♡♬ ေရာေရာသမေမႊ ဘေလာ့ဂ္မွ♪♪ ႀကိဳပါဆိုတယ္♪♪ မိတ္ေဆြမ်ား ကိုယ္စိတ္ႏွစ္ျဖာ ရႊင္လန္းခ်မ္းေျမ့ေတာ္မူၾကပါေစ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 10, 2016

" ရည္းစား လူလု ရင္ညႊန္႕ ကတ္ေၾကးျဖင့္ထိုးခံရ "


ေတာင္ငူျမိဳ႔နယ္ ဒိုးေသာင္းေက်းရြာရွိ မယ္ေတာ္ဘုရား ေျခရင္းတြင္ ယေန႔ ညေန ၃ နာရီခန္႔က ကြမ္းယာေရာင္းေနေသာ မ .... အား ၄င္းႏွင့္ ခ်စ္ၾကိဳက္ေနသူ ကို .... က တျခားသူႏွင့္ ခ်စ္ၾကိဳက္ရေကာင္းလားဟု တစ္ေယာက္တစ္ခြန္း စကားမ်ားျပီး ကြမ္းယာဆိုင္ရွိ ၈ လက္မခန္႔ရွိ ကတ္ေၾကးျဖင့္ ထိုးရာခဲ့ရာ မ .... ရင္ညႊန္းတြင္ ထိုးသြင္း ဒဏ္ရာ (၁) ၀ဲလက္ေမာင္းတြင္ ထိုးသြင္းဒဏ္ရာ (၄) ၀ဲနံေဘးတြင္ ထိုးသြင္းဒဏ္ရာ (၄) ေနာက္ေက်ာတြင္ ထိုးသြင္းဒဏ္ရာ (၁) ၀ဲခါးတြင္ ထိုးသြင္းဒဏ္ရာ (၂) ၀ဲေပါင္တြင္ ထိုးသြင္းဒဏ္ရာ (၄) ခ်က္ စုစုေပါင္း ဒဏ္ရာ (၁၆) ခ်က္ ရရွိခဲ့ရာ အတြင္းလူနာအျဖစ္ ေတာင္ငူေဆးရံုၾကီးသို႔ အတြင္းလူနာအျဖစ္ ပို႔ေဆာင္ထားရေၾကာင္း သိရွိရပါသည္။
တရားခံ ကို .... အား ဒိုးေသာင္းေက်းရြာသား (၅) ဦးခန္႔က ၀ိုင္း၀န္း လက္သီးျဖင့္ထိုး တုတ္ျဖင့္ရိုက္ႏွက္ရာ ၀ဲမ်က္လံုး ဖူးေရာင္ဒဏ္ရာရ ႏွာေခါင္းေသြးထြက္ဒဏ္ရာရရွိျပီး အတြင္းလူနာအျဖစ္
 ေတာင္ငူေဆးရံုၾကီးသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရွိရပါတယ္။
၄င္းတို႔ ႏွစ္ဦးစလံုး စိုးရိမ္ရသည့္ အေျခအေနမဟုတ္ေၾကာင္းလည္း သိရွိရပါသည္။
============
ေတာင္ငူျမိဳ႔မွ မိတ္ေဆြတစ္ဦး သတင္းေပးပို႔ပါသည္။
ေဖဖ၀ါရီလ ၉ ရက္ ၊ ၂၀၁၆ ခုႏွစ္
Credit Ko Sein Than,via Lwin Oo
..........
ရည်းစား လူလု ရင်ညွှန်း ကတ်ကြေးဖြင့်ထိုး

တောင်ငူမြို့နယ် ဒိုးသောင်းကျေးရွာရှိ မယ်တော်ဘုရား ခြေရင်းတွင် ယနေ့ ညနေ ၃ နာရီခန့်က ကွမ်းယာရောင်းနေသော မ .... အား ၄င်းနှင့် ချစ်ကြိုက်နေသူ ကို .... က တခြားသူနှင့် ချစ်ကြိုက်ရကောင်းလားဟု တစ်ယောက်တစ်ခွန်း စကားများပြီး ကွမ်းယာဆိုင်ရှိ ၈ လက်မခန့်ရှိ ကတ်ကြေးဖြင့် ထိုးရာခဲ့ရာ မ .... ရင်ညွှန်းတွင် ထိုးသွင်း ဒဏ်ရာ (၁) ၀ဲလက်မောင်းတွင် ထိုးသွင်းဒဏ်ရာ (၄) ၀ဲနံဘေးတွင် ထိုးသွင်းဒဏ်ရာ (၄) နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ (၁) ၀ဲခါးတွင် ထိုးသွင်းဒဏ်ရာ (၂) ၀ဲပေါင်တွင် ထိုးသွင်းဒဏ်ရာ (၄) ချက် စုစုပေါင်း ဒဏ်ရာ (၁၆) ချက် ရရှိခဲ့ရာ အတွင်းလူနာအဖြစ် တောင်ငူဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ထားရကြောင်း သိရှိရပါသည်။
တရားခံ ကို .... အား ဒိုးသောင်းကျေးရွာသား (၅) ဦးခန့်က ၀ိုင်းဝန်း လက်သီးဖြင့်ထိုး တုတ်ဖြင့်ရိုက်နှက်ရာ ၀ဲမျက်လုံး ဖူးရောင်ဒဏ်ရာရ နှာခေါင်းသွေးထွက်ဒဏ်ရာရရှိပြီး အတွင်းလူနာအဖြစ် တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သိရှိရပါတယ်။
၄င်းတို့ နှစ်ဦးစလုံး စိုးရိမ်ရသည့် အခြေအနေမဟုတ်ကြောင်းလည်း သိရှိရပါသည်။
============
တောင်ငူမြို့မှ မိတ်ဆွေတစ်ဦး သတင်းပေးပို့ပါသည်။
ဖေဖဝါရီလ ၉ ရက် ၊ ၂၀၁၆ ခုနှစ်
Credit Ko Sein Than,via Lwin Oo 
 
 
Credit : http://www.themeltingpot4u.com/2016/02/blog-post_302.html

No comments:

Subscribe

လာလည္သူမ်ား

free counters