♡♬ ေရာေရာသမေမႊ ဘေလာ့ဂ္မွ♪♪ ႀကိဳပါဆိုတယ္♪♪ မိတ္ေဆြမ်ား ကိုယ္စိတ္ႏွစ္ျဖာ ရႊင္လန္းခ်မ္းေျမ့ေတာ္မူၾကပါေစ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 7, 2016

" ဥာဏ္ရည္ တိုုးတက္ေစဖိုု႕ ဘယ္လိုု ေလ့က်င့္ယူမလဲ "

ထူးခၽြန္ထက္ျမက္သူတစ္ေယာက္ျဖစ္ခ်င္ပါသလား ? ကၽြန္ေတာ္တို႔ရဲ႕ဉာဏ္ရည္ဉာဏ္ေသြးဟာ ေမြးဖြားလာရကေန အခုအခ်ိန္အထိ တသမတ္ထဲရွိေနတာ မဟုတ္ပါဘူး။ ေလ့လာသင္ယူမႈ အသစ္ေတြကို လုပ္ေဆာင္ျခင္းအားျဖင့္ ဦးေႏွာက္ရဲ႕လုပ္ငန္းေဆာင္တာေတြကို ပိုမိုေကာင္းမြန္ေစၿပီး ဉာဏ္ရည္ဉာဏ္ေသြးကို ထူးခၽြန္ထက္ျမက္လာေအာင္ ေလ့က်င့္ယူလို႔ ရပါတယ္။ သင့္ရဲ႕ဉာဏ္ရည္ကို တိုးတက္ေစၿပီး ထူးခၽြန္ထက္ျမက္လာေစမယ့္ နည္းလမ္း()ခုကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ဂီတတူရိယာတစ္ခုခု တီးမႈတ္ပါ
တူရိယာတစ္ခုခုကို တီးမႈတ္ျခင္းအားျဖင့္ သင့္ရဲ႕ ဆန္းသစ္တီထြင္ႏိုင္စြမ္း၊ က်ိဳးေၾကာင္းဆက္စပ္ေတြးေခၚႏိုင္စြမ္း၊ ဘာသာစကား၊ သခ်ၤာစြမ္းရည္နဲ႔ ၾကြက္သားငယ္ဖြံ႕ၿဖိဳးမႈတိုးကို အေထာက္အကူျဖစ္ေစပါတယ္။ ဂီတတူရီယာေတြ တီးမႈတ္ေနခ်ိန္မွာ ဦးေႏွာက္အတြင္း မွတ္ဉာဏ္ဆိုင္ရာ ဆက္သြယ္မႈအသစ္ေတြ ျဖစ္ေပၚလာတ့ဲအတြက္ အသက္အရြယ္ဘယ္ေလာက္ပဲ ႀကီးႀကီး မွတ္ဉာဏ္စြမ္းရည္၊ ျပႆနာေျဖရွင္းႏိုင္စြမ္းနဲ႔ ဦးေႏွာက္ရဲ႕ စြမ္းရည္းေတြ အျမဲတိုးတက္ေကာင္းမြန္ေနေစမွာျဖစ္ပါတယ္။
၂။ စာမ်ားမ်ားဖတ္ပါ။
၀တၳဳ၊ ေဆာင္းပါး၊ သတင္းစသျဖင့္ ဘယ္လိုစာအမ်ိဳးအစားပဲျဖစ္ျဖစ္ စာမ်ားမ်ားဖတ္လို႔ ရရွိမယ့္ အက်ိဳးေက်းဇူးကေတာ့ အတူတူပါပဲ။ စာဖတ္ျခင္းဟာ စိတ္ဖိစီးမႈကို ေလ်ာ့ပါးသက္သာေစႏိုင္သလို ဉာဏ္ရည္ဉာဏ္ေသြးကိုလည္း တိုးတက္ေစပါတယ္။ ျပႆနာေျဖရွင္းႏိုင္စြမ္းကို တိုးတက္လာေစႏိုင္ၿပီး ေန႔စဥ္ဘ၀ရဲ႕စိန္ေခၚမႈေတြကို ရင္ဆိုင္ေျဖရွင္းလာႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ အျခားသူေတြရဲ႕ခံစားခ်က္ေတြကို ေ၀မွ်ခံစားတတ္လာေစပါတယ္။ လုပ္ငန္းခြင္အတြင္းမွာလည္း အလုပ္ကို ပိုၿပီးထိထိေရာက္ေရာက္လုပ္ေဆာင္လာႏိုင္ၿပီး စီမံခန္႔ခြဲမႈစြမ္းရည္ ပိုေကာင္းလာမွာျဖစ္ပါတယ္။
၃။ ပုံမွန္ေလ့က်င့္ခန္း လုပ္ေဆာင္ပါ။
ပုံမွန္ေလ့က်င့္ခန္းလုပ္ေဆာင္တာက အျပင္းအထန္ေလ့က်င့္ခန္းေတြ လုပ္ေဆာင္တာထက္ ပိုထိေရာက္ပါတယ္။ ေလ့က်င့္ခန္းလုပ္ေဆာင္ေနခ်ိန္မွာ သင့္ရဲ႕မွတ္ဉာဏ္၊ ေလ့လာသင္ယူႏိုင္စြမ္း၊ အာ႐ုံစူးစိုက္ႏိုင္စြမ္းနဲ႔
