♡♬ ေရာေရာသမေမႊ ဘေလာ့ဂ္မွ♪♪ ႀကိဳပါဆိုတယ္♪♪ မိတ္ေဆြမ်ား ကိုယ္စိတ္ႏွစ္ျဖာ ရႊင္လန္းခ်မ္းေျမ့ေတာ္မူၾကပါေစ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 11, 2016

" အမ်ိဳးသမီးတစ္ေယာက္ မွီခိုအားထားရာ ျဖစ္ဖို႔ "

Image result for woman laying her head on her man's shoulder
သင္ အမ်ိဳးသမီးတစ္ေယာက္ မွီခိုအားထားရာ ျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲ သိရင္ သင္လဲ သူမကို မွီခိုအားထားဖို႔ ဘယ္ေလာက္လိုလဲ သိလာပါလိမ့္မယ္။

ကြၽန္မ ေနမေကာင္းျဖစ္ရင္၊ မလံုမျခံဳ ခံစားရရင္ ကြၽန္မက ေသးငယ္ၿပီး အထိအခိုက္ မခံႏိုင္သလို ခံစားရတယ္။ အဲဒီအခ်ိန္မ်ိဳးမွာ မွီခိုခ်င္တယ္။ အျပဳအစု ခံခ်င္တယ္။ အကာအကြယ္ လိုခ်င္တယ္
အဲဒီအခ်ိန္မွာ ကြၽန္မေယာက္်ားရင္ထဲ မွီခိုေနရတာေလာက္၊ သူ ေထြးေပြ႕ထားတာ ခံရတာေလာက္ ဘာမွ စိတ္ေက်နပ္မႈ မေပးႏုိင္ပါဘူး။ သူ အဲဒီလို ေထြးေပြ႕ထားရင္ လံုျခံဳမႈကို ခံစားရၿပီး သက္သက္သာသာ ႐ွိပါတယ္။ အကုန္ အဆင္ေျပသြားတဲ့ အတိုင္းပါပဲ။

