♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 7, 2016

" အွန်လိုင်းပေါ်တွင် သိကျွမ်းသည့် မိန်းကလေးငါးဦးကို အဓမ္မပြုကျင့်သော အောင်သွယ်ဝက်ဘ်ဆိုက်ကုမ္ပဏီပိုင်ရှင် "



ကမ္ဘာ့အကြီးဆုံးအောင်သွယ်တော် ၀က်ဘ်ဆိုက်ဖြစ်သော www.match.com ၏ ဒါရိုက်တာဟောင်းဖြစ်သူ ဂျေဆင်လော
ရင့်စ်သည် ၀က်ဘ်ဆိုက်အသုံးပြုသည့် မိန်းကလေးထောင်ပေါင်းများစွာကို ပစ်မှတ်ထားဆက်သွယ်ခဲ့ပြီးယင်းသို့အွန်လိုင်းတွင်
တွေ့ဆုံသိကျွမ်း သူများအနက်မှ မိန်းကလေးငါးဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်းအင်္ဂလန်အခြေစိုက်သတင်းမီဒီယာများတွင် ဖော်
ပြသည်။

ယခုဖြစ်ရပ်အရ အင်တာနက်သည် မိန်းကလေးများအတွက် အန္တရာယ်အထူပြောဆုံးနေရာတစ်ခု
ဖြစ်လာလျက်ရှိခြင်းကို
 မီးမောင်းထိုးပြသခြင်းပင်ဖြစ်ကြောင်း အင်္ဂလန်အရှေ့ ပိုင်း ဒါဘီရှိုင်းယားခရိုင် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးဖြစ်သူ အဲလစ်ဆင် ရစ်ဂ်ဘီက ပြောကြားသည်။



အင်တာနက်အောင်သွယ်ဝက်ဘ်ဆိုက်များမှတစ်ဆင့် မုဒိမ်းမှုဖြစ်ပွားခြင်းသည် လွန်ခဲ့သောငါးနှစ်တာကာလအတွင်း ၆ ဆခန့် မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

Match.com သည် တစ်ခုလပ်နှင့် မုဆိုးမများကို ဦးတည်ပစ်မှတ်ရှာဖွေပုံပေါ်ကြောင်း အဲလစ်ဆင်က ပြောကြားသည်။


 

ဂျေဆင်လောရင့်စ်အဓမ္မပြုကျင့်ခဲ့သူများမှာ အသက်၄၀ ကျော်နှင့် ၅၀ ကျော်အရွယ်များ ဖြစ်ကြသည်။ ဂျေဆင်လောရင့်စ်က
 ပြောကြားရာတွင် “ဒါက ကွင်းထဲမှာ ကစားတာမျိုးပဲဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်မိန်းမတွေကို နှစ်သက်တယ်။ လိင်ဆက်ဆံရတာ ကြိုက်တယ်၊ ဒါဟာ match.com ပါပဲ” ဟု ပြောကြားသည်။
ဒါဘီရှိုင်းယားခရိုင်တရားသူကြီး ဂရီဂိုရီ ဒစ်ကင်ဆန်က ဂျေဆင်လောရင့်စ်သည်
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိကြောင်း
 ပြောကြားသည်။

Credit: ဖိုးသူတော် (http://www.phothutaw.com/2016/03/blog-post_400.html)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:

Subscribe

လာလည်သူများ

free counters