♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 7, 2016

ထိုင်ဝမ်တွင် ငလျင် လှုပ် ၊ အဆောက်အဦးများ ပြို ကျပြီး ၊ ၃ ဦးကွယ်လွန်











ထိုင်ဝမ်၊ ဖေဖော်ဝါရီ ၆ ။

ထိုင်ဝမ်နိုင်ငံ တောင်ပိုင်း မြို့တော် တိုင်နန်း ( Tainan) တွင် ယနေ့ (ဖေဖော်ဝါရီ ၆ ) နံနက် အစောပိုင်း ( လူအများအိပ်ပျော်နေချိန်)က အင်အား ၆. ၄ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအ၀င် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း ၊ အဆောက် အဦး အများ အပြားလည်း ပြိုကျက်စီးခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်း BBC သတင်းတွင်ဖော်ပြသည်။
နောက်ဆက်သွယ် ငလျင်များလှုပ်ခတ်လာမည်ကို လည်းဒေသခံများက စိုးရိမ်နေကြောင်း BBC သတင်းတွင်ဖော်ပြသည်။


"စက္ကန့် ၂၀- ၃၀ လောက် ပဲ ငလှုပ် သွားတာပါ။ ဒါပေမယ့် လှိုင်းကြီး တစ်ခုတက်လာသလိုပဲ ။ ခဏလေးအတွင်း မှာ အဲဒီ လှိုင်းကြီးက အဆောက်အဦး တွေကို ဖြို ချသွားတယ် ” ဟု ဒေသခံတစ်ဦးကပြောသည်။” မနက်ဖြန် တရုတ်နှစ်သစ်ကူးလေ။ လူတွေက နှစ်ကူးအတွက် ပြင်ဆင်နေကြတာပါ။ အခုတော့ အများစုက အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားကြပြီ " ဟုလည်း အခြားသောဒေသခံတစ်ဦးကပြောသည်။တာဝန်ရှိသူများကကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း၊တိုင်နန်းမြို့သည် လူသီးရေ ၂ သန်းခန့်နေထိုင်ရာမြို့ဖြစ်ကြောင်း၊ ၁၉၉၉ ခုနှစ်က ထိုင်ဝမ်အလယ်ပိုင်းတွင် အင်အား ၇. ၆ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် လူပေါင်း ၂၃၀၀ ကျော် သေဆုံးခဲ့ဖူးကြောင်း BBC သတင်းတွင်ဖော်ပြသည်။

KBZT NEWS
PHOTO - BBC-
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/

No comments:

Subscribe

လာလည်သူများ

free counters