♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 23, 2016

" Selfie ဝါသနာအိုးများ အထူးသတိ "


စမတ်ဖုန်းဆီက ဖြာထွက်တဲ့ အလင်း၊ ရောင်ခြည်တွေနဲ့ မျက်နှာ အမြဲထိတွေ့ခြင်းက အသားရေကို ထိခိုက်ပျက်စီးစေနိုင်ပြီး အိုမင်းရင့်ရော်မှု လျင်မြန်စေကာ အသားရေတွန့်တွမှု ပိုဖြစ်စေကြောင်း အရေပြားရောဂါအထူးကုဆရာဝန်တွေက သတိပေးထားပါတယ်။

သင့်မျက်နှာ ဘယ်ဘက်ခြမ်း ပိုပျက်စီးလဲ ကြည့်လိုက်ရုံဖြင့် ဖုန်းကို ဘယ်ဘက်လက်ဖြင့် ကိုင်လေ့ရှိလဲဆိုတာ ဆရာဝန်တွေ ပြောနိုင်ကြတယ်လို့ ဆိုပါတယ်။ Selfie တအားရိုက်သူတွေ၊ ဘလော့ဂါတွေအနေဖြင့် သတိထား စိုးရိမ်သင့်ပါတယ်။ ဖန်သားပြင်ကလာတဲ့ အပြာရောင်အလင်းတန်းကတောင် ကျွန်ုပ်တို့အရေပြားကို ထိခိုက်နိုင်တယ်လို့ UK ရှိ Linia Skin Clinic ဆေးကုသမှုဆိုင်ရာ ဒါရိုက်တာ Simon Zoakei က ဆိုပါတယ်။

မိုဘိုင်းလ်ဖုန်းဆီကဖြာထွက်တဲ့ လျှပ်စစ်သံလိုက်ရောင်ခြည်က DNA ကို ထိခိုက်စေပြီး အရေပြား ရင့်ရော်စေတာ ကျွမ်းကျင်ပညာရှင်တွေ သတိပြုမိကြပါတယ်။ လျှပ်စစ်သံလိုက်ရောင်ခြည်က အရေပြား သူ့ဘာသာသူ ပြုပြင်ပေးခြင်းကို ဟန့်တားစေတဲ့ DNA ပျက်စီးမှု ဖြစ်ပွားစေနိုင်ပြီး နောက်ဆုံးမှာ အရေပြားတွန့်တွမှု ပိုမိုဖြစ်ပွားစေကြောင်း Telegrah မှ ဖော်ပြထားခဲ့ပါတယ်။

မျက်နှာတစ်ဖက်ခြမ်းမှာ အမျိုးအမည် သတ်မှတ်လို့မရတဲ့ မွဲခြောက်ခြောက်အသားရောင် စတင်မြင်တွေ့တယ်လို့
အမေရိကနိုင်ငံရှိ Obagi Skin heath Institute တည်ထောင်သူ ZEin Obagi က ပြောဆိုခဲ့ပါတယ်။ ကျွန်ုပ်တို့မှာ ကာကွယ်မယ့်နည်းလမ်းတစ်ခု တီထွင်ဖို့ လိုအပ်တယ်။ အလင်းမှာ အရေပြား အဲဒီလိုဖြစ်စေတဲ့ သံလိုက်လိုဟာမျိုးတွေ ပါဝင်တယ်။ ဒီသံလိုက်စက်ကွင်းက အရေပြားထဲက သတ္တုဓာတ်တွေ ပြောင်းလဲပေးတယ်။ ဒါကို နေပူခံလိမ်းဆေးလည်း ကာကွယ်ပေးမှာ မဟုတ်ဘူးလို့ Obagi က ပြောဆိုခဲ့ပါတယ်။

TrendMyanmar
Credit : http://www.searchmyanmar.com/link/comment/cid/58641/domain/trend.com.mm

No comments:

Subscribe

လာလည်သူများ

free counters