♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 8, 2016

" ကမ္ဘာကို ကြီးစိုးလာသော တောင်ကိုရီးယား “K-beauty” အလှကုန်များ "

 
  ကမ္ဘာ့အမျိုးသမီးများထဲတွင် တောင်ကိုရီးယား အမျိုးသမီးတို့သည် အလှကုန် အတွက် ငွေအသုံးဆုံးဖြစ်၏။ ခရုအညစ်အကြေး
ဆီနဲ့ လုပ်ထားသည့် ကိုရီးယား မျက်နှာလိမ်းခရင်မ် မကြားဖူးဘူး ဆိုပါက စာဖတ်သူသည် ခေတ်နောက်ကျနေပြီ။ စာဖတ်သူ
သည် အမျိုးသမီးတစ်ဦး ဆိုပါက တစ်ပတ်တစ်ခါ ဖြစ်ဖြစ်၊ နှစ်ပတ်တစ်ခါလောက် ဖြစ်ဖြစ် ကိုရီးယားက လာသည့် ပင်လယ်ရေ
ညှိ မျက်နှာပေါင်းတင်ချပ်နဲ့ အိမ်မှာ ကိုယ့်ဖာသာ ပေါင်းမတင်ဖူးပါကလည်း အမျိုးသမီးများကြားမှာ ခေတ်နောက်ကျသော အမျိုး
သမီး ဖြစ်နေနိုင်သည်။ ကမ္ဘာ့ဈေးကွက်ထဲ တိုးဝင်လာသည့် ကိုရီးယား အလှကုန်များထဲတွင် အထက်ပါ အလှကုန်နှစ်မျိုးသည် တပ်ဦးက ချီတက်လာနေသည်။
          တောင်ကိုရီးယားသူ တောင်ကိုရီးယားသား တို့သည် အလှကုန်ကို စုံမက်ရာတွင် ထိပ်ဆုံး၌ ရှိသူများလည်း ဖြစ်သည်။
 တောင်ကိုရီးယားသူ တစ်ဦးသည် အမေရိကန်သူ တစ်ဦးထက် အလှကုန် အတွက် ငွေနှစ်ဆလောက် ပိုသုံးနေကြသည်။
 တောင်ကိုရီးယားသား များသည်လည်း ကမ္ဘာ့အမျိုးသားများထဲတွင် အလှကုန် အတွက် ငွေအသုံးဆုံးသူများ အဖြစ် စံချိန်တင်
နေသည်။
          အလှကုန် စုံမက်သူများ ဖြစ်သည်နှင့်အညီ အလှကုန်လုပ်ငန်း၊ အသားအရေ ထိန်းသိမ်းရေးပစ္စည်း လုပ်ငန်း သုတေသန
နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကလည်း တောင်ကိုရီးယားမှာ အလွန်အားကောင်း ဖွံ့ဖြိုးသည်။ တောင်ကိုရီးယား အလှကုန် ပို့ကုန်
လုပ်ငန်းကလည်း တစ်နှစ်ပြီး တစ်နှစ် တိုးသထက် တိုးလာသည်။
          ၂၀၁၅ ခုနှစ်တွင် အလှကုန်ပို့ကုန် တန်ဖိုး ဒေါ်လာသန်း (၂၆၄၀) ဖိုးထိ ရှိသည်။ ၂၀၁၂တုန်းက ဒေါ်လာသန်းတစ်
ထောင်ဖိုး၊ ၂၀၁၄ တုန်းက ဒေါ်လာသန်း (၁၉၁၀) ဖိုးရှိခဲ့သည်။ တောင်ကိုရီးယား အလှကုန်များကို နိုင်ငံတကာ ဈေးကွက်တွင် “K-beauty” ဟု လူသိများသည်။
           ကေပေါ့ အဆိုတော် အဖွဲ့များကို ခေါ်ဝေါ်သည့် နာမည်နှင့် ခပ်ဆင်ဆင် ဖြစ်သည်။ တောင်ကိုရီးယားသည်အမေရိကန်
သို့ အလှကုန် အများဆုံး တင်ပို့နေရသည်။ အမေရိကန်တွင် နေထိုင်သည့် ကိုရီးယား နွယ်ဖွားများက အမေရိကန်မြေတွင် ကိုရီး
ယား အလှကုန် ဖြန့်ချိသည့် လုပ်ငန်းများ အဓိက လုပ်ကိုင်နေကြသည်။

