♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 10, 2016

" ကိုယ်တိုင်ကားအတိုက်ခံပြီး ကလေးငယ်ကို ကယ်ခဲ့တဲ့ ပုလိပ် အော်ဖစ်စာ "

ကား တိုက်ခံရတော့မည့် ကလေးငယ်ကို ပြေးလွှားပြီး တွန်းထုတ်ကာ ကိုယ့်ကိုကိုယ် ကားအတိုက်ခံလိုက်တဲ့
ပုလိပ်အရာရှိတစ်ယောက်ဟာ လူမှုကွန်ယက်မှာ နာမည်ကြီးလာပါတယ်။ ပုလိပ်အရာရှိရဲ့ ကြိုးစားမှုကြောင့် လူငယ်လေး အသက်မဆုံးရှုံးခဲ့ပေမယ့်လည်း သူကတော့ ကားတိုက်ခံလိုက်ရပါတယ်။

ဘီလာရုစ်နိုင်ငံမှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်ကို ကားအရှေ့ခန်းမှာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာကတဆင့် မှတ်တမ်းတင်နိုင်ခဲ့တာပါ။ လူငယ်လေးတစ်ဦးက နှင်းတွေထူထပ်စွာ ကျဆင်းနေတဲ့ လမ်းမှာ ကားလမ်းကူးဖို့ လုပ်နေတဲ့အတွက် ကားတစ်စီးက အရှိန်လျှော့လိုက်ပါတယ်။ အဲဒီအခါ လူငယ်လေးနဲ့ အရာရှိတို့က ကားလမ်းဖြတ်ကူးခဲ့ပြီး
လမ်းအလယ်ရောက်တဲ့အခါ နောက်ထပ် ကားတစ်စီးက အရှိန်နဲ့ မောင်းနှင်လာတာ ဖြစ်ပါတယ်။

ဒါကို ချက်ခြင်းသတိထားမိသွားတဲ့ ပုလိပ်အရာရှိက သူကိုယ်တိုင်ကားတိုက်ခံပြီး ကလေးငယ်ကို ကာကွယ်လိုက်တာပါ။ ဒါပေမယ့် နှစ်ဦးလုံး ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့တာကိုတော့ တွေ့ရပါတယ်။

ရုပ်သံဖိုင်ကြည့်ရှုရန်လင့်မှာ...
https://youtu.be/MuMhUp6MD-I

No comments:

Subscribe

လာလည်သူများ

free counters