♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 8, 2016

" ခန္ဓာကိုယ် အနံ့ဆိုး ကင်းဝေးစေမယ့် လွယ်ကူသော နည်းလမ်းများ "

 
ခန္ဓာကိုယ် အနံ့ဆိုးထွက်ခြင်းက အရေပြားမှာ အခက်အတွေ့ဆုံး အချက်များထဲက တစ်ခုဖြစ်ပါတယ်။ လူတိုင်း ခန္ဓာကိုယ်အနံ့ဆိုး ထွက်နိုင်ပါတယ်။ အရေပြားကြောင့်ဖြစ်တဲ့ ဒီအနံ့အသက်ဆိုးကို မသိကျိုးကျွန်ပြုလို့ မရပါဘူး။ ဒါကို သက်သာပျောက်ကင်းစေတဲ့ နည်းလမ်းတွေရှိပါတယ်။

ရေချိုးပါ
ရေချိုးခြင်းက လူမှုရေး၊ ဓလေ့အရ လိုအပ်ပါတယ်။ ရေချိုးခြင်းကဲ့သို့ ကိုယ်နံ့ပျောက်စေတာ ဘာမှမရှိပါ။ တစ်နေ့ ရေနှစ်ကြိမ် ချိုးပေးခြင်းဖြင့် ချွေးနဲ့ အပေါ်ယံဘက်တီးရီးယားတွေ ဖယ်ရှားပေးပါတယ်။ ဘက်တီးရီးယား ပိုးသတ်ဆေး ဆပ်ပြာ သို့မဟုတ် ဆေးဖက်ဝင် ဆပ်ပြာတစ်ခုခု အသုံးပြုပါ။

အစားအသောက်ပြောင်းစားပါ
ကြက်သွန်ဖြူ၊ ကြက်သွန်နီစတဲ့ အနံ့စူးရှတဲ့ အစားအစာများက ချွေးတွေထွက်စေပြီး ခန္ဓာကိုယ်အနံ့ဆိုး ဖြစ်ပေါ်စေပါတယ်။ 'ဆာလ်ဖာ' ပါဝင်တဲ့ အသီးအရွက်များကလည်း ဖြစ်ပေါ်စေကြောင်း သိရပါတယ်။ အာဟာရဗေဒပညာရှင်နဲ့ တိုင်ပင်ပြီး အဲဒီအစားအစာများကို လျော့ချပါ။

ချိုင်းကြား သန့်ရှင်းအောင်ထားပါ
ချိုင်းကြားနေရာက ဘက်တီးရီးယား ရှင်သန်ပေါက်ဖွားရာနေရာတစ်ခု ဖြစ်ပါတယ်။ အနံ့ဆိုးမထွက်စေဖို့ ချိုင်းမွေးကို ပုံမှန်ရိတ်ပေးပါ။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းက ရေပြားပေါ် ဘက်တီးရီးယားတွေ လျင်မြန်စွာ ဖြစ်ပေါ်စေပါတယ်။

ရေဓာတ် ကောင်းစွာဖြည့်ပေးပါ
ရေက ခန္ဓာကိုယ်မှ အဆိပ်အတောက်များ တိုက်ထုတ်ပေးတဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ရေကို တစ်နေ့ ၈-၁၀ ခွက်နဲ့ အထက် သောက်ပေးပါ။

ပန်းသီးရှာလကာရည် အသုံးပြုပါ
ပန်းသီးရှာလကာရည်ကို အစွမ်းထက် ဘက်တီးရီးယား တိုက်ခိုက်နှိမ်နင်းပေးတဲ့ အရာတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။ အရေပြားရဲ့ pH level ကို မျှတအောင် ထိန်းပေးခြင်းဖြင့် ခန္ဓာကိုယ်အနံ့အသက်ဆိုးကို ဖယ်ရှားပေးပါတယ်။ ချိုင်းကြားကို ပွတ်လိမ်း၊ မိနစ်အနည်းငယ်ကြာအောင် ထားပြီးနောက် ရေဖြင့် ပြန်ဆေးချရပါမယ်။ ဒါမှမဟုတ် ပန်းသီးရှာလကာရည် (၁)ခွက်ကို ရေနွေးနဲ့ ရောပြီး အဲဒီထဲ ၅-၆ မိနစ်ကြာ နေ့တိုင်း စိမ်ပေးရပါမယ်။

ရောရောသမမွှေဘက်ကနေ ဒီအချက်လေးတွေ ထပ်ဖြည့်ပေးပါရစေ... 

