♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 8, 2016

" ကြောက်စရာ ပြသာဒါးရက် (သို့) Friday 13 ၁၃ သောကြာ" ( Ko Pauk )

Friday 13 ဟာ ဆိုရင် အနောက်နိုင်ငံတွေက
လူတွေသိပ်ကြောက်တဲ့
ရက် ဖြစ်ပါတယ်
နောက်ခံသမိုင်းတိတိပပမရှိသော်လည်း
၁၄ ရာစုက စလို့ ဥရောပမှာ ကြောက်မက်ဖွယ် နေ့စွဲတစ်ခု အနေနဲ့ စတင်လာခဲ့တာပါ
အခုဆိုရင် အာရှမှာပါ
ပျံနှံ့စွဲမြဲလို့လာခဲ့ပါပြ

၁၃ ဂဏန်းသီးသန့် ကြောက်ကြသူများရှိပြီး
၎င်းကို ၁၃ ကြောက်ရောဂါ
Triskaidekaphobia လို့ ခေါ်ပါတယ်
သောကြာနေ့နဲ့ပါတွဲကြောက်နေပြီ ဆိုရင်တော့
Friggatriskaidekaphobia လို့ ခေါ်ပါတယ်
ဘာလို့ကြောက်ကြသလဲ
ဘာလို့ရှောင်ကြသလဲ
?????
သမိုင်းကြောင်းတွေရှိပါတယ်

၁။ ။ခရစ်ယာန်သမိုင်းမှာ ယေရှုကို လုပ်ကြံတဲ့ သူ့တပည့် ယုဒကာရုတ် Judas Iscariot ဟာ စားပွဲနံပါတ် ၁၃ မှာထိုင်ပါတယ်

၁။ ။ဂရိဒဏ္ဏာရီမှာ ဇူးစ် အပါအဝင် ဂရိနတ်ဘုရား ဆယ်နှစ်ပါးရှိရာမှ ၁၃ ပါးမြောက် နတ်ဘုရားအဖြစ် ဇူးစ်ရဲ့သားအငယ်ဆုံး ပေါ်လာပြီး
သူ့အဖေအပါအဝင် နတ်ဘုရား ၁၂ ပါးလုံးကို Ragnarok လို့ခေါ်တဲ့ ကပ်ဆိုးတွေကျစေပြီး သတ်ပစ်ခဲ့ပါတယ်
Gamer တွေဆိုသိမှာပါ နာမည်ကျော် God of War Game ထဲက ဇာတ်ကောင် Krato ဟာ ယင်းကို အခြေခံထားတာဖြစ်ပါတယ်

၃။ ။နောက် ခရစ်ယာန်သမိုင်းမှာပဲ ယေရှုအသတ်ခံရတဲ့နေ့ဟာလည်း သောကြာနေ့ ဖြစ်လို့နေပြန်ပါတယ်

၎။ ။ရိုးရာအရသတ်မှတ်ထားတာ တစ်ခုက သေဒဏ်ပေးတဲ့ ကြိုးစင်တွေမှာ လှေကားထစ် ၁၃ ထစ် ထားရပါတယ်

၅။ ။ရှေးအတွေးတွေ မယုံဘူးဆိုပြီး ကြွေးကြော်ခဲ့တဲ့ နာဆာ ရဲ့ အပိုလို ၁၃ လွန်းပျံယာဉ်ဟာလဲ အောက်ဆီဂျင်ကန်ပေါက်ကွဲပြီး ပျက်ကျခဲ့ပါတယ်

၆။ ။၁၁၁၈ ခုနှစ် ဥရောပမှာ ဘာသာသာသနာကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Knights of Templar ဆိုတဲ့

တပ်ဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပါတယ်
ရည်ရွယ်ချက်ကောင်းပေမယ့် အင်အားကြီးလာတာကြောင့်
ပြင်သစ်ဘုရင် Philip IV ဟာ
၁၃၀၇ အောက်တိုဘာ ၁၃ ရက် သောကြာနေ့မှာ
အဲ့သည့်တပ်ဖွဲ့ဝင် ရာနဲ့ချီပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်

၇။ ။လူနာမည်က အင်္ဂလိပ်အက္ခရာ ၁၃ လုံးရှိရင် အဲ့သည့်လူဟာ မကောင်းမှုမှာ မွေ့လျော်ပြီး မကောင်းမှုနဲ့ပဲ အကျိုးပေးပါသတဲ့
ဥပမာတွေကတော့
Charles Manson
Jack the Ripper
Jeffrey Dahmer
Theodore Bandy
Albert De Salvo စတဲ့ ဥရောပက ရာဇဝင်လူဆိုးဓါးမြတွေဖြစ်ပြီး
နောက်တစ်ယောက်ကတော့ လူတိုင်းသိတဲ့
Osmar Binladin ပါ

၈။ ။၁၈၀၀ ခုနှစ်လွန်တွေမှာ
အမေရိကန်ပြည်ထောင်စုမှာ Thirteen Club ဆိုတဲ့ အဖွဲ့ရှိပါတယ်
၁၃ အစွဲကို မယုံတဲ့သူတွေပေါ့
သူတို့က ၁၃ ရက်နေ့တွေမှာတွေ့တယ်
၁၃ ယောက်အတူ dinner စားတယ်
စသဖြင့် စသဖြင့်ပေါ့လေ လုပ်ကြတာပေါ့
အဲ့သည့်အဖွဲ့မှာဆို အမေရိကန်သမ္မတ ငါးယောက်တောင် ပါဖူးပါတယ်
Benjamin Harrison
Grover Cleveland
William Mckinley
Theodore Roosevelt
Chester A. Arthur တို့ပါ
သို့သော် တိုက်ဆိုင်တာလားတော့ မသိပါဘူး
ဒီအထဲက
သမ္မတနှစ်ယောက် လုပ်ကြံခံရပါတယ်