အရှေ့အနောက် အားပြိုင်မှု
          နယူးယောက်မြို့ ကိုရီးယားတန်း (တရုတ်တန်းကဲ့သို့) ထဲက ကိုရီးယား အလှပြင်ဆိုင်ကို အတူဖွင့်လှစ်ထားကြသည့် အသက် (၃၄) နှစ် အရွယ် ခရစ္စတင်းချန်နှင့် အသက် (၃၅) နှစ် အရွယ် ဆာရာလီ တို့သည် အမေရိကန်မြေတွင် ကိုရီးယား အလှကုန်များ ကျယ်ပြန့်လာစေသူများထဲ၌ ပါဝင်သည်။
          အလှပြင်ဆိုင် ဧည့်ခန်းထဲတွင် မစ္စလီသည် အဖြူရောင် ကြည်ကြည် နုနု မှိုတစ်မျိုး၏ပုံကို ကိုင်ကာ ထိုမှိုသည် အသား
အရေကို စိုပြေစေနိုင်စွမ်းရှိပုံကို ရှင်းပြနေသည်။ မစ္စလီ ရှင်းပြနေသည်များကို အလှအပရေးရာ မဂ္ဂဇင်းများမှ အယ်ဒီတာများ၊ သတင်းသမားများက စိတ်ဝင်တစား နားထောင်ကာ မှတ်စုတွေ လိုက်ရေးနေသည်။
            မစ္စလီနှင့် မစ္စချန်တို့သည် အမေရိကန်ကပြား ကိုရီးယားနွယ်ဖွားများ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကသူတို့နှစ်ဦး

