♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 24, 2016

" Snake Boy လို့ နာမည်ပြောင်း အခေါ်ခံရတဲ့ အိန္ဒိယလူငယ် "

 Ewxfvcbf96vmgppuigty
အသက် ၁၃ နှစ်အရွယ် အိန္ဒိယလူငယ်လေး Aditya Kumar Jangum ဖြစ်ပါတယ်။ သူဟာ Maharashtra ပြည်နယ်၊ ဆိပ်ကမ်းမြို့ Ratnagiri နားမှာ နေထိုင်သူဖြစ်ပြီး ခန္ဓာကိုယ်ကို မြွေလိမ်မြွေကောက် အမျိုးမျိုးပြောင်းလဲနိုင်တဲ့ သူ့ရဲ့ ကျွမ်းကျင်မှုကြောင့် ဇာတိမှာ နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။
-
သူဟာ ဒီလိုဖြစ်လာဖို့ အချိန် ရှစ်နှစ်အထိ သင်ယူလေ့ကျင့်ခဲ့ရပြီး ဖခင်နဲ့ သူငယ်ချင်းတွေရဲ့ အံ့အားသင့်မှုကို ခံခဲ့ရပေမဲ့ မကျေနပ်နိုင်သေးဘဲ သူ့နာမည်ကို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းမှာ ရေးထိုးခံရဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။
-
သူ့ကို ဒီလိုမျိုးဖြစ်လာဖို့ လေ့ကျင့်သင်တန်းပေးခဲ့တဲ့ နည်းပြ Kopler ဟာ ကလေးတွေကို နှစ်အတန်ကြာ
သင်ကြားပေးနေသူတစ်ဦး ဖြစ်ပြီး သူ့တပည့်တွေကိုလည်း ခန္ဓာကိုယ် ကွေးကောက်နိုင်မှုစွမ်းရည်နဲ့ ကမ္ဘာကျော်အဆင့်အထိ ဖြစ်လာစေချင်နေတာကြောင့် Aditya တစ်ယောက် ဆရာကို ကျေးဇူးဆပ်နိုင်တော့မှာ ဖြစ်ပါတယ်။
-
Ref: People’s Daily, China
ကျော်ကျော် (မိုမိုလေး)

Vhh3gcqeixczijcv6n3y

Iqwac53luoztk68hgumu

Wbuezfmyuz10pkvywoij


Credit : http://www.momolay.com/p/20869/text

No comments:

Subscribe

လာလည်သူများ

free counters