♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 5, 2016

" ဆဲလ်ဖီ (Selfie) ကိုဘယ်သူ တီထွင်ခဲ့သလဲ "

ကမ္ဘာတဝန်းမှာ ဆဲလ်ဖီဓာတ်ပုံတွေ တစ်နေ့ကို တစ်သန်းလောက်ရိုက်လေ့ရှိတယ်လို့ သုတေသနဌာန တစ်ခုရဲ့ အဆိုအရသိရပါတယ်။ Selfie ဆိုတဲ့ အင်္ဂလိပ်စာလုံးဟာ အခုဆိုရင် အဘိဓာန်ထဲထည့်သွင်းထားပြီဖြစ်ပြီး၂၀၁၃ ခုနှစ်ရဲ့ တစ်နှစ်တာ စကားလုံးအဖြစ်သတ်မှတ်ခံရပါတယ်။
Selfie ဆိုတဲ့ ခေါင်းစဉ်နဲ့ သီချင်းလဲ ရှိသလို အမေရိကန် သမ္မတ အိုဘားမားလို ကမ္ဘာ့ခေါင်းဆောင်ကြီးတွေတောင် တခြားနာမည် ကျော်ကြားသူတွေနဲ့  ဆဲလ်ဖီ ဓာတ်ပုံရိုက်လေ့ရှိပါတယ်။
ဒါဆို Selfie လို့ခေါ်တဲ့မိမိကိုယ်မိမိ ဓာတ်ပုံရိုက်တဲ့ ဓလေ့ကို ဘယ်သူထွင်ခဲ့သလဲ။
မိမိကိုယ်မိမိ ဓာတ်ပုံရိုက်တာဟာ ၁၉ရာစု နှောင်းပိုင်းကတည်းကရှိခဲ့သလို၊ ဟောလီးဝုဒ်ဓာတ်ပုံဆရာ လက်စ်စတာ ဝစ်စဘရော့က Selfie ကို စထွင်ခဲ့တာဟာ သူဖြစ်ကြောင်းပြောပေမဲ့ အင်တာနက်ပေါ် Selfie ဆိုတဲ့ စကားလုံးကို အင်တာနက်ပေါ် စတင် အသုံးပြုခဲ့တာတော့ ၂၀၀၂ ခုနှစ်ကပါ။
ဩစတြေးလျနိုင်ငံ အင်တာနက်ဖိုရမ်တစ်ခုမှာ စတင်ခဲ့တဲ့ Selfie ဆိုတဲ့ ဒီစကားလုံးကို စတင်အသုံးပြုခဲ့သူက နေသန် ဟုတ်ပ်ဆိုသူဖြစ်ပြီး အရက်မူးပြီးချော်လဲလို့ နှုတ်ခမ်းပေါက်သွားတဲ့ ပုံ တစ်ပုံ သူငယ်ချင်းတွေကို ပြတဲ့ နေရာမှာ ရေးထားတာပါ။
Selfie ဆိုတဲ့ စကားလုံးကို စတင် ဆွေးနွေးခဲ့တာတော့ ဓာတ်ပုံဆရာ ဂျင်မ်ခရူးစ်ဖြစ်ပါတယ်။ လှုမှုကွန်ယက်တစ်ခုဖြစ်တဲ့ MySpace ပေါ်မှာ တင်တဲ့ပုံတွေနဲ့ ပတ်သက်ပြီးဆွေးနွေးခဲ့တာပါ။
ဒါပေမဲ့ Selfie ဆိုတာကို ပိုပြီး လူသိများလာတာက ၂၀၁၀ ခုနှစ်နောက်ပိုင်းမှဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ ကမ္ဘာကျော် Time မဂ္ဂဇင်းက Selfie ဆိုတဲ့ စကားလုံးကို အသုံးအများဆုံး စကားလုံး ဆယ်လုံးမှာ တစ်လုံး အပါအဝင်အဖြစ်ဖော်ပြခဲ့ပါတယ်။
ကင်မရာအသေးလေးတွေ ခေတ်စားတဲ့ အချိန်ကစပြီး လူအများ ရိုက်ခဲ့တဲ့ ဆဲလ်ဖီဓာတ်ပုံဟာ ဒီနေ့အချိန်မှာတော့ ဖုန်းမှာပါတဲ့ ရှေ့ကင်မရာကနေပဲ ပိုပြီးရိုက်ကြပါတော့တယ်။

ဒါ့အပြင် နာမည်ကျော် မင်းသမီး၊ မင်းသားများ၊ အဆိုတော်များ၊ နိုင်ငံခေါင်းဆောင်များ၊ ဘုန်းတော်ကြီးများလည်း
ဆဲလ်ဖီရိုက်ကြပါတယ်။
တစ်ချို့နာမည်ကျော်လူ ပုဂ္ဂိုလ်တွေက ဆဲလ်ဖီရိုက်တဲ့ ဓလေ့ကို အကောင်းအဆိုးဒွန်တွဲနေကြောင်း ထောက်ပြကြပါတယ်။
ဝေဖန်ရေးဆရာမ အဲမာဘားနတ်က လိင်အသားပေး ဆဲလ်ဖီဓာတ်ပုံတွေက ဓာတ်ပုံရိုက်သူကို ယုံကြည်မှုတိုးလာစေပေမဲ့ အမျိုးသမီးတွေကို လိင်ပစ္စည်းတစ်ခုအနေနဲ့ မြင်စေတာမို့ မကောင်းဘူးလို့ ဆိုပါတယ်။
အမေရိကန်သမ္မတ အိုဘားမားဟာလဲ တောင်အာဖရိက နိုင်ငံမှာ နဲလ်ဆင်မန်ဒဲလား အောက်မေ့သတိရဆုတောင်းပွဲကို တက်ရောက်နေချိန် တခြားနိုင်ငံက ခေါင်းဆောင်တွေနဲ့ ပြုံးပြုံးရွှင်ရွှင် ဓာတ်ပုံရိုက်နေတာမို့ သတင်းခေါင်းကြီးပိုင်းမှာ ပါခဲ့ဖူးပါတယ်။

 အောက်မေ့သတိရ ဆုတောင်းပွဲမှာ ဆဲလ်ဖီရိုက်နေတဲ့ သမ္မတအိုဘားများနဲ့ ဗြိတိန် နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (ဓာတ်ပုံ – အင်တာနက်)
ဒီနေ့အချိန်မှာတော့ Selfie ကို ကလေးလူကြီးမရွေး မိမိဖုန်းမှာ ပါတဲ့ ရှေ့ကင်မရာကနေ ရိုက်ရုံသာမက ဆဲလ်ဖီတုတ်လေးတွေ အသုံးပြုပြီးလဲ ရိုက်ကြပါတယ်။


ကျော်စွာ
Source: About Money, Wikipedia, International Business Times

No comments:

Subscribe

လာလည်သူများ

free counters