♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 16, 2024

မန်စီးတီးအသင်းကို အရေးမယူသည့်အပေါ် ပရိသတ်များလှောင်ပြောင်

 

မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်က ဘဏ္ဍာရေးစည်းမျဉ်းနဲ့ အရေးမယူတဲ့အပေါ် ပရိသတ်တွေက လှောင်ပြောင်နေပါတယ်။

ပရီးမီးယားလိဂ်ဟာ အသင်းငယ်တွေဖြစ်တဲ့ အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတွေကိုတော့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်တယ်လို့ ဆိုပြီး အရေးယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲဗာတန်အသင်းကို ၁၀ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပြီး နောက်ထပ် အမှတ်လျှော့ပြစ်ဒဏ် ထပ်ချဖို့ ရှိနေတာပါ။

ပြိုင်ဘက်အသင်းပရိသတ်တွေကတော့ အသင်းငယ်တွေကို အရေးယူပြီး မန်စီးတီးကို အရေးမယူတဲ့အပေါ် ဆိုရှယ်မီဒီယာကနေ လှောင်ပြောင်ခဲ့ကြတာပါ။

မန်စီးတီးအသင်းကိုသာအမှန်တကယ်အရေးယူမယ်ဆိုရင် အင်္ဂလန်အောက်ဆုံးတန်းက လိဂ်အထိ  တန်းဆင်းသွား ရနိုင်ပေမဲ့ ကင်းလွတ်ခွင့်ရရှိနေကြောင်း ပရိသတ်တစ်ဦးက ဝေဖန်ပါတယ်။

တခြားပရိတ်သတ်တယောက်ကတော့ မန်စီးတီးဟာလည်း ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ချက် ချိုးဖောက်တယ်လို့ ဆိုထားပေမဲ့ အဲဗာတန်နဲ့ နော်တင်ဟမ်တို့အပေါ် အရေးယူသလိုမျိုး တူညီတဲ့ လုပ်ဆောင်မှုမရှိကြောင်း ပြောပါတယ်။ 

မန်စီးတီးအပြင် ချဲလ်ဆီးအသင်းရဲ့ ငွေကြေးသုံးစွဲခဲ့မှုအပေါ် အရေးမယူခဲ့တာကိုလည်း ပရိသတ်တွေက ဝေဖန်ထောက်ပြခဲ့ ကြပါတယ်။

Photo-Reuters

No comments:

Subscribe

လာလည္သူမ်ား

free counters