နားလည္သေဘာေပါက္ႏိုင္စြမ္းေတြကို အေထာက္အကူျဖစ္ေစတ့ဲ ပ႐ိုတင္းဓာတ္တစ္မ်ိဳးကို ခႏၶာကိုယ္က ထုတ္လုပ္ေပးပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ဉာဏ္ရည္ဉာဏ္ေသြးကို ခူးခၽြန္ထက္ျမက္လာေစမွာျဖစ္ပါတယ္။ ကိုယ္လက္လႈပ္ရွားမႈမရွိပဲ အထိုင္မ်ားမယ္ဆိုရင္ေတာ့ ေျပာင္းျပန္သက္ေရာက္မႈျဖစ္ၿပီး ဦးေႏွာက္ရဲ႕စြမ္းရည္ေတြကို ယုတ္ေလ်ာ့သြားေစႏိုင္ပါတယ္။
၄။ ဘာသာစကားအသစ္တစ္ခု သင္ယူပါ။
ဘာသာစကားႏွစ္ခုေျပာတတ္သူေတြက တစ္ခုတည္းေျပာတတ္သူေတြထက္ ဉာဏ္စမ္းပေဟဠိေတြ ပိုေျဖႏိုင္တာကို ေလ့လာေတြ႕ရွိခ့ဲပါဆယ္။ ဒါ့ေၾကာင့္ ဉာဏ္ရည္တိုးတက္လာဖို႔အတြက္ ဉာဏ္စမ္းေတြေျဖရွင္းတာထက္ ေနာက္ထပ္ဘာသာစကား အသစ္တစ္ခုကို သင္ယူလိုက္ပါ။ ဘာသာစကားအသစ္ေတြ ေလ့လာသင္ယူျခင္းအားျဖင့္ ျပႆနာေျဖရွင္းႏိုင္စြမ္းနဲ႔ စီစဥ္ေရးဆြဲႏိုင္စြမ္းေတြလိုမ်ိဳး ေခါင္းသံုးရတဲ့စြမ္း႐ည္ေတြ ထူးခၽြန္လာမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဘာသာစကား အနည္းဆုံးႏွစ္ခုေလာက္ေျပာတတ္တာက ပတ္၀န္းက်င္ကို ခံစားသိရွိႏိုင္စြမ္းလည္း တိုးတက္လာေစႏိုင္ပါတယ္။
၅။ အထပ္ထပ္ေလ့လာသင္ယူပါ။
စာေမးပြဲနီးလာတ့ဲအခါမွာ ေက်ာင္းသားအမ်ားစုက စာေတြအားလုံးကို စုၿပံဳက်က္မွတ္ၿပီး ေျဖေလ့ရွိပါတယ္။ စာေမးပြဲမွာအဆင္ေျပသြားေပမယ့္ သိပ္မၾကာခင္မွာပဲ က်က္ထားသမွ်ေတြအားလုံး ေမ့သြားတတ္ၾကပါတယ္။ ဒီလိုပါပဲ ကၽြန္ေတာ္ေန႔စဥ္ဘ၀မွာ သင္ယူေလ့လာခ့ဲသမွ်ထဲက အခ်ိဳ႕အရာေတြကိုေမ့ေပ်ာက္သြားရာတာဟာ အထပ္ထပ္ေလ့လာမႈ မရွိလို႔ပဲ ျဖစ္ပါတယ္။ ဘာသာစကားအသစ္တစ္ကို သင္ယူျခင္းက မွတ္ဉာဏ္ကို တိုးတက္ေစႏိုင္တယ္လို႔ ဆိုခ့ဲပါတယ္။ ဒါဟာဘာေၾကာင့္လဲဆိုရင္ ဘာသာစကားအသစ္အတြက္ ေ၀ါဟာရအသစ္ေတြ၊ သဒါၵတည္ေဆာက္ပုံေတြကို ထပ္ခါထပ္ခါေလ့လာမွတ္သားေနရတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေန႔စဥ္လႈပ္ရွားသြားလာရင္းနဲ႔ ေလ့လာမွတ္သားစရာေတြကို အထပ္ထပ္ေလ့လာမွတ္သားတတ္ေအာင့္ ေလ့က်င့္ပါ။ ဒီအေလ့အက်င့္ကလည္း သင္ယူမွတ္သားထားသမွ်ေတြကို အျမဲမွတ္မိေနေစၿပီး ဉာဏ္ရည္ကိုလည္း ထက္ျမက္လာေစမွာျဖစ္ပါတယ္။
၆။ ဦးေႏွာက္ကို ေလ့က်င့္ေပးပါ။
ဆူဒိုကုေတြ၊ ဉာဏ္စမ္းေတြ၊ စကားထာေတြ၊ ကဒ္ဂိမ္းေတြ စသျဖင့္ ကစားၿပီး ဦးေႏွာက္ကိုေလ့က်င့္ေပးျခင္းက သင့္ဉာဏ္ရည္ကို တိုးတက္လာေစမွာျဖစ္ပါတယ္။ ဒီလို ဦးေႏွာက္ကို ေလ့က်င့္ေပးျခင္းအားျဖင့္ အေရးကိစၥတစ္ခုကို မတူညီတဲ့အျမင္႐ႈေထာင့္အမ်ိဳးမ်ိဳးကေန ဆင္ျခင္သုံးသပ္လာႏိုင္ၿပီး အျပဳအမူနဲ႔ စိတ္ခံစားခ်က္ေတြကို အက်ိဳးအေၾကာင္းဆက္စပ္ေတြးေခၚလာႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ စိုးရိမ္ေၾကာင့္က်မႈေတြ ေလ်ာ့ပါးသက္သာၿပီး ေလ့လာသင္ယူမႈ ျမန္ဆန္လာမွာျဖစ္ပါတယ္။
