♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 3, 2016

" ရက်တစ်ရာအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းကို ဦးစားပေးပြုပြင်မယ် "

အမြန်လမ်းမကြီးတစ်ခုလုံးရဲ့ ခြောက်ရာခိုင်နှုန်းလောက်က အကြီးစားပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အစိုးရသစ် စတင်တာဝန်ယူမယ့် ရက်ပေါင်းတစ်ရာအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို ဦးစားပေး ပြုပြင်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောပါတယ်။

မတ် ၃၁ ရက်က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးလုပ်ခဲ့တဲ့ဒီမိုကရေစီတူဒေးသတင်းစာနဲ့ တွေ့ဆုံမေးမြန်း
ခန်းမှာ အခုလိုပြောခဲ့တာပါ။

"ရက်ပေါင်း တစ်ရာအတွင်း လုပ်ငန်းတစ်ခုကိုလုပ်ဖို့ တော်တော်လေးတော့ စိန်ခေါ်မှုဖြစ်ပါတယ်။ အမြန်လမ်းနဲ့ ပတ်သက်လို့ကတော့ ပြည်သူလူထုထဲမှာ စိုးရိမ်စိတ်တွေရှိတာပေါ့ " လို့ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ပြုပြင်ဖို့အတွက် အပိုင်းသုံးပိုင်းခွဲထားပြီး အကြီးစားပြင်ဆင်မှု လုပ်ရမယ့်အပိုင်း၊ အလတ်စားပြင်ဆင်မှု လုပ်ရမယ့်အပိုင်းနဲ့ လက်ရှိအတိုင်း ဆက်လက် အသုံးပြုနိုင်တဲ့အပိုင်းဆိုပြီး ခွဲခြားထားပါတယ်။


"ဒီအမြန်လမ်းကို ဂျပန်ရော၊ အမေရိကန်ရောစစ်ဆေးပြီးသားပါ။ ၀န်ကြီးဌာနကလည်း ပညာရှင်တွေနဲ့ စစ်ဆေးထားပါတယ်။ အားနည်းချက်တွေကိုပြင် နိုင်ရင်လုပ်သွားနိုင်ရင် အကောင်းဆုံးဖြစ်သွားမှာပါ "လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း
ဒုတိယဥက္ကဌ ဦးအောင်မြင့်က ပြောပါတယ်။

အမြန်လမ်းမကြီးတစ်ခုလုံးရဲ့ ခြောက်ရာခိုင်နှုန်းလောက်က အကြီးစားပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်နေပြီး ၁၆ ရာခိုင်နှုန်းလောက်ကတော့ အလတ်စားပြင်ဆင်တာတွေလုပ်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

Credit -Duwun

Credit : http://www.searchmyanmar.com/link/comment/cid/57675/domain/duwun.com.mm

No comments:

Subscribe

လာလည်သူများ

free counters