ဂျိုင်းမွေး ပြောင်အောင် နုတ်ပါ ကျောက်ချဉ် လိမ်းပါ
ချိုင်း (ဂျိုင်း) မွေးကို ပြာ သို့ ထုံးနှင့် နုတ်နုတ်ပေးပါ။ ချိုင်းကြားမှာ ချိုင်းမွေးအုပ်ကြီး ထူနေရင် ကျန်းမာရေးနှင့် မညီညွတ်တဲ့အ
ပြင် ထွက်လာတဲ့ ချွေးတွေက အမွေးတွေမှာ စိုရွှဲနေတတ်ပြီး ချွေးပေါ်ချွေး ဆွတ်ထားသလိုဖြစ်နေပြီး သွားလေရာနံတတ်ပါ
တယ်။ ချိုင်းမွေးကို ဂြုတ်(ဘလိတ်ဓါး)နှင့် ရိတ်မယ်ဆိုရင် ဂျိုင်းသားတွေဟာ မဲသွားတတ်ပါတယ်။ ရှေးလူကြီးသူမတွေက
ရေမချိုးခင်အလျှင် ဂျိုင်းကို အမွေးနုတ်ပြီး ထုံးရည်ကြည်လေး ပွတ်ပွတ်ပေးဖို့ ပြောပါတယ်။ နာရီဝက် တနာရီလောက်ကြာ
တဲ့အခါ ရေသန့်စင်အောင် ဆေးကြောပစ်ရပါတယ်။  ရေးဆေးပြီးနောက် (သို့) ရေချိုးပြီးနောက် မှုန့်ညှက်နေအောင် ကြိတ်

ထားတဲ့ ကျောက်ချဉ်မှုန့်တွေကို လိမ်းပေးလိုက်ပါ။ မနက် အိပ်ယာထပြီး ကိုယ်လက်သန့်စင်ပြီးတဲ့အခါ သို့ အလုပ်မသွားမီ
ဂျိုင်းကို ဆပ်ပြာနှင့် ဆေးလိုက်ပါ။ အခြောက်သုတ်ပြီး ကျောက်ချဉ်မှုန့်လေး သုတ်ပေးလိုက်ပါ။ တနေကုန် သန့်ရှင်းပြီး အနံ့
ဆိုးတွေနှင့် ကင်းနေပါလိမ့်မယ်။ အိမ်ပြန်လာတဲ့ အခါ ကိုယ်လက်ဆေးကြောသုတ်သင်တဲ့ အချိန်မှာ တခါ ထပ်ပြီး ဆေးလိုက်
ပါ ပြန်သုတ်ထားပါ။ တရက်နှစ်ကြိမ်သာ လုပ်ရပါလိမ့်မယ်။ ချွေးဆိုးချွေးပုပ်တွေ နောက်ဆိုရင် မထွက်တော့ပါဘူး။ ဒီရှေး
ရိုးနည်းဟာ မြန်မာမိန်းကလေးတွေကို ရာစုနှစ်ပေါင်များစွာ လက်ပတ်စော်နံခြင်း (ချိုင်းချွေးစော်နံခြင်း) ကနေ ကင်းဝေးစေ
ခဲ့တဲ့နည်းလည်း ဖြစ်ပါတယ်။
ငွေကြေးတတ်နိုင်သူဆိုရင် ဘေးကင်းတဲ့ FDA ကအသိမှတ်ပြုထားတဲ့ ချွေးနံ့ပျောက်လိမ်းဆေးမွှေးတွေကို လိမ်းနိုင်ပါတယ်။