၇။ တရား႐ႈမွတ္ပါ။
တရားထိုင္ျခင္းဟာ ေအာင္ျမင္သူေတြရဲ႕အေလ့အက်င့္တစ္ခုျဖစ္လာေနပါၿပီ။ တရားထိုင္ေနခ်ိန္မွာ ကၽြန္ေတာ္တို႔႐ဲ႕ ဦးေႏွာက္လႈိင္းေတြကို ထိန္းခ်ဳပ္ထားႏိုင္ၿပီး ခံစားသက္၀င္ခ်င္တ့ဲအရာကို ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ခံစားႏိုင္မွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေစ့စပ္ညိွႏိႈင္းမႈေတြကို စြမ္းအားအျပည့္နဲ႔ လုပ္ေဆာင္ႏိုင္မွာျဖစ္သလို မိမိကိုယ္ကို ယုံၾကည္မႈနဲ႔ အျခားသူေတြကို ယုံၾကည္လာေအာင္ လုပ္ေဆာင္ႏိုင္စြမ္းေတြ ေကာင္းလာမွာျဖစ္ပါတယ္။
အခုေဖာ္ျပခဲ့တဲ့ နည္းလမ္းေတြနဲ႔ သင့္ရဲ႕ဉာဏ္ရည္ဉာဏ္ေသြးကို တိုးတက္လာေအာင္ သင္ကိုယ္တိုင္ လုပ္ေဆာင္ႏိုင္ပါတယ္။ ထူးခၽြန္ထက္ျမက္လာေအာင္ ေလ့က်င့္ျခင္းအာျဖသင့္ အားသားခ်က္ေတြကို ပိုထူးျခားလာေစၿပီး အားနည္းခ်က္ေတြကို ျပင္ဆင္တိုးတက္လာေစမွာျဖစ္ပါတယ္။



ထူးချွန်ထက်မြက်ဖို့ နည်းလမ်း (၇)ခု
ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်ချင်ပါသလား ? ကျွန်တော်တို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးဟာ မွေးဖွားလာရကနေ အခုအချိန်အထိ တသမတ်ထဲရှိနေတာ မဟုတ်ပါဘူး။ လေ့လာသင်ယူမှု အသစ်တွေကို လုပ်ဆောင်ခြင်းအားဖြင့် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စေပြီး ဉာဏ်ရည်ဉာဏ်သွေးကို ထူးချွန်ထက်မြက်လာအောင် လေ့ကျင့်ယူလို့ ရပါတယ်။ သင့်ရဲ့ဉာဏ်ရည်ကို တိုးတက်စေပြီး ထူးချွန်ထက်မြက်လာစေမယ့် နည်းလမ်း(၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဂီတတူရိယာတစ်ခုခု တီးမှုတ်ပါ
တူရိယာတစ်ခုခုကို တီးမှုတ်ခြင်းအားဖြင့် သင့်ရဲ့ ဆန်းသစ်တီထွင်နိုင်စွမ်း၊ ကျိုးကြောင်းဆက်စပ်တွေးခေါ်နိုင်စွမ်း၊ ဘာသာစကား၊ သင်္ချာစွမ်းရည်နဲ့ ကြွက်သားငယ်ဖွံ့ဖြိုးမှုတိုးကို အထောက်အကူဖြစ်စေပါတယ်။ ဂီတတူရီယာတွေ တီးမှုတ်နေချိန်မှာ ဦးနှောက်အတွင်း မှတ်ဉာဏ်ဆိုင်ရာ ဆက်သွယ်မှုအသစ်တွေ ဖြစ်ပေါ်လာတဲ့အတွက် အသက်အရွယ်ဘယ်လောက်ပဲ ကြီးကြီး မှတ်ဉာဏ်စွမ်းရည်၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ဦးနှောက်ရဲ့ စွမ်းရည်းတွေ အမြဲတိုးတက်ကောင်းမွန်နေစေမှာဖြစ်ပါတယ်။
၂။ စာများများဖတ်ပါ။
