♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 9, 2016

" သေဆုံးသွားပေမယ့် နှလုံးခုန်နေခဲ့သူ "

 1_ayesay
ကမ္ဘာလောကကြီးထဲမှာ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေများစွာရှိနေပါသေးတယ်။ လူတစ်ယောက်ဟာ သေဆုံးပြီဆိုတာနဲ့ နှလုံးခုန်သံလည်း ရပ်သွားမှာ ဖြစ်ပါတယ်။ နှလုံးခုန်သံ မရပ်ရင်လည်း မသေဆုံး သေးဘူးလို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကတော့ သေဆုံးပြီးနောက်မှာ နှလုံးဆက်လက် ခုန်နေ ခဲ့ပါသေးတယ်။

၁၉၃၈ခုနှစ် အောက်တိုဘာလ ၃၁ ရက် နေ့မှာ သေဒါဏ်ကျခံရမယ့် တရားခံ John Deering ဟာ သူ့ရဲ့နောက်ဆုံးစီးကရက်ကို သောက်ပြီး လွှတ်ချခဲ့တယ်။ အပြစ်ပေးခံရမယ့် ခုံမှာ ထိုင်လိုက်ပါတယ်။ အကျဉ်းထောင်အရာရှိက Derring ရဲ့ခေါင်းကို ခေါင်းစွပ်အနက်နဲ့ ဖုံးအုပ်စေခဲ့တယ်။ ပြီးတဲ့နောက် Derring ရဲ့
ရင်ဘတ်ဆီကို လက်ဖြောင့်တပ်သား ၅ ယောက်ရဲ့ သေနတ်တွေနဲ့ ချိန်ရွယ်ထားစေခဲ့တယ်။ သေနတ်နဲ့ပစ်သတ်ခံရမယ့် သေဒါဏ်ပါ။

2_ayesay 

နှလုံးခုန်စက်ရဲ့တိုင်းတာမှုအရ အဲဒီအချိန်မှာ Derring ရဲ့ နှလုံးခုန်သံဟာ ၁မိနစ်ကို ၁၂၀ နှုန်းနဲ့ ပြင်းထန်စွာခုန်လျှက်ရှိပါတယ်။ အရာရှိက ပစ်မိန့် ပေးလိုက်တဲ့ အချိန်မှာတော့ နှလုံးခုန်နှုန်းဟာ ၁မိနစ်ကို ၁၈၀ နှုန်းအထိ တက်သွားပါတယ်။ အဲဒီနောက်မှာတော့ ကျည်ဆံလေးတောင့်ဟာ တရားခံ ရဲ့ရင်ဘတ်တည့်တည်ကို ထိမှန်ပြီး ကုလားထိုင်ပေါ်မှာ နောက်ပြန်လဲသွားစေပါတယ်။ ကျည်တစ်တောင့်ကတော့ နှလုံးရဲ့ ညာဘက်ထောင့်ကို တိုက်ရိုက်ထိမှန်ခဲ့ပါတယ်။ ထောင်ဆရာဝန် ဒေါက်တာ Besley ရဲ့ စစ်ဆေးချက်အရ သေနတ်ပစ်ခံရပြီးချင်းမှာပဲ နှလုံးဟာ ရပ်သွားခဲ့ပြီ လို့ ဆိုပါတယ်။ နှလုံးနဲ့ ရင်ဘတ်ကို ပြင်းထန်စွာပျက်စီးစေခဲ့တဲ့အပြင် အသက် ရှုမှုလည်း လုံးဝမရှိတော့တာကြောင့် သေပြီလို့ အသိအမှတ်ပြုခဲ့ပါတယ်။

ဒါပေမယ့် ၄စက္ကန့်အကြာမှာ နှလုံးဟာ တုန့်ခနဲပြန်ခုန်လာပါတယ်။ သေနတ်ပစ်ခံရပြီး ၁၅.၄ စက္ကန်ကြာတဲ့အချိန်ထိ ပုံမှန်လူအတိုင်း ခုန်နေခဲ့ပါသေးတယ်။ အဲဒီနောက် မှာတော့ နှလုံးဟာ လုံးဝရပ်သွားပါတော့တယ်။ နောက်တစ်နေ့ ဒေါက်တာ Besley က သတင်းစာကို “တရားခံဟာ အမြင်မှာတော့ သေရမှာကို မထီမဲ့မြင်လုပ်နေပေမယ့် ၊ တကယ်တမ်းတော့ သူအလွန်ကြောက်နေကြောင်း နှလုံးခုန်စက်က ပြနေပါတယ် ၊ သူ့ရဲ့အကြောက်တရားကြောင့် သေပြီးတာတောင် နှလုံးဟာဆက်ခုန်နေတာပါ” လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ  တိကျတဲ့ အဖြေတော့မဟုတ်ခဲ့ပါဘူး။

No comments:

Subscribe

လာလည်သူများ

free counters