♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 10, 2016

" အမျိုးသားတို့အလုပ် ... တဲ့ အိမ်ရှင်မ လူလည်ကျလိုက်ပုံက " ခ်ခ်ခ်


စုံတွဲတစ်တွဲဟာ မနက်တိုင်းမှာ ဘယ်သူ ကော်ဖီဖျော်သင့်သလဲဆိုပြီး အငြင်းပွားကြပါတယ်။

မိန်းမ - "ရှင်ဖျော်သင့်တာပေါ့။ ရှင်က မနက်တိုင်း ကျွန်မထက် အရင် အိပ်ရာထနေကျပဲ။ ကျွန်မနိုးမှ
လုပ်ရရင် ရှင်အကြာကြီး စောင့်နေရမှာပေါ့။"

ယောက်ျား - "မင်းက ဒီအိမ်မီးဖိုချောင်ရဲ့ ဘော့စ်ပဲလေ။ ကော်ဖီဖျော်တာ မင်းလုပ်သင့်တာပေါ့။
မင်းနောက်ကျမှ နိုးလည်း ကိုယ်စောင့်နိုင်ပါတယ်။"

မိန်းမ - "ရှင်လုပ်သင့်တဲ့အလုပ်လို့ ကျွန်မ ပြောနေတယ်လေ။ သမ္မာကျမ်းစာထဲမှာလည်း
ကော်ဖီဖျော်တာကို ယောက်ျားတွေ လုပ်သင့်တယ်လို့ ရေးထားတယ်။"

ယောက်ျား - "ဟေ.. ဒါက မဖြစ်နိုင်တာကွာ။ မယုံဘူး။ အဲဒီ ရေးထားတာကို ငါ့ကိုပြ။"

အမျိုးသမီးဟာ ကျမ်းစာအုပ်ကို ယူလိုက်ပြီး စာအုပ်ကို လှန်လိုက်ကာ စာမျက်နှာတွေထိပ်မှာ
ရေးထားတဲ့ ခေါင်းစဉ်တစ်ခုကို ပြလိုက်ပါတယ်။ အမျိုးသားတွေ့လိုက်တာ "Hebrews" တဲ့။

မှတ်ချက်။ ။ 
He သူသည်။ brews ဖျော်စပ်သည် တဲ့။
တကယ်တော့  "Hebrews" ဟီးဘရူးစ် ဆိုတာ အစ္စရေးလူမျိုးများရဲ့ ဘာသာစကားပါ။ အဲဒီဘာသာစကားနှင့်
သမ္မာကျမ်းကို ပြုစုခဲ့ကြတာပါ။ အဲ့ဒီ "Hebrews" ဆိုတဲ့ စကားလုံးကို ခွဲခြမ်းလိုက်တော့ အင်္ဂလိပ်ဘာသာ
စကားနှင့်  He ဟီ သူသည်။ Brews ဘရူးစ် ဖျော်စပ်သည်။  သူသည် ဖျော်စပ်သည်လို့အဓိပ္ပာယ်ရပါတယ်။

နောက်တစ်ခုက အင်္ဂလိပ်လို (take care ထိတ်ကဲ = ဂရုစိုက်ပါ ) လို့ ပြောတာကို မြန်မာလို အသံထွက်ရင်
(သိပ်ကဲ) ဆိုပြီးဖြစ်ကရော... အဲ့ဒီလိုသဘောလေးပါ ...(ရောရောသမမွှေ)

Credit : http://myanmar.mmtimes.com/index.php/timeout/tea-break/18132-2016-03-09-07-49-24.html

No comments:

Subscribe

လာလည်သူများ

free counters