ဝတ္ထု၊ ဆောင်းပါး၊ သတင်းစသဖြင့် ဘယ်လိုစာအမျိုးအစားပဲဖြစ်ဖြစ် စာများများဖတ်လို့ ရရှိမယ့် အကျိုးကျေးဇူးကတော့ အတူတူပါပဲ။ စာဖတ်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်သလို ဉာဏ်ရည်ဉာဏ်သွေးကိုလည်း တိုးတက်စေပါတယ်။ ပြဿနာဖြေရှင်းနိုင်စွမ်းကို တိုးတက်လာစေနိုင်ပြီး နေ့စဉ်ဘဝရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းလာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အခြားသူတွေရဲ့ခံစားချက်တွေကို ဝေမျှခံစားတတ်လာစေပါတယ်။ လုပ်ငန်းခွင်အတွင်းမှာလည်း အလုပ်ကို ပိုပြီးထိထိရောက်ရောက်လုပ်ဆောင်လာနိုင်ပြီး စီမံခန့်ခွဲမှုစွမ်းရည် ပိုကောင်းလာမှာဖြစ်ပါတယ်။
၃။ ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ပါ။
ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်တာက အပြင်းအထန်လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာထက် ပိုထိရောက်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်နေချိန်မှာ သင့်ရဲ့မှတ်ဉာဏ်၊ လေ့လာသင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ နားလည်သဘောပေါက်နိုင်စွမ်းတွေကို အထောက်အကူဖြစ်စေတဲ့ ပရိုတင်းဓာတ်တစ်မျိုးကို ခန္ဓာကိုယ်က ထုတ်လုပ်ပေးပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးကို ခူးချွန်ထက်မြက်လာစေမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိပဲ အထိုင်များမယ်ဆိုရင်တော့ ပြောင်းပြန်သက်ရောက်မှုဖြစ်ပြီး ဦးနှောက်ရဲ့စွမ်းရည်တွေကို ယုတ်လျော့သွားစေနိုင်ပါတယ်။
၄။ ဘာသာစကားအသစ်တစ်ခု သင်ယူပါ။
ဘာသာစကားနှစ်ခုပြောတတ်သူတွေက တစ်ခုတည်းပြောတတ်သူတွေထက် ဉာဏ်စမ်းပဟေဠိတွေ ပိုဖြေနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါဆယ်။ ဒါ့ကြောင့် ဉာဏ်ရည်တိုးတက်လာဖို့အတွက် ဉာဏ်စမ်းတွေဖြေရှင်းတာထက် နောက်ထပ်ဘာသာစကား အသစ်တစ်ခုကို သင်ယူလိုက်ပါ။ ဘာသာစကားအသစ်တွေ လေ့လာသင်ယူခြင်းအားဖြင့် ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ စီစဉ်ရေးဆွဲနိုင်စွမ်းတွေလိုမျိုး ခေါင်းသုံးရတဲ့စွမ်းရည်တွေ ထူးချွန်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာစကား အနည်းဆုံးနှစ်ခုလောက်ပြောတတ်တာက ပတ်ဝန်းကျင်ကို ခံစားသိရှိနိုင်စွမ်းလည်း တိုးတက်လာစေနိုင်ပါတယ်။
၅။ အထပ်ထပ်လေ့လာသင်ယူပါ။
