♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 24, 2016

" ရတနာပစ္စည်း ပေါင် ၇ သန်းဖိုးကို မိုနိုပိုလီပိုက်ဆံနဲ့ လိမ်လည်ဝယ်ယူခဲ့ "

 
ပေါင် ၇ သန်းကျော်တန်တဲ့ ရတနာပစ္စည်းတွေကို ကစားစရာ ပိုက်ဆံဖြစ်တဲ့ မိုနိုပိုလီပိုက်ဆံတွေနဲ့ လိမ်ပြီး ဝယ်ယူခဲ့တဲ့ ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိပြီး ထောင်ချလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ အဖွဲ့က ပိုက်ဆံအစစ်အုပ်တွေကြားမှာ ကစားစရာပိုက်ဆံတွေကို ညှပ်ပြီး လိမ်ခဲ့တာ ဖြစ်ပါတယ်။
 
သူတို့အကြီးဆုံး လိမ်လည်ခဲ့တဲ့ အမှုကတော့ နာမည်ကြီး ရတနာကုန်သည် John Calleija ဆီက ပေါင် ၆.၁ သန်းတန်ဖိုးရှိတဲ့ ရတနာတွေကို လိမ်လည်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင် ၅ ယောက်ပါတဲ့ လူလိမ်အဖွဲ့ကို ဖမ်းဆီးရမိပြီး ပြီးခဲ့တဲ့ အပတ်က စုစုပေါင်း ထောင်ဒဏ် ၂၂ နှစ်ချမှတ်လိုက်ပါတယ်။ သူတို့အဖွဲ့က လူတစ်ယောက် ဝင်ပုန်းနေနိုင်တဲ့ မျက်လှည့်စားပွဲတစ်ခုကို သုံးပြီး ငွေအစစ်နဲ့ အတုကို လဲလှယ်ပြီး လိမ်ခဲ့ကြတာ ဖြစ်ပါတယ်။
 
Bristol Crown  တရားရုံးက တရားသူကြီး Julian Lambert က “သူတို့က အုပ်စုလိုက် ရာဇဝတ်မှု ကျူးလွန်ဖို့အတွက် အသေးစိတ်စုံစမ်းထောက်လှမ်းပြီး စေ့စေ့စပ်စပ် အကွက်ချစီစဉ်ခဲ့တာ ဖြစ်တယ်။ ဒီလို ပြစ်မှုမျိုး ကျူးလွန်ဖို့အတွက် အင်အားစိုက်ထုတ်ပြီး မရိုးသားမှုများစွာ ပါဝင်တယ်လို့ ကောက်ချက်ချကြောင်း” ပြောကြားခဲ့ပါတယ်။ လန်ဒန်က Royal Arcade လမ်းပေါ်က ရတနာဆိုင်ပိုင်ရှင် Mr.Calleija ဆီကို အဖွဲ့ခေါင်းဆောင်ဖြစ်သူ Gianni Accamo က ကျောက်မျက်ပညာရှင်တစ်ယောက် ပုံစံဟန်ဆောင်ပြီး ယူရို ၅ သန်းဖိုးရှိတဲ့ စိန်တွေကို ဝယ်လိုကြောင်း ဆက်သွယ်ပြောခဲ့ပြီး အရောင်းအဝယ်ကို Convent Garden Hotel မှာ လုပ်ခဲ့ကြတယ်။
 
Mr Calleija နဲ့ သူ့ဘော်ဒီဂတ်တစ်ယောက်က စုစုပေါင်း ယူရို ၇.၇ သန်းတန်တဲ့ ယူရို ၅၀၀ တန် ပိုက်ဆံထုတ်တွေကို သူတို့ရဲ့ ငွေရေစက်နဲ့ ရေခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ငွေရေစက်တွေကို နောက်ပြန်လှည့်ထားတဲ့အချိန်မှာ ပိုက်ဆံ အတုနဲ့ အစစ်တွေကို လဲလိုက်တာဖြစ်ပါတယ်။ Mr Calleija သိလိုက်တဲ့အချိန်မှာ နောက်ကျသွားပြီဖြစ်ပါတယ်။ သူတို့အဖွဲ့က ဒီလိုလိမ်လည်နည်းနဲ့ လန်ဒန်၊ ဘရစ္စတယ်၊ဝေရှိုင်းယားနဲ့ လိဒ်စ်မြို့တွေမှာလည်း လိမ်ခဲ့ပါတယ်။
 
မိုနိုပိုလီ ပိုက်ဆံတွေမှာ မိုနိုပိုလီ လို့စာလုံးကြီးတွေနဲ့ ရိုက်နှိပ်ထားပေမဲ့ အစစ်တွေနဲ့ ရောပြီး အထုတ်တွေထဲမှာ ညှပ်ထားခဲ့တာဖြစ်ပါတယ်တဲ့။
 
Ref:dailymail

No comments:

Subscribe

လာလည်သူများ

free counters