၉။ ။နောက်ပြီး ၁၂ ဂဏန်းဟာ အလွန် ပြည့်စုံတဲ့ ဂဏန်းလို့ သတ်မှတ်ကြပါတယ်
နာရီမှာဆို ၁၂ နာရီ
လမှာဆို ၁၂ လ
ဂရိနတ် ၁၂ ပါး
ယေရှူတပည့် ၁၂ ယောက်
မိုဟာမက် Imams ၁၂ ယောက်
ရာသီခွင် ၁၂ ခု
စသဖြင့်ပေါ့လေ
အဲ့လို ပြည့်စုံနေရာက တစ်ခုတိုးပြီး
၁၃ ဖြစ်သွားတာနဲ့ အားလုံးအောက်ဆုံးကို ထိုးကျသွားတာ
တွေ့ရမှာဖြစ်ပါတယ်

၁၀။ ။လေကြောင်းသမိုင်းမှာလဲ
၁၉၇၂ အောက်တိုဘာ ၁၃ ရက် သောကြာနေ့မှာ
Uruguayan Flight571 ပျက်ကျပြီး
၂၉ ယောက် သေဆုံးပါတယ်
တရက်တည်းမှာပဲ Soviet Aeroflot ပျက်ကျပြီး လူပေါင်း ၁၇၄ ယောက် သေဆုံးခဲ့ပါတယ်

၁၁။ ။စပိန်တွေကတော့ ၁၃ နဲ့တွဲတဲ့ အဂါ င်္နေ့ကို ပိုကြောက်ပါတယ်
ဘာလို့လဲဆိုတော့ စတုတ္ထခရူးဆိတ် စစ်ပွဲကြီးဟာ
၁၂၀၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ စတင်ခဲ့ပြီး
သူတို့တွေရှုံးနိမ့်ခဲ့ကာ
တူရကီတွေရဲ့ အော်တိုမန်အင်ပါယာအောက် ကျသွားရပါတယ်

မြန်မာတွေမှာလည်း ၁၃ ဂဏန်းကို မကောင်းတဲ့နိမိတ်အဖြစ် မှတ်ယူပါတယ်
ရက်နဲ့နေ့ပေါင်းလို့ ၁၃ ရနေရင် ယင်းရက်ကို ပြသာဒါးနေ့(ဝါရမိတ္တူ)အဖြစ် သတ်မှတ်ပါတယ်
ဥပမာ- တင်္နလာနေ့ ၁၁ ရက်နေ့ဆိုပါစို့
တင်္နလာဟာ ၂ ဂဏန်းမို့ ၂ + ၁၁ = ၁၃ မို့ ထိုရက်ဟာဝါရမိတ္တူပါ

အလောင်းမင်းတရားနတ်ရွာစံခါနီးအခါက နေပြည်တော်ကို မိုးကြိုး ၁၃ ချက်ပစ်ပါတယ်။
အယူတော်မင်္ဂလာဆရာများက မကောင်းတဲ့နိမိတ်လို့ယူဆပြီး ယိုးဒယားကို စစ်မချီဖို့ တားမြစ်ခဲ့ပေမယ့် ဗေဒင်မယုံတဲ့ အလောင်းမင်းတရားဟာ စစ်ကိုသာချီခဲ့ပါတယ်။

ကျွန်တော်တို့ မြန်မာ့သမိုင်းမှာလည်း
ပုဂံမင်းတစ်ပါးဖြစ်တဲ့
ကျစွာမင်းဟာ အယူသည်းမှုတွေ ဆန့်ကျင်တဲ့သူပါ
၅၉၆ ကနေ ၆၁၂ ထိ မင်းပြုခဲ့ပါတယ်
ပိဋိကတ်သုံးပုံကို ကိုးခေါက်ပြန်ထားတဲ့ ပညာတတ်ပီပီ
အယူသည်းတာတွေကို မယုံတဲ့အနေနဲ့
သူတတည်တဲ့ဘုရားကို
ပြသာဒါးနေ့မှာ အုတ် စလုပ်
ပြသာဒါးနေ့မှာပဲ ပန္နက်ချ
ပြသာဒါးနေ့မှာပဲ အုတ်မြစ်ချ စသဖြင့်
တခုခုလုပ်တိုင်း ပြသာဒါးနေ့တွေမှာပဲ လုပ်ပါတယ်
ဒါ့ကြောင့် ပြသာဒါးဘုရား လို့တွင်ပါတယ်
တိုက်ဆိုင်တာလားတော့
မသိပါဘူး
ဘုရားမပြီးခင်မှာပဲ မင်းကြီး နတ်ရွာစံသွားရပါတယ်

ဒါတွေကတော့ ကျွန်တော်ဖတ်မိတာတွေကို ပြန်လည်တင်ဆက်လိုက်တာပါ
အပေါ်ကရေးထားတဲ့ အချက်တွေက ကောက်သင်းကောက်ဖေါ်ပြရတဲ့အတွက်
အစီအစဉ်မကျရင် ခွင့်လွှတ်ပါခင်ဗျာ
သကြီးရိုက်မရသဖြင့် ပြသာဒါး ဟုသာ သုံးထားပါသည်

credit : ကိုဆေး

မှတ်စုကြမ်း #NayAung

မှတ်စုကြမ်းမှ မျှဝေဖော်ပြသည်

အဆင်ပြေပါစေ..

Credit : http://www.maungpauk.org/2016/02/friday-13.html

No comments:

Subscribe

လာလည်သူများ

free counters