စာမေးပွဲနီးလာတဲ့အခါမှာ ကျောင်းသားအများစုက စာတွေအားလုံးကို စုပြုံကျက်မှတ်ပြီး ဖြေလေ့ရှိပါတယ်။ စာမေးပွဲမှာအဆင်ပြေသွားပေမယ့် သိပ်မကြာခင်မှာပဲ ကျက်ထားသမျှတွေအားလုံး မေ့သွားတတ်ကြပါတယ်။ ဒီလိုပါပဲ ကျွန်တော်နေ့စဉ်ဘဝမှာ သင်ယူလေ့လာခဲ့သမျှထဲက အချို့အရာတွေကိုမေ့ပျောက်သွားရာတာဟာ အထပ်ထပ်လေ့လာမှု မရှိလို့ပဲ ဖြစ်ပါတယ်။ ဘာသာစကားအသစ်တစ်ကို သင်ယူခြင်းက မှတ်ဉာဏ်ကို တိုးတက်စေနိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုရင် ဘာသာစကားအသစ်အတွက် ဝေါဟာရအသစ်တွေ၊ သဒ္ဒါတည်ဆောက်ပုံတွေကို ထပ်ခါထပ်ခါလေ့လာမှတ်သားနေရတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်လှုပ်ရှားသွားလာရင်းနဲ့ လေ့လာမှတ်သားစရာတွေကို အထပ်ထပ်လေ့လာမှတ်သားတတ်အောင့် လေ့ကျင့်ပါ။ ဒီအလေ့အကျင့်ကလည်း သင်ယူမှတ်သားထားသမျှတွေကို အမြဲမှတ်မိနေစေပြီး ဉာဏ်ရည်ကိုလည်း ထက်မြက်လာစေမှာဖြစ်ပါတယ်။
၆။ ဦးနှောက်ကို လေ့ကျင့်ပေးပါ။
ဆူဒိုကုတွေ၊ ဉာဏ်စမ်းတွေ၊ စကားထာတွေ၊ ကဒ်ဂိမ်းတွေ စသဖြင့် ကစားပြီး ဦးနှောက်ကိုလေ့ကျင့်ပေးခြင်းက သင့်ဉာဏ်ရည်ကို တိုးတက်လာစေမှာဖြစ်ပါတယ်။ ဒီလို ဦးနှောက်ကို လေ့ကျင့်ပေးခြင်းအားဖြင့် အရေးကိစ္စတစ်ခုကို မတူညီတဲ့အမြင်ရှုထောင့်အမျိုးမျိုးကနေ ဆင်ခြင်သုံးသပ်လာနိုင်ပြီး အပြုအမူနဲ့ စိတ်ခံစားချက်တွေကို အကျိုးအကြောင်းဆက်စပ်တွေးခေါ်လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စိုးရိမ်ကြောင့်ကျမှုတွေ လျော့ပါးသက်သာပြီး လေ့လာသင်ယူမှု မြန်ဆန်လာမှာဖြစ်ပါတယ်။
၇။ တရားရှုမှတ်ပါ။
တရားထိုင်ခြင်းဟာ အောင်မြင်သူတွေရဲ့အလေ့အကျင့်တစ်ခုဖြစ်လာနေပါပြီ။ တရားထိုင်နေချိန်မှာ ကျွန်တော်တို့ရဲ့ ဦးနှောက်လှိုင်းတွေကို ထိန်းချုပ်ထားနိုင်ပြီး ခံစားသက်ဝင်ချင်တဲ့အရာကို ဘယ်အချိန်မှာပဲဖြစ်ဖြစ် ခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် စေ့စပ်ညှိနှိုင်းမှုတွေကို စွမ်းအားအပြည့်နဲ့ လုပ်ဆောင်နိုင်မှာဖြစ်သလို မိမိကိုယ်ကို ယုံကြည်မှုနဲ့ အခြားသူတွေကို ယုံကြည်လာအောင် လုပ်ဆောင်နိုင်စွမ်းတွေ ကောင်းလာမှာဖြစ်ပါတယ်။
အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေနဲ့ သင့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်လာအောင် သင်ကိုယ်တိုင် လုပ်ဆောင်နိုင်ပါတယ်။ ထူးချွန်ထက်မြက်လာအောင် လေ့ကျင့်ခြင်းအာဖြသင့် အားသားချက်တွေကို ပိုထူးခြားလာစေပြီး အားနည်းချက်တွေကို ပြင်ဆင်တိုးတက်လာစေမှာဖြစ်ပါတယ်။

No comments:

Subscribe

လာလည္သူမ်ား

free counters