♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 7, 2016

" ဖုန်းအားသွင်းခွင့်မပေးလို့ ဖခင်အရင်းကိုပြန်သတ်တဲ့ သားယုတ်မာ "

 
Patrick Murphy အမည်ရှိတဲ့ အသက်(30)အရွယ် အမျိုးသားတစ်ယောက်ဟာ ဖုန်းအားသွင်းခွင့် မပေးတဲ့ အဖေဖြစ်သူကို
ဓားနဲ့ ထိုးသတ်ခဲ့မှု အင်္ဂလန်နိုင်ငံ Tonbridge ပြည်နယ် Kent မှာ ဖြစ်ပွားခဲ့ပါတယ်။ Murphy ဟာ IQ ရမှတ် 74 သာ
ရရှိထားသူဖြစ်ပြီး သင်ကြားရ ခက်ခဲသူတစ်ယောက်လည်း ဖြစ်ပါတယ်။အိမ်မှာ သူ့ အဖေဖြစ်တဲ့ အသက် (54)နှစ်အရွယ် Joe က အားသွင်းကြိယာကို အသုံးပြုခွင့် မပေးကြောင်း ပြောဆိုတဲ့အခါ Murphy ဟာ ဒေါသအလွန်အမင်းဖြစ်ပြီး အိမ်ပြင်
ကိုထွက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့မှာရှိတဲ့ ဖုန်းကို Cash Converters ရောင်းဝယ်ရေးဌာနကို သွားရောက်
 ရောင်းချလိုက်ပြီး ရတဲ့ငွေကို SpecialBrew တံဆိပ်ပါ အရက် 4 ဗူးဝယ်ခဲ့ပါတယ်။ ပိုတဲ့ပိုက်ဆံကို မီးဖိုချောင်သုံး ဓားတစ်တစ်စုံ ၀ယ်ခဲ့ပါတယ်။
 နောက်အိမ်ကို ဒေါသတကြီးနဲ့ ပြန်ရောက်လာပြီး လက်တင်ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့ အဖေဖြစ်သူ Joe ကို ဓားနဲ့
လက်မောင်းကို အရင်ဆုံး တိုက်ခိုက်ခဲ့ပြီး နောက်မှ ရင်ဘက်ကို ထိုးစိုက်ချလိုက်တာ ဖြစ်ပါတယ်။ 1ဆိုင်ထဲမှာ ဓားလိုက်
ရှာနေတဲ့ MurphyJoe ဟာ အဲဒီ ဒဏ်ရာနဲ့ပဲ သေဆုံးခဲ့ရပြီး ၀င်ရောက်ဖြန်ဖြေတဲ့ အစ်ကိုဖြစ်သူကိုလည်း ဒါနဲ့ တိုက်
ခိုက်ခဲ့ပါတယ်။ ဒါကြောင့် Murphy ကို Maidstone Crown တရားရုံးက လူသတ်မှုအတွက် ထောင်ဒဏ် 9 နှစ်၊ လူကို သေစနိုင်တဲ့ လက်နက်နဲ့ တိုက်ခိုက်မှုအတွက် ထောင်ဒဏ် 9 နှစ် စုစုပေါင်း ထောင်ဒဏ် (18)နှစ် ကျခံစေဖို့ ဆုံးဖြတ်
ခဲ့ပါတယ်။ တရားခံရဲ့ အမေဖြစ်သူက “ ဒါဟာ ဖုန်းကြောင့် ဖြစ်ရတာပါ ….ကျွန်မယောက်ျားဟာ အရက်သေစာသောက်

စားသူ မဟုတ်ပါဘူး … ဒါဟာ ဖုန်းကြောင့် ဖြစ်ရတာ ” လို့ ပြောဆိုခဲ့ပါတယ်။ MurphyMurphy တရားသူကြီး
Philip Statman က “ မည်သို့ပင် ဆိုစေကာမူ Joe ဟာ တိမ်းပါးခဲ့ရပြီ … မောင်မင်းရဲ့ အပြုအမူကြောင့် မောင်မင်းရဲ့
အမေဟာ ချစ်ရတဲ့ ခင်ပွန်းမရှိဘဲ ဘ၀ကို ဖြတ်သန်းရတော့မှာ ဖြစ်သလို အစ်ကိုတွေ၊အစ်မတွေဟာလည်း အဖေမဲ့သွားတော့ သိပ်ကို ချို့တဲ့သွားကြပြီ …” လို့ စီရင်ချက် မချခင်မှာ ဆုံးမစကား
ပြောခဲ့ပါသေးတယ်။
 


ShweMOM
Credit : http://www.searchmyanmar.com/link/comment/cid/57175/domain/shwemom.com

No comments:

Subscribe

လာလည်သူများ

free counters