♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 24, 2016

" ဒိန်ချဉ်စားသုံးခြင်းဟာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် မိန်းမကိုယ်မှိုစွဲခြင်းရောဂါ လျော့ကျနိုင် "

 Rbb22mkcorfes5qhmtik
(၁) ကျန်းမာရေး ကောင်းမွန်စေတဲ့အချက်အလက်များ

ဒိန်ချဉ်မှာ ကယ်လ်စီယမ်ပါဝင်ခြင်းဟာ အရိုးအဆစ်တွေကို သန်မာစေပါတယ်။ ဒိန်ချဉ်ဟာ
သွေးဖိအားများခြင်းကို လျော့ကျစေနိုင်တဲ့ အစားအစာဖြစ်တယ်လို့ သုတေသီတွေက
ဆိုထားပါတယ်။ ဒိန်ချဉ်မှာ အဆီဓါတ်ပါဝင်မှုလည်း နည်းပါးတာကြောင့် အဆီချချင်သူတွေ
စားသုံးပေးသင့်ပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ ဗီတာမင်ဒီကတော့ အသားအရေတွေကို စိုပြေစေပါတယ်။


(၂) မိန်းမကိုယ်မှိုစွဲရောဂါ လျော့ကျစေခြင်း

ဒိန်ချဉ်မှာ Lactobacillus acidophilusဟာ မိန်းမကိုယ် ကျန်းမာရေးကို ကောင်းမွန်စေပြီး (Hydrogen
peroxide) ပါဝင်ခြင်းဟာ မိန်းမကိုယ်မှာရှိတဲ့ မှိုတွေကို သေစေပါတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့
ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေဟာ မိန်းမကိုယ်ထဲသို့ မှိုဝင်ခြင်းကို တားဆီးပေးပါတယ်။
မိန်းမကိုယ် ကျိန်းစပ်နာကျင်နေတဲ့အခါမှာလည်း ဒိန်ချဉ်သောက်သုံးမယ်ဆိုရင်
သက်သာစေနိုင်ပါတယ်။

ကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့အပြင် အမျိုးသမီးများအနေနဲ့ မိန်းမကိုယ်မှာ မှိုရောဂါစွဲကပ်ခြင်းကိုပါ လျော့ကျစေနိုင်တဲ့
ဒိန်ချဉ်ကို ပုံမှန်စားသုံးပေးသင့်ပါတယ်။



Ref: yogurt for yeast infection , yourts benefit

ဖြိုးပြည့် 

Credit : http://www.momolay.com/p/20888/text
 

No comments:

Subscribe

လာလည်သူများ

free counters