♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 10, 2016

" အဆစ်ရောင်ရောဂါကြောင့် ဒူးနာသူများ ဒူးအစားထိုးခွဲစိတ်ကုသခြင်းက သိသာစွာသက်သာစေနိုင် "

 
အရိုးအဆစ်ရောင်ရောဂါနှင့် အဆစ်မြစ်ရောင်ရောဂါ RA ရှိသူများတွင် ဒူးအစားထိုးခွဲစိတ်ကုသခြင်းက ဒူးနာခြင်းကို သိသာစွာသက်သာစေပြီး ခြေထောက်လှုပ်ရှားမှု ပိုမိုကောင်းမွန်စေကာ လူနာ၏ဘ၀ အရည်အသွေးကိုတိုးတက်စေသည်ဟု သုတေသနသစ်တစ်ခုတွင် ဖော်ပြသည်။ ခွဲစိတ်ကုသခြင်းက လူနာငယ်ရွယ်စဉ် အချိန် (သို့) အဆစ်ရောင်ခြင်း မဖြစ်မီ အချိန်ကကဲ့သို့ ပြန်လည်ကောင်းမွန်ရန် မတတ်နိုင်သော်လည်း လူနာအား ရောဂါနုစဉ်ကကဲ့သို့ အခြေအနေမျိုး ပြန်လည်ရရှိရန် အချိန်ယန္တရားတစ်ခုသဖွယ် စွမ်းဆောင်နိုင်သည်ဟု သုတေသနပညာရှင်များက ဆိုသည်။ ထိုလေ့လာမှုတွင် ဒူးအရွတ်စုတ်ပြဲခြင်းကြောင့် အများဆုံးဖြစ်တတ်သည့် အရိုးဆစ်ရောင်ရောဂါသည် ၃၁၅ ဦးနှင့် ခုခံအားစနစ် မူမမှန်မှုကြောင့် ဖြစ်ပွားသည့် အဆစ်အမြစ်ရောင်ရောဂါသည် ၈၃၄ ဦးအား ခွဲစိတ်မှုမပြုမီ ၆ လအကြာက နာကျင်မှုအခြေအနေနှင့် ခွဲစိတ်ပြီး ၆ လကြာအခြေအနေတို့ကို လေ့လာခဲ့သည်။

ဒူးအစားထိုးခွဲစိတ်မှုမှာ ကမ္ဘာပေါ်တွင် လူနာ၏ ဒူး၊ ခြေသလုံးနှင့်ပေါင်ရှိ ထိခိုက်ပျက်စီးနေသော အရိုးနှင့် အရွတ်များကို ဖယ်ထုတ်ကာ သတ္တု၊ ပလတ်စတစ်များဖြင့်ပြုလုပ်ထားသော အစိတ်အပိုင်းတုများဖြင့် အစားထိုးခြင်း ဖြစ်သည်။ အခြားခွဲစိတ်မှုများကဲ့သို့ပင် ဒူးအစားထိုးခွဲစိတ်ရာတွင် သွေးခဲခြင်းနှင့် ရောဂါပိုးဝင်ခြင်းအန္တရာယ်များရှိပြီး ခွဲစိတ်မှုများတွင် အဆစ်များ နေရာလွဲသွားသဖြင့် ပြန်လည်ခွဲစိတ်ရခြင်းများလည်းရှိသည်။ အိုမာဟာရှိ နီဘရက်စကာတက္ကသိုလ် ဆေးပညာ
စင်တာမှ အဆစ်ရောင်ရောဂါ သုတေသနပညာရှင် မီချတ်နှင့်အဖွဲ့က ပြုလုပ်သည့်သုတေသနတွင် လူနာအား အရိုးအ
ဆစ်ရောင်ခြင်းနှင့် အဆစ်အမြစ်ရောင်ခြင်း ကွဲပြားမှုအပေါ် သက်ရောက်မှုခြားနားခြင်းရှိ၊မရှိ လေ့လာခဲ့ကြသည်။ ဒူးအစာထိုးခွဲစိတ်မှုအား ထိုရောဂါ ၂ မျိုးလုံးအတွက် ဒူးနာခြင်းကို သက်သာစေရန် ပြုလုပ်လေ့ရှိပြီး မည်သည့်ရောဂါ
အမျိုးအစားအတွက် ပိုမိုအကျိုးရှိနိုင်သည်ကို အငြင်းပွားနေဆဲဖြစ်သည်။

ဒူးအစားထိုးကုသပုံ ဘယ်လို ဘယ်ဝါ ဘယ်ပုံ ဘယ်ကဲ့သို့ ဘယ်လိုမျိုး ဘယ်အဆင့်ရှိတယ်ဆိုတာကို သိချင်ရင် ဟောဒီက
ဗီဒီယိုလေးကို ကြည့်ရှုနိုင်ပါတယ်။ ပညာရတာပေါ့...မြင်ဘူးတယ်ရှိသွားတာပေါ့...( ရောရောသမမွှေ )


လေ့လာမှုတွင် ပါဝင်သည့် လူ နာများမှာ အသက် ၆၀ ကျော် ကိုယ်အလေးချိန်များသူများဖြစ်ပြီး ပညာအ၇ည်အချင်း
အနည်းဆုံး အထက်တန်း အောင်ပြီးသူများဖြစ်သည်။ အများစုမှာ အဆစ်ရောင်ခြင်းကို ဆယ်စုနှစ်တစ်ခုကျော် ခံစားနေရသူများ ဖြစ်သည်။ လေ့လာမှုတွင် ပါဝင်သည့် အဆစ်အမြစ်ရောင်ရောဂါသည်များမှာ ပိုမိုငယ်ရွယ်ကာ ကိုယ်အလေးချိန်နည်းပြီး ပညာအရည်အချင်း နိမ့်ကျသည့် အမျိုးသားများဖြစ်သည်။ ၎င်းတို့မှာ ခွဲစိတ်မှုမပြုခင် ၆ လအကြာ လေ့လာမှုစတင်ချိန်တွင် ဒူးနာခြင်းခံစားရမှုလည်း ပိုမိုနည်းပါးသည်။ ခွဲစိတ်ပြီးချိန်တွင် ၎င်း ၎င်းတို့၏ ဒူးနာဝေ
ဒနာသက် သာမှုနှင့် ဘ၀အရည်အသွေးတိုးတက်မှုတို့မှာ အရိုးအဆစ်ရောင်ရောဂါသည်များထက် ပိုမိုသည်ဟုဆိုသည်
youtube link က ဒီမှာပါ...
https://youtu.be/bGOspdD25Dw


 


Credit : http://www.theladiesnewsjournal.com/news/sat-2015-08-15-1424/177

No comments:

Subscribe

လာလည်သူများ

free counters