သည် တောင်ကိုရီးယားတွင် L'Oreal အလှကုန် လုပ်ငန်း၌ လုပ်ကိုင်ခဲ့ကြသူများ ဖြစ်သည်။ ၂၀၁၄ ရောက်ချိန်တွင် သူတို့သိ
ထားသည့် အနောက်တိုင်း အလှကုန်များ အကြောင်းနှင့် ကိုရီးယား အလှကုန်များ အကြောင်းကို ပေါင်းစပ်ပြီး အမေရိကန်တွင် Glow Recipe အလှကုန် လုပ်ငန်းကို ထူထောင်ခဲ့သည်။ တောင်ကိုရီးယား အလှကုန်များကို အမေရိကန်သို့ တင်သွင်းရောင်း
ချခြင်း ဖြစ်သည်။ သူတို့ဝဘ်ဆိုက်တွင် အလှကုန် အမျိုး (၁၅၀) လောက်ထိ တင်ရောင်းလျက်ရှိသည်။
          အသားအရေ ထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး အနောက်တိုင်းနှင့် တောင်ကိုရီးယားနည်းနာ ကွာခြားချက်များလည်း ရှိသည်။ ဥပမာအားဖြင့် အနောက်တိုင်းတွင် မျက်နှာအသားအရေ အတွက် ကလင်နာ၊ တိုနာနှင့် မွိုက်ချာရွိုက်ဇာ သုံးဆင့်သာ အဓိက အသုံးပြုကြသော်လည်း ကိုရီးယားတွင်ကား အဆင့် (၁၀) ဆင့်ထိ ရှိသည်။ အက်ဆန့်ရည် သုံးရတာ၊  Sheet Mask သုံးရတာတွေပါ ပါသေးသည်။
          ကိုရီးယား၏ (၁၀) ဆင့်နည်းကို အမေရိကန် အမျိုးသမီးများ စမ်းကြည့်ပြီး သဘောကျကြသော်လည်း အများစုကြီးမှာ ဆယ်ဆင့်လုံး လုပ်နေနိုင်လောက်အောင် အချိန်မရသဖြင့် အတော်များများသည် မိမိတို့ လိုချင်သော အဆင့်ကိုသာပိုင်းပြီး လုပ်ကြကြောင်းလည်း Refinery-29.com အလှအပရေးရာ ၀ဘ်ဆိုက် အယ်ဒီတာ မီဂန်မက်အင်တီယာက ဆိုသည်။
          ''ဆယ်ဆင့်လုံး အပြည့် နေ့တိုင်း လုပ်နေရတာ ကုန်ကျစရိတ်လည်း များတယ်။ အချိန်လည်း ပေးရတယ်။ ဒါကြောင့် အမေရိကန် အမျိုးသမီး တော်တ်ာများများ ကတော့ ညဘက် Sheet Mask ကပ်တာမျိုး ၊ အက်ဆန့် သုံးတာမျိုး စသဖြင့် ကိုယ်နဲ့သင့်တော်တဲ့ အဆင့်လေးတွေ ရွေးထုတ်ပြီး လုပ်ကြတာ များတယ်'' ဟု ဆိုသည်။
          ကိုရီးယား အလှကုန်တိုင်း ရောင်းစွံသည်တော့လည်း မဟုတ်။ နယူးယောက်မြို့က Peach and Lilyအလှကုန်
ဆိုင်ရှင် ကိုရီးယားနွယ်ဖွား အလီစီယာယွန်းသည် ကိုရီးယား အလှကုန်များချည်း တင်သွင်း ရောင်းချနေသူ ဖြစ်သည်။
 ထောင်ချီပြီး ရှိနေသော အလှကုန်များထဲကနေ အကောင်းဆုံးနဲ့ ဈေးအသင့်ဆုံး ဆိုတာများကို ရွေးချယ် တင်သွင်းကြောင်း မစ္စယွန်းက ပြောသည်။
          ''တော်တော်ကို ရွေးရပါတယ်။ တင်သွင်းဖို့ ကနဦး ရွေးထားတဲ့ထဲကမှ (၅) ရာခိုင်နှုန်းသော အလှကုန် အမှတ် တံဆိပ်တွေကိုသာ တကယ်တင်သွင်း ဖြစ်ပါတယ်'' ဟု မစ္စယွန်းက ဆိုသည်။
          မစ္စယွန်းသည် ထောင်ချီသော ကိုရီးယား အလှကုန်များထဲမှ အမှတ်တံဆိပ် (၅၀) ခန့်ကိုသာ ရွေးချယ်တင်သွင်းသည်။ ထိုအလှကုန် လုပ်ငန်းများ၏ တောင်ကိုရီးယားရှိ ကုမ္ပဏီနှင့် သုတေသန ဌာနကိုလည်း ကိုယ်တိုင် သွားရောက် လေ့လာကာ ယုံကြည့် စိတ်ချရမှု ရှိမရှိ လေ့လာရသေးကြောင်း မစ္စယွန်းက ပြောသည်။
          အသက် (၃၃) နှစ် အရွယ် မစ္စယွန်းသည် ယခင်က ငွေကြေးလုပ်ငန်း တစ်ခုတွင် လုပ်ကိုင်သူဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်က ထိုအလုပ်မှ ထွက်ကာ ယခု အလှကုန်လုပ်ငန်းကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ ယခုလုပ်ငန်းတွင် ပျော်ရွှင်ရသလို၊ တိုးတက်မှုနှုန်းလည်း မြန်ဆန်သဖြင့် အလုပ်ဟောင်းကို ပြန်လွမ်းမိတာမျိုး တစ်ချက်မှ မရှိဟု မစ္စယွန်းက ပြောသည်။

Ref: The rise of South Korean skin products By Golda Arthur (BBC)
Credit : http://www.messengernewsjournal.com/news/Health/detail.php?id=50638

No comments:

Subscribe

လာလည်သူများ

free counters