ငယ်ဖို့ ကြိုးစားမိနေတတ်ပါတယ်။ ဒါပေမဲ့ သင် ရည်ရွယ်ချက်မရှိဘဲ ဒါကို လုပ်မိတာပါ။

၃ - သင့်သူငယ်ချင်းကို သင်ရှောင်တယ်

ဖေ့စ်ဘွတ်မှာ ဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ် သူနဲ့ စကားပြောဖို့ ရှောင်နေပါတယ်။ သူတို့ရဲ့ အောင်မြင်မှု ဇာတ်လမ်းတွေကို သင်နားထောင်ရမှာ ကြောက်နေပါတယ်။

၎ - မှီခိုလွန်းတယ်

သူငယ်ချင်းတွေကို မနာလိုစိတ် စဝင်လာတဲ့အခါ ရှောင်တဲ့လူရှိသလို ပိုမို မှီခိုလာတာလည်း ရှိပါတယ်။ ကိုယ့်ကိုယ်ထားခဲ့ပြီး နောက်တစ်ယောက်နဲ့ ပိုခင်သွားမှာကို ကြောက်တာ ဖြစ်ပါတယ်။

၅ - ပြိုင်ဆိုင်ဖို့ လိုတယ်လို့ ခံစားရတယ်

ပြိုင်ဆိုင်ဖို့ လိုတယ်လို့ အမြဲခံစားနေရတယ်။ သင့်သူငယ်ချင်း လုပ်တာထက် ပိုလုပ်ဖို့ လိုတယ်လို့ အမြဲခံစားနေရတယ်။

Credit: Duwun
Credit : http://www.shwechitthu.com/2016/07/blog-post_39.html

No comments:

Subscribe

လာလည်သူများ

free counters