♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 3, 2016

" တရုတ်နဲ့ ဟောင်ကောင်ကိုဆက်ပေးမယ့် ကမ္ဘာ့အရှည်ဆုံးတံတား "


ဟောင်ကောင်နဲ့တရုတ်ကို ဆက်သွယ်ပေးမယ့် ကမ္ဘာ့အရှည်ဆုံးတံတားကို လွန်ခဲ့တဲ့ ခုနှစ်နှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တံတားဟာ ၁၄ မိုင်ရှည်လျားပြီး ရေအောက် လှိုင်ခေါင်းတွေပါ ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါတံတားစီမံကိန်းဟာ ဟောင်ကောင်၊မက္ကာအိုနဲ့ တရုတ်နိုင်ငံမြို့ Zhuhai တို့ကို ဆက်သွယ်ဖို့ရည်ရွယ်ထားတဲ့ စီမံကိန်းဖြစ်ပြီး ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁၅ ဘီလီယံထိ ရှိနေတယ်လို့ သိရပါတယ်။ ၂၀၀၉
ခုနှစ်ကတည်းက ဆောက်ခဲ့တဲ့ ပင်လယ်ဖြတ်ကျော်တံတားကို ၂၀၁၇ ခုနှစ်မှာ တရားဝင်ဖွင့်လှစ်တော့မှာလည်း ဖြစ်ပါတယ်။

တံတားကြောင့် တရုတ်နိုင်ငံနဲ့ ဟောင်ကောင်ကို သွားတဲ့ခရီးကြာချိန်ဟာ လျော့ကျသွားမှာ ဖြစ်ပါတယ်။

Credit : ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

No comments:

Subscribe

လာလည်သူများ

free counters