♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 12, 2016

" ဓာတ်လှေကား သုံးမယ်ဆိုရင် ဖုန်းတစ်လုံး ကိုယ်နှင့်မကွာ သယ်ဆောင်သွားသင့်ပါတယ် "

 

ဓာတ်လှေကားထဲ တစ်လမျှ ပိတ်မိပြီး သေဆုံးနေသည့် အမျိုးသမီးကိစ္စ တရုတ်တွင် ဝေဖန်မှုများ မြင့်တက်နေ

တရုတ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ရာမှ အမျိုးသမီးတစ်ဦး ဓာတ်လှေကားအတွင်း ပိတ်မိပြီး သေဆုံးနေမှုအပေါ် အွန်လိုင်းတွင် ထိတ်လန့်တကြား ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။

အသက် ၄၃ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦး၏ အခြေအနေ ဆိုးရွားစွာ ဖြစ်နေသော ရုပ်အလောင်းကို သူမ သေဆုံးပြီး တစ်လမျှ အကြာတွင် ဓာတ်လှေကားထဲ၌ ပြန်လည် တွေ့ရှိခဲ့သည်။ ဇန်နဝါရီ ၃၀ က ရှီယန်းရှိ ဂေါင်လင်း ရပ်ကွက်မှ လူနေတိုက်ခန်းတွဲ တစ်ခုတွင် ပြုပြင်ထိန်းသိမ်းရေး လုပ်သားနှစ်ဦးက ဓာတ်လှေကားကို ဓာတ်အား ဖြတ်တောက် ခလုတ်ပိတ်သွားခဲ့သည်။ ထိုအချိန်တွင် အမျိုးသမီးမှာ ဓာတ်လှေကား အတွင်း၌ ရှိနေခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ ကြေညာချက်တွင် ပါရှိသည်။

ဓာတ်လှေကားသည် ၁၀ ထပ်နှင့် ၁၁ ထပ်ကြား၌ ရပ်တန့်နေရာ ပြုပြင်ထိန်းသိမ်းရေး လုပ်သားများက အတွင်း၌ လူရှိမရှိ ဖွင့်၍ စစ်ဆေးရမည့်အစား အော်ဟစ်၍သာ မေးမြန်းခဲ့သည်။ ထို့နောက် တစ်စုံတစ်ယောက်က တုံ့ပြန်သည့် အသံ မကြားသည့်အခါ ဓာတ်အားခလုတ်ကို အဆုံးထိ ပိတ်သွားပြီး ဓာတ်လှေကားကို ထိုအတိုင်း ချန်ခဲ့ကာ ထွက်ခွာသွားသည်။

တရုတ် နှစ်သစ်ကူး ပွဲတော်အပြီး မတ် ၁ ရက်တွင် ယင်းနေရာသို့ ပြန်ရောက်လာပြီး ဓာတ်လှေကားကို ဖွင့်လိုက်သည့် အခါတွင်မူ အမျိုးသမီး၏ အလောင်းကို ရှာတွေ့ခဲ့ကြသည်။ အဆိုပါ တိုက်ခန်းတွဲတွင်ပင် နေထိုင်သည့် အမျိုးသမီးသည် သေဆုံးနေသည်မှာ ရက်ပေါင်း ၃၀ မျှ ကြာမြင့်နေခဲ့ပြီဟု မှုခင်းစစ်ဆေးရေး အရာရှိများက ကောက်ချက်ချခဲ့သည်။

အိမ်နီးနားချင်းများက အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိနေပြီး တစ်ဦးတည်း အထီးကျန်စွာ နေထိုင်တတ်ကြောင်း ဆိုသည်။ ဒေသခံ ရဲတပ်ဖွဲ့က ပေါ့လျော့ခဲ့သည့် ပြုပြင်ထိန်းသိမ်းရေး လုပ်သားနှစ်ဦးကို ဖမ်းဆီးခဲ့သလို အဆောက်အအုံကို ပုံမှန်စစ်ဆေးရန် တာဝန်ယူထားသည့် ကုမ္ပဏီနှင့် ဓာတ်လှေကား ကြံ့ခိုင်မှု ပုံမှန်စစ်ဆေးရေး လုပ်ဆောင်ရမည့် ကုမ္ပဏီများကိုပါ စစ်ဆေးနေသည်။

သတင်းများက မိသားစု မျိုးရိုးအမည် ဝူဟုသာ ဖော်ပြသည့် အမျိုးသမီးသည် ချောက်ချား တုန်လှုပ်စွာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ ရင်ခွဲစစ်ဆေးမှုများအရ သူမသည် မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့ခြင်း
မရှိဟု သိရသည်။

ထိုသတင်းသည် တရုတ် အင်တာနက် သုံးစွဲသူများကြား လျင်မြန်စွာ ပျံ့နှံ့သွားပြီးနောက် ပေါ့လျော့သည့် ပြုပြင်ထိန်းသိမ်းရေး လုပ်သားများကို ဒေါသတကြီး အပြစ်တင်ကြသလို အမျိုးသမီး ပျောက်ဆုံးနေသည်ကို တိုင်ကြားမှု မရှိခဲ့သည့် မိသားစုဝင်များ၏ သဘောထားကိုလည်း မေးခွန်းထုတ်ခဲ့သည်။

တရုတ်တွင် လုံခြုံရေး စံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်မှု အားနည်းကြောင်း ဝေဖန်မှုများ အစဉ်တစိုက် ထွက်ပေါ်နေရာ ယခုဖြစ်ရပ်ကြောင့် ပိုမိုစိုးရိမ်စရာ ဖြစ်လာကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။


  • ဓာတ်လှေကားတိုင်းမှာ စီစီတီဗီ တပ်ထားရမယ်
  • ဓာတ်လှေကားထဲမှာ ဘဲလ်ထည့်ထားရမယ် အဲ့ဒီဘဲလ်က လှေကားစောင့်ရှောက်သူရဲ့ ရုံးခန်းထဲမှာ ဖြစ်ရမယ့်အပြင် ပတ်ဝန်းကျင်ကပါ အသံကျယ်လောင်စွာ ကြားသင့်တယ်
  • ဓာတ်လှေကားထဲမှာ အရေးပေါ်ဖုန်း နှင့် ဖုန်းနံပါတ်တွေ ထည့်ထားရမယ်
  • အရေးပေါ်ထွက်ပေါက်မျိုး ထားပေးရမယ်

Ref: CNN
7day 


Credit : http://www.lwinpyin.com/2016/03/blog-post_5.html

No comments:

Subscribe

လာလည်သူများ

free counters