♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 3, 2016

" လေလည်ခြင်းဟာ အချစ်ရေးအတွက် ကောင်းမွန်ကြောင်း လေ့လာမှုတွေက ဖော်ထုတ် "

 သတိ။ ။ ချစ်ကြိုက်ကာစမှာ လေသွားမလည်နှင့်နော် ဒုက္ခများသွားမယ်....

သင်ဟာ အလုပ်အင်တာဗျူးတစ်ခုမှာ ဒါမှမဟုတ် ပါတီတစ်ခုမှ မမျှော်လင့်ပဲ လေလည်မိတာမျိုး ကြုံဖူးပါသလား။ ဒီလို ထိန်းချုပ်လို့မရလိုက်တဲ့ အရာတစ်ခုအတွက် သင်ရှက်သွားရတာမျိုး ကြုံဖူးပါသလား။ အချိန်တော်တော်များများမှာတော့ ကျွန်ုပ်တို့ဟာ လူတွေကြားထဲ ဒါမှမဟုတ် ကိုယ်လေးစားရတဲ့လူ၊ ကိုယ်သဘောကျရတဲ့သူတွေရှေ့မှာ လေလည်ဖို့ ရှောင်ကြဉ်တတ်ပါတယ်။ လူတိုင်းကတော့ လေလည်ကြတာချည်းပါပဲ ဒါပေမယ့် သင့်ရဲ့အချစ်ရေးက ခုမှစတင်ထားတဲ့ အသစ်စက်စက် အချစ်ရေးတစ်ခုဆိုရင်တော့ ကိုယ့်ပူပူနွေးနွေး ရည်းစားလေးရှေ့မှာ လေလည်ဖို့ ရှက်ကြမှာပဲလေ။
ကိုယ့်ချစ်သူရှေ့မှာ လေလည်ခြင်းဟာ ချစ်သူနှစ်ဦး လက်တွဲလာခဲ့တာ အချိန်တစ်ခု သတ်သတ်မှတ်မှတ်လေး ရှိသွားပြီဆိုတာကို ပြရာလည်း ရောက်ပါတယ်။ လက်တွဲခါစ ချစ်သူရည်းစားရှေ့မှာ လေမလည်ကြပေမယ့် နှစ်ယောက်သာ နှစ်နဲ့ချီ တွဲလာပြီးပြီဆိုရင်တော့ လေလည်တာဟာ အထူးအဆန်းတစ်ခုတောင် ဟုတ်ချင်မှ ဟုတ်တော့မှာပေါ့။ ကိုယ့်ချစ်သူရှေ့လေလည်တာ သင့်ကို သူတို့ဘယ်လိုများ တွေးမလဲဆိုတာကို ဂရုမစိုက်လို့ မဟုတ်ပါဘူး။ သင်လုပ်လိုက်တဲ့ ဒီအရာအတွက် သူတို့ဘာမှ ဝေဖန်မှာ မဟုတ်ဘူးလို့ သင်ယုံကြည်လို့ပါ။
စစ်တမ်းကောက်ချက်အရဆိုရင် ၂၉ရာခိုင်နှုန်းသော လူတွေဟာ ကိုယ့်ချစ်သူရှေ့ လည်လေဖို့ နှစ်လကနေ ခြောက်လလောက်အထိတော့ စောင့်တတ်ကြပြီး ၂၅.၂ရာခိုင်နှုန်းကတော့ ခြောက်လကနေ
တစ်နှစ်ကြား စောင့်တတ်ကြပါတယ်တဲ့။ ၂၂.၄ရာခိုင်နှုန်းသော လူတွေကတော့ တွေ့ဆုံပြီး သတင်းပတ်အနည်းငယ်အတွင်းမှာ ကိုယ့်ရည်းစားရှေ့ လေလည်တတ်ကြပါတယ်။
တကယ်တော့ လေလည်ခြင်းဟာ သမီးရည်းစား ဆက်ဆံရေးမှာ တကယ့်ကို အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ လူတွေရှေ့မှာ လေလည်နိုင်ဖို့ဆိုတာ သင့်စိတ်ထဲ သက်တောင့် သက်သာရှိတဲ့လူတွေရှေ့မှာမှ အဆင်ပြေနိုင်မှာပါ။ ဒါ့အပြင် လေလည်ခြင်းဟာ ရယ်စရာကောင်းသလို နှစ်ဦးကြား တင်းမာနေတဲ့ အခြေအနေမျိုး ရှိခဲ့ရင်တောင် လေလည်ခြင်းကြောင့် သင်တို့နှစ်ဦးကြားထဲက ပိုမိုရင်းနှီးမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ နှစ်ဦးကြား ပြသနာတက်နေတဲ့အချိန် လေလည်မိတာမျိုးကလည်း နှစ်ဦးကြားက ဒေါသတွေ ပြေပျောက်သွားစေနိုင်တဲ့ အချက်ပါပဲ။
ဒါ့ကြောင့် တစ်စုံတစ်ယောက်က သင့်ကို တကယ် ချစ်တယ်ဆိုရင် လေလည်တာလောက်ကိုတော့ ထည့်ပြောနေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အဲ့ဒီချစ်သူရည်းစား စုံတွဲတွေရဲ့ သက်တမ်းကိုလည်း ခန့်မှန်းနိုင်ပြီလေ။
Ref:yourtango


Credit : http://www.trend.com.mm/2016/03/24/relationships-9147

No comments:

Subscribe

လာလည်သူများ

free counters