♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 9, 2016

" ဒီလို ချစ်သူမျိုးပဲ လိုချင်တယ် သလား "

 (1) ဖိနပ်ပျက်လို့ဖိနပ်တစ်ရံပြေးဝယ်ပေးတာထက်
သူ့ဖိနပ်ကိုပေးစီးပြီးတူတူဖိနပ်သွားဝယ်မယ့်လူမျိုး


(2) သတိရတယ်ဆိုတာထက်အမြဲတမ်းသူ့စိတ်က
ကိုယ့်အနားမှာရှိနေမယ့်လူမျိုး


(3) ကိုယ်နဲ့တစ်နေ့ဖုန်းမပြောရ ရင်မနေနိုင်တဲ့လူမျိုး


(4) အဝေးတစ်နေရာရောက်နေလဲသစ္စာစောင့်သိပြီး
ပြန်လာချိန်ကိုဆီးကြိုတဲ့လူမျိုး


(5) အမှားဖြစ်တိုင်းနင့်အမှားလို့မပြောပဲ
ဒီအမှားကိုနောင်မဖြစ်အောင်ပြင်ပေးနိုင်တဲ့လူမျိုး


(6) ဒေါသဖြစ်လို့ စိတ်စိုးလို့ ရိုင်းစိုင်းတဲ့စကားလုံးမပြောပဲ
ငါ့ချစ်သူ စိတ်မကောင်းဖြစ်မလားလို့စိုးရိမ်တတ်တဲ့ချစ်သူမျိုး


(7) ချစ်သူမကြိုက်တဲ့အရာဆို စိတ်နဲ့တောင်မပြစ်မှားတတ်တဲ့လူမျိုး


(8) ချစ်သူပြောသမျှ နားထောင်ပေးပြီး
မျက်စိအောက်ကပျောက်မခံအောင်ချစ်တဲ့သူမျိုး


(9) ချစ်သူ နေမကောင်းရင်ဆေးတိုက်တာထက်အနားမှာအားပေးတဲ့ချစ်သူမျိုး


(10) အမှားလုပ်ထားပြီးရင် သူများပေါ်ပုံမချပဲ
ရန်မဖြစ်တတ်တဲ့ချစ်သူမျိုး


(11) ဘယ်နေရာသွားသွား ချစ်သူလက်ကိုတွဲပြီး
အများရှေ့မှာ ရဲရဲဝံ့ဝံ့ချပြနိုင်တဲ့ချစ်သူမျိုး


(12) ချစ်သူမျက်နှာကိုတစ်ချက်အညိုးမခံပဲ
ဘာဖြစ်လဲ ဘာလိုလဲသိတဲ့ချစ်သူမျိုး


(13) ချစ်သူကို လိမ်မပြောတဲ့သူမျိုး
အဲ့လိုချစ်သူမျိုး ဒီကမ္ဘာမှာမရှိဖူး
ရှိရင်လည်းသေလောက်ပြီ
အဲ့လိုလူကိုမျှော်ရင်းအနော်လည်းအဘွားကြီးဖြစ်ပြီထင်တယ်။

(ပန်းရောင်ယုန်မလေးကိုယ်တိုင်ရေးသည်။)

‪#‎ပုံပိုင်ရှင်ရဲ့ခွင့်ပြု့ချက်မရပဲသုံးမိလို့တောင်းပန်ပါတယ်အားကျလို့တင်မိတာပါ‬။
ရေးထားတဲ့စာကယောကျာ်းလေးအတွက်ရေးတာလားမိန်းကလေးအတွက်ရေးတာလားသေချာဖတ်ပါ။
မျက်စိတစ်ဖက်ပိတ်ဖတ်မိရင်တော့မျက်ကန်းလိုပဲအကုန်လုံးမမြင်ရပါဘူး။

Credit : http://www.goalonlineadvertising.com/2016/01/blog-post_60.html

No comments:

Subscribe

လာလည်သူများ

free counters