ကြက်သွန်နီ/ဖြူ ကို လိုသည်ထက် ပိုမစားနှင့်
ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကို လိုသည်ထက်ပိုစားခြင်း တနည်းအားဖြင့်ဆိုရသော် နေ့နှင့် ညထမင်းကြီး အချိန်များမှာ နေ့
တိုင်း ကြက်သွန်သုပ်စားခြင်းကလည်း ချွေးစော်နံစေပါတယ်။ ကြက်သွန်စားခြင်းက လူကျန်းမာပေမယ့် အနံ့သက်တတ်ပါ
တယ်။

ချွေးပုတ်ထုတ်ပေးပါ၊ ဝမ်းမချုပ်ပါစေနှင့်
မြန်မာ့ ဗိန္ဓောဆေးဆရာကြီးများ ဖော်ဆပ်ထားတဲ့ ချွေးပုတ်ထုတ်ဆေး၊ အပူအပုပ်ချဆေးတွေကို မှီဝဲပါ။ ချွေးထုတ်ပါ။ ချွေး
ထုတ်ခန်းရှိလျှင် ချွေးထုတ်ခန်းသွားပြီး ချွေးထုတ်တဲ့ အလေ့ကို တလတစ်ခါ ပြုလုပ်ပေးပါ။ ကိုယ်အတွင်းမှာရှိတဲ့ အပုပ်နံ့
တွေကင်းစင်လာပါလိမ့်မယ်။ ရာသီ ဓမ္မတာ မမှန်တာ ထိန်တာဆိုရင်လည်း ချွေးစောနံတတ်ပါတယ်။ သင့်တော်တဲ့ ဆေး
ဝါးမှီဝဲပေးပါ။ ဝမ်းချုပ်လွန်ခြင်းကလည်း ချွေးစော်နံစေတဲ့အပြင် လူ့ကျန်းမာရေးကို အဖက်ဖက်က ထိခိုက်စေပါတယ်။ သင့်
တော်ရာအစာ အထူးသဖြင့် အမျှင်ဓါတ်ပါတာတွေ စားပေးပါ။ ဆေးကုလားမကို အမှုန့်ကြိတ်ပြီး လက်ဘက်ရည်စွန်း တ
စွန်းခွဲစာ ရေစိမ်စိမ်ထားပြီး ထမင်းစားပြီးသည့်နောက် ချက်ချင်းသောက်ပေးပါ။ ရုံးပတီသီးစားပေးပါ။ ဝမ်းချုတ်ခြင်းကင်းဝေး
နိုင်ပါတယ်။ နှမ်းကြတ်စေ့ (ပိုက်ဆံပင်စေ့) ကိုလည်း ဟင်းစားစွန်း တစွန်းစာ ရေစိမ်ထားပြီး အစာစားပြီးသည့်နောက် ချက်
ချင်း သောက်ပေးပါ။ ချွဲသောအရာများဖြစ်သဖြင့် အစာနှင့်ရောသွားပြီး အစာဟောင်း (ချေး) အဖြစ်သို့ပြောင်းလဲသည့်အခါ
မာကျစ်မနေတော့ပဲ ပျော့ပျောင်းနေပြီး ဝမ်းသွားခြင်း လွယ်ကူစေပါလိမ့် မယ်။ ဝမ်းပုံမှန်သွားမှ ချိုင်းနံ့၊ အာပုပ်နံ့ နံစော်ခြင်း
တို့နှင့် ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

အခန့်မသင့်ရင် ဂျိုင်းချွေးနံ့လည်း ကူးစက်တတ်ပါတယ်
ဂျိုင်းချွေးစော်နံတဲ့သူ ဝတ်ထားတဲ့ အဝတ်တွေကို ဝတ်မိရင် သူများဂျိုင်းကို ပွတ်ထားတဲ့ တဘက်တွေကို  သုတ်မိရင်လည်း တခါတရံအဲ့ဒီ အနံ့ဆိုးတွေက ကူးတတ်ပါတယ်။ ကိုယ်လဲပဲ သူ့လို နံစော်တတ်လာပါတယ်။ သတိထားဖို့လိုပါတယ်။


Credit : http://www.trend.com.mm/2016/02/05/lifestyle-8770

No comments:

Subscribe

လာလည်သူများ

free counters