♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 8, 2016

" တစ်ပတ်စာ ရယ်စရာ ဗေဒင် အစုံအလင် " ( ဟာသ )

 
တနင်္ဂနွေ
ဒီနှစ်သည် တနင်္ဂနွေ သားသမီးများအတွက် အထူးကံကောင်းသောနှစ် ဖြစ်သည်။
ခြေတစ်လှမ်း ကုဋေတစ်သန်း ဆိုသည့်အတိုင်း ခြေတစ်လှမ်းလှမ်းတိုင်း
ကုဋေတစ်သန်း ကောက်ရမည်။ စန်းအလွန်ပွင့်၍ ဆော်အရမ်းကြည်ပြီး
ဝိုင်းဝိုင်းလည်နေမည်။ သို့သော် စိုးမိုးကျော်မဟုတ်ပေ။
ရုပ်ဖြောင့်သလောက် ဆော်ကြည်မည်။
ယတြာ...အရာရာတွင်ပေါက်ပေါက်မြောက်မြောက်ရှိစေ၇န်-
ပူဖောင်းတစ်လုံးအားမျက်နှာနှင့်အပ်ပြီး.အပ်နှင့်ထိုးဖောက်ပါ..။

တနင်္လာ
တနင်္လာသားတို့အတွက် ကံကောင်းသည်ဟု ပြော၍မရသော်လည်း ကံကောင်းနေမည်။
လမ်းလျောက်လျှင် ဖိနပ်စီး၍ မိုးရွာပါက ထီးဆောင်းပါ။ အိမ်ထောင်ကျပြီး
အမျိုးသားဖြစ်ပါက မိန်းမရှိမည်။ အမျိုးသမီးဖြစ်ပါက ယောက်ျားရှိမည်။
အကျိုးပေးသော အရောင်များမှာ- နီ၊ စိမ်း၊ ၀ါ၊ ပြာ၊ မဲနယ်၊ လိမ္မော်၊ ခရမ်း၊
အနက်၊ အဖြူ၊ မီးခိုး၊ အညို တို့ဖြစ်သည်။
ယတြာ..ကိုယ့်အပေါ်မသကာင်္မှုများ၊အထင်လွဲမှုများကင်းဝေးစေရန်-လိုင်းကားတစ်စီးပေါ်တက်စီးပြီး၊ကားခမပေးပဲ
မသိချင်ယောင်ဆောင်နေပါ။

အင်္ဂါ
ကံအလွန်ကောင်းမည်။ ရေသောက်လျှင် သေးပေါက်ပြီး ရေမသောက်ပါက ရေဆာမည်။
သို့သော် ထမင်းမစားပါက ဗိုက်ဆာမည်။ ဗိုက်ဆာလာပါက ထမင်းစားပါ။ ထမင်းစားရန်ထမင်း၊ ဟင်း သို့မဟုတ် ပိုက်ဆံမရှိပါက ရေသောက်၍ ဗိုက်မှောက်အိမ်ပါ။
သို့သော် အိပ်ရန် ခေါင်းအုန်းတစ်လုံး ရှိသင့်သည်။
ယတြာ...ငွေဝင်လာဘ်သစ်ပွင့်စေရန်-သုံးရက်မျှသာသိကျွမ်းသေးသောမိတ်ဆွေတစ်ဦးအား..ကြုံလျှင်ပြန်ဆပ်မည်ဟု
ပြောပြီး..ငွေငါးသောင်းမရရအောင်ချေးပါ.။

ဗုဒ္ဒဟူး
ကျန်းမာရေးအတွက် ရေကိုကျိုချက် သောက်သုံးသင့်သည်။ ရေမကျိုနိုင်ပါက ရေသန့်
ဝယ်သောက်ပါ။ ရေသန့်ဝယ်ရန်ပိုက်ဆံမရှိပါက လ္ဘက်ရည်ဆိုင်မှ ရေနွေကြမ်း
တောင်းသောက်ပါ။ လူကြီးဖြစ်ပါက အသက်ကြီး၍ လူငယ်ဖြစ်ပါက အသက်ငယ်မည်။
ရာထူးတိုးရန် ကိုယ့်အထက်လူကြီးများကို တုတ်နှင့်ရိုက်ပါ။
ယတြာ....အရာရာဘေးကင်းစေရန်-
ကားရှုပ်နေသာလမ်းလယ်ကောင်တွင် ပိတ်ရပ်ပြီး...ဟွန်းတီးသောကားအားပိတ်ဆဲပစ်ပါ..။

ကြာသာပတေး
ဒီနှစ်သည် ကြာသာပတေး သားသမီးများအတွက် ၂ နာရီခွဲလောက် မတ်တက်ရပ်နေပါက
ညောင်းလာမည်။ ပြေးနေပါက မောမည်။ အလေးသူငယ်များအဖို့ အိမ်ရေ့ဝရန်တာမှ
ခုန်ချတိုင်း ကစားသင့်သည်။ အလောင်းကစား အကျိုးမပေး သော်လည်း
မောင်းလောင်းက အောင်မည်။
ယတြာ....အချစ်ရေးတွင်ကံကာင်းမှုရှိစေ၇န်-မိမိတစ်ဖက်သတ်ချစ်နေသောချစ်သူရှေ.တွင်ပိတ်ရပ်ပြီး..
"နင်.ကိုငါ့လိုလူမျိုးကချစ်တာကံကောင်းတယ်မှတ်၊ပြန်မချစ်တာကတော.နင့်ထိုက်နဲ.နင့်ကံ"
ဟုသက်စေ့ပြောပါ။

သောကြာ
အလောင်းကစား လွန်စွာအကျိုးပေးမည်။ သို့သော် ထီမထိုးသင့် ချဲများများထိုးသင့်သည်။
အကျိုးပေးဂဏန်းများမှာ- 9,6,3,2,5,1,4,7,8,0 တို့ဖြစ်သည်။ နှစ်လုံး၊
သုံးလုံးများများထိုးပါ မပေါက်ပါက ပိုက်ဆံမရပေ။
ယတြာ...ရန်အနှောက်အယှက်၊အတိုက်အခံများမှကင်းဝေးစေရန်-လူစိမ်းတစ်ဦးအားပခုံးချင်းဝင်တိုက်ပြီး
လူတစ်ယောက်လုံးကိုမမြင်ရအောင်နမော်နမဲ.နိုင်၇သလား...ဟုပိတ်ကောပစ်ပါ....။

စနေ
စနေသားသမီးတို့ အတွက် ကံကောင်းသည်ဟု ပြော၍မရသော်လည်း
ကံကောင်းနေမည်။ရေချိုးပါကဆပ်ပြာတိုက်ပါ။ သခွားသီးသုံးလုံးကို
အစိမ်းလိုက်စားပါက
ဗိုက်ပြည့်မည် လေထိုးမည်။ ဗိုက်ဆာသလောက်ထမင်းစားရမည်။
ယတြာ...စိတ်ဖိစီးမှု၊ကြောက်ရွံထိတ်လန်.မှုများမှကင်းဝေးစေရန်-သချိုင်းကုန်းတစ်ခုမှလူရိုးတစ်ချောင်းအားယူပြီး.
မိမိဘေးတွင်[7]ညထားအိပ်ပါ....။ 

No comments:

Subscribe

လာလည်သူများ

free counters