♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 12, 2016

" ကလဲ့စားချေတတ်တဲ့ မိန်းမ "

အိမ်ထောင်သက် ၃၇ ကျော်ကြာပြီးမှ Jake ဆိုတဲ့ ယောက်ျားဖြစ်သူက သူ့ရဲ့ အတွင်းရေးမှူး မိန်းကလေးနဲ့လက်ထပ်နိုင်ဖို့အတွက် ဇနီးဖြစ်သူ Edith  ကို တရားရုံးမှာ ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။ ဇနီးဖြစ်သူက လက်မခံနိုင်ပေမဲ့ Jake မှာ ပိုကောင်းတဲ့ ရှေ့နေတွေ ရှိတဲ့အတွက် ကွာရှင်းပေးခဲ့ရပါတယ်။
ဒါ့အပြင် သူတို့ ဇနီးမောင်နှံနေခဲ့တဲ့ ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ အိမ်ကြီးမှာ ဇနီးအသစ်စက်စက် အတွင်းရေးမှူးမလေးက နေချင်ပါတယ်လို့ ပူဆာတဲ့အတွက် ဇနီးဟောင်းဖြစ်သူကို အိမ်ကြီးပေါ်က ဆင်းပေးဖို့ သုံးရက်ပဲ အချိန်ပေးခဲ့ပါတယ်။
Edith က ပထမနေ့မှာ သူပိုင် ပစ္စည်းတွေကို ထုတ်ပိုးပြီး ဒုတိယနေ့မှာတော့ ပစ္စည်းတွေကို သယ်သွားခဲ့ပါတယ်။ တတိယနေ့မှာတော့ ဒီအိမ်ကြီးပေါ်က မသွားခင်မှာ ပုဇွန်နဲ့ ငါးဆားနယ်ဥတွေ အများကြီး ဝယ်လာပြီး ချက်စားပါတယ်။ စားပြီးသွားတဲ့ အခါမှာတော့ အိမ်ကြီးရဲ့ တစ်ခန်းဝင် တစ်ခန်းထွက်ပြီး  ခန်းဆီးလိုက်ကာတပ်တဲ့  တုတ်ချောင်းတွေရဲ့ အတွင်းထဲမှာ ပုဇွန်ခေါင်းတွေနဲ့ ငါးစားနယ်ဥတွေကို လိုက်ထည့်ခဲ့ပါတယ်။ပြီးနောက်မှာတော့ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီး ထွက်လာခဲ့ပါတယ်။
 နောက်တစ်နေ့မှာ သူဌေးကြီးတို့ ဇနီးမောင်နှံအသစ် ရောက်ရှိလာပြီး ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ မကြာပါဘူး။ တစ်ရက် နှစ်ရက် အကြာမှာပဲ အိမ်ကြီးထဲက အပုပ်နံ့တွေထွက်လာပါတယ်။ အနံ့တွေပျောက်သွားအောင် အမွှေးနံ့တွေ ဖျန်း၊ကြွက်လို အကောင်တစ်ကောင်ကောင် သေနေတာကြောင့် အနံ့ထွက်တယ်ထင်လို့ ရှာပေမဲ့လည်း ဘာမှ မတွေ့ကြပါဘူး။ တအိမ်လုံးမှာလည်း နေလို့မရအောင် အနံ့ဆိုးတွေ ထွက်နေပါတယ်။
တစ်အိမ်လုံးကို ကော်ဇော အကောင်းစားတွေလဲ၊ လေဝင်လေထွက်ပေါက်တွေကို သန့်ရှင်းရေးလုပ်ရှာဖွေပေမဲ့ ဘယ်လိုမှ  အစရှာမရခဲ့ပါဘူး။အနံဆိုးတွေက ပိုပြီး ပြင်းထန်လာတဲ့အတွက် အလုပ်သမားတွေကို လည်း ခေါ်လို့မရတော့သလို
ဧည့်သည်တွေလည်း မလာတော့တဲ့အတွက် အိမ်ကိုရောင်းပစ်ဖို့ ကြိုးစားသော်လည်း အိမ်အကျိုးဆောင်ကလည်း ရောက်မလာခဲ့ပါဘူး။
အဲ့ဒီအချိန်မှာ ဇနီးဟောင်းဖြစ်သူ Edith ရောက်လာပြီး  ဒီအိမ်ကြီးကို ကာလပေါက်ဈေးရဲ့ ၁၀ ပုံ ၁ ပုံစာပဲ တွက်ပြီး  ရောင်းမယ်ဆိုရင် ဝယ်မယ့်အကြောင်းပြောတဲ့အတွက် သူဌေးကြီးလင်မယားက ဒီနေ့ပဲ စာချုပ်ချုပ်ပြီး ဝယ်မယ်ဆိုရင် ရောင်းမယ်ဆိုပြီးပြောခဲ့ပါတယ်။ သူ့ရဲ့ အကောင်းဆုံး ကလဲ့စားချေရေး အစီအစဉ် အောင်မြင်ပြီဆိုပြီး ပျော်ရွှင်သွားသူမှာတော့ ဒေါ်လာသန်းချီတန်တဲ့အိမ်ကို ၁၀ ဆလောက်ဈေးနှိမ်ပြီး ဝယ်လိုက်နိုင်တဲ့ ဇနီးဟောင်း Edith ပဲ ဖြစ်ပါတယ်။
Ref:reldigezt 

Credit : http://www.trend.com.mm/2016/03/11/relationships-9060

No comments:

Subscribe

လာလည်သူများ

free counters