♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 9, 2016

" ပုဆိန်နဲ့ ပေါက်သတ်ခံရတဲ့ မိသားစုရဲ့ မကျွတ်မလွတ်တဲ့ဝိညာဉ်တွေ "

 
ပုဆိန်တစ်လက်နဲ့ လူ ၈ ယောက်ကို ခုတ်သတ်ခဲ့တာပါ။
အဲဒီအိမ်ကြီးက အမေရိကန်ပြည်ထောင်စု၊ လိုဝါပြည်နယ်၊ ဗယ်လစ်စကာမြို့မှာ ရှိပါတယ်။

၁၉၁၂ ခုနှစ် ဇွန်လ ၁၀ ရက် မနက်ခင်းစောစောမှာ အဲဒီအိမ်ကြီးမှာ နေထိုင်တဲ့ ဂျိုဆီရာမိုး မိသားစု ၆ ယောက်နဲ့ ဧည့်သည် ကလေး ၂ ဦးတို့ကို ပုဆိန်တစ်လက်နဲ့ မသေမချင်း ခုတ်သတ်ထားတာကို တွေ့ရပါတယ်။

ပိုပြီး ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်က လူသတ်သမားကို လုံးဝမဖမ်းမိဘဲ သူအသုံးပြုသွားတဲ့ သွေးစွန်းနေတဲ့ ပုဆိန်ကို ဧည့်သည်ခန်းတစ်တခန်းမှာ တွေ့ရှိလိုက်ရတာပါပဲ။

အသတ်ခံရတဲ့ မိသားစုရဲ့ ဝိညာဉ်တွေက အဲဒီအိမ်ထဲမှာ ရှိနေဆဲဖြစ်တယ်လို့ လူအများအပြားက ယုံကြည်ထားပါတယ်။ ကလေးတွေရဲ့ အော်သံတွေ၊ တဒုန်းဒုန်းတဒိုင်းဒိုင်း အသံတွေနဲ့ သီချင်းသံတွေကို ကြားခဲ့ရသူတွေ ရှိပါတယ်။

အဲဒီအိမ်ကြီးက တကယ်သရဲခြောက်မခြောက် ကိုယ်တိုင် ကြည့်ချင်တယ်ဆိုရင် တစ်ညတာ တည်းခိုပြီး ကိုယ်တိုင်ကြည့်

ရှုနိုင်ပါတယ်တဲ့။

Source & Photos : Lief
Credit: duwun


Credit : http://www.searchmyanmar.com/link/comment/cid/57227/domain/duwun.com.mm

No comments:

Subscribe

လာလည်သူများ

free counters