♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 11, 2016

" ငယ်ငယ်က အကြိုက်နှစ်ဆုံးသော မြန်မာ့ ရှေးကဗျာလေးများ "

 
ဖိုးတောင်သူ့တဲ
ဂျိုးနှစ်ကောင် ထနောင်းပင်ညီနောင်က
လွမ်းအောင်ကူချွဲ၊ ပန်းတော်ဖြူ
ပင်မြက်နေဇာထူလှ ဖိုးတောင်သူ့တဲ။

ပန်းစကား
မမလေးပန်စရာ ပျိုတို့မောင် တောင်ပေါ်ရိုးက
ပန်းချိုးလို့လာ၊ အပွင့်ရယ်ဝါ အညှာမှာ မြရည်လိမ်းတယ်
ပန်းနွယ်ကစိမ်း။

ပျိုလေးတို့ငန်းဦး
ပျိုလေးတို့ငန်းဦး၊ ယုံကူးလို့ပြေး၊
ကြည့်လိုက်ကြဟေ့၊
တောခြေမှာ ရွှေယုံနက်ကယ်၊
ထိပ်ကွက်နှင့်လေး။

ပျိုလေးရက်တဲ့ ရက်ကန်းစင် 
ပျိုလေးရက်တဲ့ ရက်ကန်းစင်
ဘာဆင်လို့မေး၊ မေးပါနှင့်အေ၊
တို့တတွေချွေတာခြင်းကြောင့်၊
တင်းတိမ်တဲ့လေး။

ရွှေကျီး
ရွှေကျီးရယ်သာ၊ ဧည့်လာရော့သလား၊
ခန်းဝကကြို၊ ခင်လေးရွှေရင်ဖိုခိုက်၊

ကျီးညိုကနား။

ခိုဖမ်းလို့ပေး
လူကလေးရယ်ငို၊ ခိုဖမ်းလို့ပေး၊
ခိုဖြူခိုပြာနက်ကယ်၊ ဖမ်းခက်လှသေး။

တောင်တောရယ်သာ
တောင်တောရယ်သာ၊ မာလာကငုံဖူး
တပင်ကို နှစ်ပင် ယှက်တယ်၊
ကျေးငှက်ကမြူး။

လှေကြီးပေါ်
လှေကြီးပေါ်တဲ့ လှေငယ်တင်၊
ပဲ့စင်ကလှုပ်၊ လှိုင်းကပုတ်၊
ကျွန်ုပ်ဘယ့်နှင့် ခိုရမယ်။

တံတားဦးက ကွမ်းနုဝါ
တံတားဦးက ကွမ်းနုဝါ
ငမြာကဆေး။
ကွမ်းသီးတောင်ငူနှင့်
ကိုင်းထုံးဖြူပြည်ရှား
သာဝါးလို့ထွေး။ ( လူ ဦးမင်း)

ကွမ်းရွက်ကယ်ညှာကြွေ၊ ရေစိမ် တဲ့ဆေး။
သန်းခေါက်လှိုင်လှိုင်နဲ့။
ချိုင်လိုက်မယ် ထုံးဖြူခြောက် ကယ်၊
အာပေါက်မှထွေး။ (ဖိုးသူတော် ဦးမင်း)

လေးစားလျှက်...
      ရောရောသမမွှေ



No comments:

Subscribe

လာလည်သူများ

free counters