♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 21, 2016

" မြေကြီးမစားရ မနေနိုင်သူများ "

 
မြေကြီးစားတဲ့ အကျင့်က ထူးဆန်းစွာနဲ့ ကမ္ဘာ့အစိတ်အပိုင်းအချို့မှာ ရှိနေပြီး မူမမှန်တဲ့စားခြင်းလို့ သတ်မှတ်တဲ့သူတွေရှိသလို လှိုက်လှိုက်လှဲလှဲကို အားပေးတဲ့သူတွေလည်း ရှိပါတယ်။ ဘာကြောင့် လူတွေက ညစ်ပတ်ပါတယ်ဆိုတဲ့ မြေကြီးကို စားလိုကြပါသလဲ။

အမေရိကန်နိုင်ငံ ကော်နဲတက္ကသိုလ်က မြေကြီးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Sera Young ကမြေကြီးစားတဲ့အကျင့်က ကမ္ဘာတစ်ဝန်းမှာ ရှည်လျားတဲ့ သမိုင်းချီပြီး ရှိလာခဲ့ပါတယ်လို့ ဆိုပါတယ်။Young က ဒီအပြုအမူနဲ့ ပတ်သက်ပြီး လေ့လာခဲ့တာ ဆယ်စုနှစ်နှစ်ခုကျော်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းက အလားတူ ဖြစ်ရပ်ပေါင်း ၅၀၀ ကျော်ကို အသေးစိတ်သုတေသနပြု လေ့လာနေသူတစ်ဦး ဖြစ်ပါတယ်။ မြေကြီးစားတဲ့ အလေ့ကို တွေ့ရှိရအများဆုံးနိုင်ငံတွေကတော့ အာဂျင်တီးနား၊ အီရန်နဲ့ နမီးဘီးယားတို့ပဲ ဖြစ်ပါတယ်။ အပူပိုင်းဒေသမှာ တွေ့ရများသလို မြေကြီးစားတဲ့သူတွေထဲမှာ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေက အဓိကပဲ ဖြစ်ပါတယ်။

ဒီလို စားစရာမဟုတ်တဲ့ အရာကို ချဉ်ခြင်းတပ်တာက တော်တော်များများ ဖြစ်လေ့ရှိပြီး မျက်စိအောက်မှာတင် ဖြစ်နေတာတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။Young က နယူးရော့ခ်မြို့က နာမည်ကြီး အော်ပရာအဆိုတော်တစ်ယောက်ရဲ့ လျှို့ဝှက်ချက်က
ကိုယ်ဝန်ဆောင်ချိန်တုန်းက မြေကြီးစားချင်စိတ်ဖြစ်တယ်လို့ ကြားဖူးကြောင်း ပြောပြခဲ့ပါတယ်။ တန်ဇန်းနီးယားနိုင်ငံက ရွာတစ်ရွာမှာ သုတေသနလုပ်ခဲ့စဉ်က သွေးအားနည်း ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကို ဘာကိုချဉ်ခြင်းတပ်ပါသလဲလို့ မေးတဲ့အခါ အိမ်ရဲ့နံရံပေါ်က မြေကြီးတွေကို စားလိုစိတ်ဖြစ်ပြီး တစ်နေ့နှစ်ကြိမ် စားလေ့ရှိတယ်လို့ ဆိုပါတယ်။

အနောက်တိုင်းဆေးပညာအရ မြေကြီးစားတယ်ဆိုတာ ဖန်တွေ ကော်တွေစတဲ့ အန္တရာယ်ရှိတဲ့ အရာတွေကို စားသလိုပဲ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တစ်ခုလို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ကင်မရွန်းနဲ့ ကင်ညာနိုင်ငံတွေမှာတော့ မြေကြီးစားတဲ့အကျင့်က မလုပ်အပ်တဲ့ အကျင့်လို့ သတ်မှတ်ထားပုံမရပါဘူး။ ငရုတ်ကောင်းတို့ ဖာလာစေ့တို့ထည့်ထားတဲ့ ကြိုက်ရာအရသာ ရွေးဝယ်လို့ရတဲ့ မြေကြီးအထုတ်လေးတွေကိုတောင် စားဖို့အတွက် ဝယ်လို့ရပါတယ်။ အာဖရိက ကုန်ခြောက်စတိုးဆိုင်တိုင်းမှာလည်း စားဖို့အတွက် ရွှံ့ထုတ်လေးတွေကို ရောင်းချလေ့ရှိပါတယ်။

မြေကြီးစားတဲ့သူတိုင်းမှာ အကြောင်းပြချက်တွေတော့ ရှိမှာပါ။ အရှင်းဆုံး အကြောင်းပြချက်တစ်ခု ကတော့ ပျို့အန်ချင်တာနဲ့ အစာအိမ်နာတာကို ကုသဖို့လို့ ဆိုကြပါတယ်။ရွှံ့က အစာအိမ်ဆေးတစ်မျိုးလိုပဲ နာကျင်တာကို သက်သာစေတယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ရဲ့ အသေးစိတ်အကြောင်းအရာအားလုံးကို နားလည်နိုင်ဖို့နဲ့ မြေကြီးစားတာက ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးလား၊ဆိုးကျိုးဖြစ်စေလား၊ ဒါမှမဟုတ် ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးလားဆိုတာကို သိနိုင်ဖို့အတွက် သုတေသီတွေက ဇီဝဆေးပညာအရရော ယဉ်ကျေးမှုဆိုင်ရာ အချက်အလက်တွေအရရော စမ်းသပ်လေ့လာမှုတွေ ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။

Credit :  ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar

No comments:

Subscribe

လာလည်သူများ

free counters