အဲဒီလို ေထြးေပြ႕ခံရၿပီးရင္ ကြၽန္မဟာ အလြန္ေတာ္ၿပီး သန္မာတဲ့ မိန္းမတစ္ဦး ျဖစ္လာတယ္။ ကေလးေတြကို ျပဳစုပ်ိဳးေထာင္ေပးမယ္။ အိမ္ကို သန္႔သန္႔႐ွင္း႐ွင္းထားမယ္။ ကြၽန္မ ကြၽမ္းက်င္တဲ့ အလုပ္ထဲမွာလဲ ယံုၾကည္မႉ ပို႐ွိလာပါတယ္။
ဘယ္ေလာက္ပဲ စိတ္ဓာတ္ခိုင္မာသူ၊ ယံုၾကည္သူျဖစ္ျဖစ္ တစ္ခါတစ္ေလမွာ ဝမ္းနည္းၿပီး ေသးငယ္ေနသလို ခံစားရပါတယ္။ ကြၽန္မတို႔ အားလံုးပါ။
အဲဒီအခ်ိန္မွာ ကြၽန္မတို႔ရဲ႕ ဖူးစာဖက္က ကြၽန္မတို႔ကို ကာကြယ္ေပးႏိုင္တဲ့ ေနရာတစ္ခု၊ စြမ္းအင္ ျပန္ၿပီး ေပးႏိုင္တဲ့ ေနရာတစ္ခုပါပဲ။
ကြၽန္မေယာက္်ားကလဲ သူလိုအပ္တဲ့အခ်ိန္က်ရင္ ကြၽန္မရင္ခြင္ထဲ ေနခ်င္တာပါပဲ။ အဲဒီလို အခ်ိန္မ်ိဳးဆို ကြၽန္မက သူ႔ကို ခ်စ္ေပးမယ္။ ၾကင္နာေပးမယ္။ သူေနမေကာင္းရင္ ျပဳစုေပးပါမယ္။ သူေၾကာက္တဲ့ အခ်ိန္က် နားေထာင္ အားေပးပါမယ္။
အဲဒီလို ေသးငယ္ၿပီး အထိအခိုက္ မခံသလို ခံစားရတာ ပံုမွန္ပါပဲ။ ကြၽန္မတို႔အားလံုးဟာ စြမ္းအားျပည့္၊ ယံုၾကည္မႈျပည့္ အျမဲ ျဖစ္မေနပါဘူး။ အဲဒီလို အထိအခိုက္ မခံတတ္တဲ့ အခ်ိန္ေတြအေၾကာင္း ထုတ္ေျပာဖို႔ကိုပဲ အားအင္ေတြ အမ်ားႀကီးလိုပါတယ္။
အဲဒါေၾကာင့္ အဲဒီလို ေၾကာက္ရြံ႔အားငယ္ေနတဲ့ အခါမ်ိဳးမွာ တင္းမထားပါနဲ႔။ သင့္ရဲ႕ ခ်စ္သူကို သင့္ကို အားေပးခြင့္ ေပးလိုက္ပါ။ ငိုခ်င္ရင္ ငိုခ်လိုက္ပါ။ ေၾကာက္စိတ္နဲ႔ ဖိအားေတြ ေပ်ာက္သြားပါလိမ့္မယ္။
သင္က အမွီခို ခံေနရတာ၊ ေပြ႕ဖက္ေပးေနရတဲ့ လူဆိုရင္ေတာ့ ဘာမွ မေျပာပဲ တင္းတင္းဖက္ထားတာက စကားလံုးေတြထက္ အဓိပၸါယ္ ပို႐ွိပါတယ္။ စကာေျပာခ်င္ရင္ ႏူးၫံ့တဲ့ စကားေလသံနဲ႔ကိုဒီမွာ ႐ွိပါတယ္။” ”
အဆင္ေျပပါတယ္” “အကုန္အဆင္ေျပသြားမွာပါဆိုတာေလးေတြ ေျပာေပးပါ။
အထိအခိုက္ မခံတာ၊ အားငယ္ေနတာကို သတၱိေမြးၿပီး ထုတ္ေျပာဖို႔ လိုပါတယ္။ မေျပာရင္၊ တင္းထားရင္ အဲဒီ အားငယ္စိတ္ေတြဟာ မသိစိတ္ တစ္ေနရာမွာ စုပံုၿပီး တစ္ေန႔မွာ ပြင့္ထြက္ကုန္ပါလိမ့္မယ္။ တစ္ေန႔ထက္တစ္ေန႔ အားငယ္စိတ္ ပိုပို ႀကီးလာပါလိမ့္မယ္။ ေနာက္ဆံုး အ႐ွိန္အဟုန္နဲ႔ ပြင့္ထြက္ ကုန္ပါလိမ့္မယ္။
ေၾကာက္ရြံအားငယ္တတ္တာ သဘာဝပါ။ သင္ တစ္ေယာက္ထဲ မဟုတ္ပါဘူး၊ လူတိုင္းပါ။ သင္က သင့္ရဲ႕ အားနည္းခ်က္ကို ထုတ္ျပလိုက္တာဟာ သင့္ခ်စ္သူကို သင့္ စိတ္ထားတစ္ခုလံုး ျမင္ေအာင္ ျပလိုက္တာပါပဲ။ သင္ဟာ သန္မာေပမယ့္ အားငယ္တတ္တယ္။ အဲဒါ လူပါပဲ။
အဲဒါေၾကာင့္ သင့္ရဲ႕ အားငယ္မႈေတြ၊ သင့္ရဲ႕ ေၾကာက္ရြံ႔မႈ မလံုျခံဳမႈ၊ အားလံုးကို ထုတ္ျပလိုက္ပါ။ သင့္ခ်စ္သူ ရင္ခြင္ထဲ မွီခိုလိုက္ပါ။ သင္ မွီခိုေလေလ၊ သင့္စြမ္းအား သင့္ဆီျပန္ေရာက္ဖို႔ ျမန္ေလေလပါပဲ။





