♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 8, 2016

" ၂၀၂၅ ခုနှစ်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေအစား စက်ရုပ်နဲ့ လိင်ပျော်ပါးမှု ပိုများလာဖွယ် ရှိနေ " (18+)

 
သိရသလောက်တော့ လူတွေ စက်ရုပ်နဲ့ ချစ်တင်းနှောလာခဲ့ကြတာ ၁၀ နှစ်မက ရှိခဲ့ပါပြီ။ နောင်ဖြစ်လတ္တံ့သော လူသားတွေ အသက်ရှင်နေထိုင်မှုပုံစံကြိုသိမှု အတတ်ပညာရှင် Dr Ian Pearson က သူ့ ဗေဒင် ကသိုဏ်းဖန်လုံးထဲ မျက်စိတစ်ဖက်မှိတ် စူးစိုက်ကြည့်လိုက်တဲ့အချိန်မှာ လိင်စက်ရုပ်တွေ ခေတ်စားလာမယ့် အနာဂတ်ကို ပြေးမြင်ခဲ့ကြောင်း Mirror သတင်းက ဖော်ပြထားပါတယ်။

လိင်ကိစ္စရှေ့ရေးအနာဂတ်အပေါ် သတင်းအချက်အလက် အစီရင်ခံစာပြုစုခဲ့တဲ့ Pearson က စက်ရုပ်နဲ့အတူအိပ်တာက ယနေ့ခေတ် ညစ်ညမ်းရုပ်ရှင်ကြည့်ရှုသလိုမျိုးပဲ အမျိုးသမီးများအတွက် သာမန်ဖြစ်နေကျ ကိစ္စဖြစ်လာပါလိမ့်မယ်။စက်ရုပ်နဲ့ လိင်ပျော်ပါးမှု ပေါ်ပြူလာဖြစ်လာပါလိမ့်မယ်။ ဒီတော့ လူအချင်းချင်းလိင်ဆက်ဆံမှုကို ကျော်လွန်ပြီး ၂၀၅၀ ခုနှစ်မှာ လုံးလုံး အရွယ်ရောက် အမွေးအတောင်စုံလာပါလိမ့်မယ်။

Bondara မှ ပြုခဲ့တဲ့ အစီရင်ခံစာထဲမှာ အစပိုင်းတော့ လူတော်တော်များများ စက်ရုပ်နဲ့ လိင်ပျော်ပါးမှု ထိန်းထိန်းသိမ်းသိမ်းရှိနေသေးပေမယ့် စက်ရုပ်အထာတွေ၊ လူလုပ်ကွန်ပျူတာမှတ်ဥာဏ်တွေနဲ့ တဖြည်းဖြည်း အသားကျလာတဲ့အခါ သူတို့ခံစားချက် တိုးတက်ပြောင်းလဲကြပြီး ပြင်းပြတဲ့ စိတ်ခံစားမှုဆိုင်ရာ နှောင်ဖွဲ့မှုတွေနဲ့
ရင်းနှီးကျွမ်းဝင်လာကာ အရှက်၊ အကြောက်တရား၊ အကျင့်သိက္ခာ စောင့်ထိန်းမှုတွေ တဖြည်းဖြည်း ပျောက်ဆုံးသွားကြပါလိမ့်မယ်လို့ အခိုင်အမာ ဆိုပါတယ်။

ကြီးထွားလာနေတဲ့ ဒီခေတ်ရေစီးကြောင်းအပေါ် လူအများအပြား စိတ်ဝင်စားမှု ဖော်ပြခဲ့ကြပြီး လူအချင်းချင်းတုံ့ပြန်အကျိုးပြုမှုနေရာမှာ စက်ရုပ်တွေ အစားထိုးလာပါလိမ့်မယ်။

Ref: TOI
Victor.PaaTung - Trend Myanmar

Credit :  http://www.lwinpyin.com/2016/07/blog-post_5.html

No comments:

Subscribe

လာလည်သူများ

free counters