အမျိုးသမီးတစ်ယောက် မှီခိုအားထားရာ ဖြစ်ဖို့
သင် အမျိုးသမီးတစ်ယောက် မှီခိုအားထားရာ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ သိရင် သင်လဲ သူမကို မှီခိုအားထားဖို့ ဘယ်လောက်လိုလဲ သိလာပါလိမ့်မယ်။
ကျွန်မ နေမကောင်းဖြစ်ရင်၊ မလုံမခြုံ ခံစားရရင် ကျွန်မက သေးငယ်ပြီး အထိအခိုက် မခံနိုင်သလို ခံစားရတယ်။ အဲဒီအချိန်မျိုးမှာ မှီခိုချင်တယ်။ အပြုအစု ခံချင်တယ်။ အကာအကွယ် လိုချင်တယ်
အဲဒီအချိန်မှာ ကျွန်မယောက်ျားရင်ထဲ မှီခိုနေရတာလောက်၊ သူ ထွေးပွေ့ထားတာ ခံရတာလောက် ဘာမှ စိတ်ကျေနပ်မှု မပေးနိုင်ပါဘူး။ သူ အဲဒီလို ထွေးပွေ့ထားရင် လုံခြုံမှုကို ခံစားရပြီး သက်သက်သာသာ ရှိပါတယ်။ အကုန် အဆင်ပြေသွားတဲ့ အတိုင်းပါပဲ။
အဲဒီလို ထွေးပွေ့ခံရပြီးရင် ကျွန်မဟာ အလွန်တော်ပြီး သန်မာတဲ့ မိန်းမတစ်ဦး ဖြစ်လာတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ပေးမယ်။ အိမ်ကို သန့်သန့်ရှင်းရှင်းထားမယ်။ ကျွန်မ ကျွမ်းကျင်တဲ့ အလုပ်ထဲမှာလဲ ယုံကြည်မှူ ပိုရှိလာပါတယ်။
ဘယ်လောက်ပဲ စိတ်ဓာတ်ခိုင်မာသူ၊ ယုံကြည်သူဖြစ်ဖြစ် တစ်ခါတစ်လေမှာ ဝမ်းနည်းပြီး သေးငယ်နေသလို ခံစားရပါတယ်။ ကျွန်မတို့ အားလုံးပါ။
အဲဒီအချိန်မှာ ကျွန်မတို့ရဲ့ ဖူးစာဖက်က ကျွန်မတို့ကို ကာကွယ်ပေးနိုင်တဲ့ နေရာတစ်ခု၊ စွမ်းအင် ပြန်ပြီး ပေးနိုင်တဲ့ နေရာတစ်ခုပါပဲ။
ကျွန်မယောက်ျားကလဲ သူလိုအပ်တဲ့အချိန်ကျရင် ကျွန်မရင်ခွင်ထဲ နေချင်တာပါပဲ။ အဲဒီလို အချိန်မျိုးဆို ကျွန်မက သူ့ကို ချစ်ပေးမယ်။ ကြင်နာပေးမယ်။ သူနေမကောင်းရင် ပြုစုပေးပါမယ်။ သူကြောက်တဲ့ အချိန်ကျ နားထောင် အားပေးပါမယ်။
အဲဒီလို သေးငယ်ပြီး အထိအခိုက် မခံသလို ခံစားရတာ ပုံမှန်ပါပဲ။ ကျွန်မတို့အားလုံးဟာ စွမ်းအားပြည့်၊ ယုံကြည်မှုပြည့် အမြဲ ဖြစ်မနေပါဘူး။ အဲဒီလို အထိအခိုက် မခံတတ်တဲ့ အချိန်တွေအကြောင်း ထုတ်ပြောဖို့ကိုပဲ အားအင်တွေ အများကြီးလိုပါတယ်။
အဲဒါကြောင့် အဲဒီလို ကြောက်ရွံ့အားငယ်နေတဲ့ အခါမျိုးမှာ တင်းမထားပါနဲ့။ သင့်ရဲ့ ချစ်သူကို သင့်ကို အားပေးခွင့် ပေးလိုက်ပါ။ ငိုချင်ရင် ငိုချလိုက်ပါ။ ကြောက်စိတ်နဲ့ ဖိအားတွေ ပျောက်သွားပါလိမ့်မယ်။
သင်က အမှီခို ခံနေရတာ၊ ပွေ့ဖက်ပေးနေရတဲ့ လူဆိုရင်တော့ ဘာမှ မပြောပဲ တင်းတင်းဖက်ထားတာက စကားလုံးတွေထက် အဓိပ္ပါယ် ပိုရှိပါတယ်။ စကာပြောချင်ရင် နူးညံ့တဲ့ စကားလေသံနဲ့ ” ကိုဒီမှာ ရှိပါတယ်။” ” အဆင်ပြေပါတယ်” “အကုန်အဆင်ပြေသွားမှာပါ” ဆိုတာလေးတွေ ပြောပေးပါ။
အထိအခိုက် မခံတာ၊ အားငယ်နေတာကို သတ္တိမွေးပြီး ထုတ်ပြောဖို့ လိုပါတယ်။ မပြောရင်၊ တင်းထားရင် အဲဒီ အားငယ်စိတ်တွေဟာ မသိစိတ် တစ်နေရာမှာ စုပုံပြီး တစ်နေ့မှာ ပွင့်ထွက်ကုန်ပါလိမ့်မယ်။ တစ်နေ့ထက်တစ်နေ့ အားငယ်စိတ် ပိုပို ကြီးလာပါလိမ့်မယ်။ နောက်ဆုံး အရှိန်အဟုန်နဲ့ ပွင့်ထွက် ကုန်ပါလိမ့်မယ်။
ကြောက်ရွံအားငယ်တတ်တာ သဘာဝပါ။ သင် တစ်ယောက်ထဲ မဟုတ်ပါဘူး၊ လူတိုင်းပါ။ သင်က သင့်ရဲ့ အားနည်းချက်ကို ထုတ်ပြလိုက်တာဟာ သင့်ချစ်သူကို သင့် စိတ်ထားတစ်ခုလုံး မြင်အောင် ပြလိုက်တာပါပဲ။ သင်ဟာ သန်မာပေမယ့် အားငယ်တတ်တယ်။ အဲဒါ လူပါပဲ။
အဲဒါကြောင့် သင့်ရဲ့ အားငယ်မှုတွေ၊ သင့်ရဲ့ ကြောက်ရွံ့မှု မလုံခြုံမှု၊ အားလုံးကို ထုတ်ပြလိုက်ပါ။ သင့်ချစ်သူ ရင်ခွင်ထဲ မှီခိုလိုက်ပါ။ သင် မှီခိုလေလေ၊ သင့်စွမ်းအား သင့်ဆီပြန်ရောက်ဖို့ မြန်လေလေပါပဲ။

No comments:

Subscribe

လာလည္သူမ်ား

free counters