♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 8, 2015

" ခြေဖနောင့်ကွဲပျောက်စေမည့် သဘာဝနည်းလမ်းများ"

 
 ခြေဖနောင့်ကွဲလို့ တချို့ဆို ဖိနပ်တောင်စီးရတာ နာတဲ့အထိ ဖြစ်ကြပါတယ်တဲ့။ ဖနောင့်ကွဲ သက်သာအောင် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးတွေကလဲ တပုံတပင်ပါပဲ။ အလွယ်ကုစားတဲ့နည်း ၁၀ နည်းလောက်ကို ရှာတွေ့လို့ ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျကနေ တင်ပြလိုက်ပါတယ်

(၁) သံပုရာ Foot mask

မျက်နှာလိမ်းတော့ Facial Mask ပေါ့။ ခြေထောက်ဆိုတော့ Foot Mask ပေါ့နော။
ခြေထောက်တွေ နှစ်ပြီး စိမ်ထားဖို့ ရေတဇလုံလောက် ယူ။ အဲ့ဒီထဲကို ဆားကြမ်း၊ သံပုရာရည်၊ ဂလစ်စရင်း အလှဆီ၊ နှင်းဆီရည်တွေ ထည့်၊
ခြေထောက်တွေကို ၁၅ မိနစ်လောက် စိမ်ထားလိုက်ပါ။
ပြီးရင် ချေးတွန်းကျောက် (သို့မဟုတ် ရေမြှုပ်ကျောက်ကို သုံးပြီး ခြေဖနောင့်နဲ့ ခြေထောက် ဘေးဖက်တွေကို ပွတ်တိုက်ပေးရပါမယ်။ ပြီးတော့ ဆေးဖော်မယ်နော။ ရေမရောထားတဲ့ ဂလစ်စရင်း အလှဆီ 1 tsp (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ နှင်းဆီရည် တဇွန်း၊ သံပုရာရည် တဇွန်း၊ အားလုံး ရောမွှေ။ ပြီးရင် ကွဲနေတဲ့ ဖနောင့်နေရာကို လိမ်းပေးပါ။ လိမ်းဆေးဟာ စေးကပ်ကပ် အနှစ် ဖြစ်တာကြောင့် ခြေထောက်မှာ ခြေအိတ်စွပ်ထားလို့ရပြီး တညလုံး ၀တ်ထားလို့ရပါတယ်။ မနက်ကျရင်တော့ ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပေါ့။ ဒီနည်းကို ခြေဖနောင့်ကွဲ ပျောက်ပြီး နူးညံ့ပျော့ပျောင်းလာတဲ့အထိ အကြိမ်ကြိမ် လုပ်ဆောင်ပေးပါနော်။

(၂) အသီးအရွက်အဆီ

ခြေဖနောင့်ပေါ်က အသားအရေ ခြောက်သွေ့တာဟာလဲ ဖနောင့်ကွဲစေတဲ့အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ ခြေထောက်ကို ဆေးကြော၊ သန့်စင်၊ ခြောက်အောင် သုတ်ပေးပြီးရင် ခြေထောက်ပေါ်က ခြောက်သွေ့ပက်အက်နေတဲ့ အရေပြား နေရာတွေပေါ်မှာ အသီးအရွက်ဆီ တမျိုးမျိုးကို ခပ်ပါးပါး သုတ်လိမ်းပေးပါ။ ပြီးရင် ခြေအိတ်ထူထူစွပ်ပြီး တညလုံး ၀တ်အိပ်လိုက်ပါ။ မနက်ရောက်ရင် ဆေးကြောလိုက်ပေါ့။ ဒါကို သက်သာတဲ့အထိ လုပ်ဆောင်သွားပါ

(၃) ငှက်ပျောသီး၊ ထောပတ်သီး

ငှက်ပျောသီးအမှည့်ရဲ့ အသားကို ယူပြီး ဖနောင့်နဲ့ ခြေထောက်ပေါ်က အက်ကွဲခြောက်သွေ့နေတဲ့ နေရာမှာ လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထား၊ ပြီးရင် ဆေးကြောလိုက်ပေါ့။
နောက်တနည်းကတော့ ငှက်ပျောသီးမှည့် တလုံး၊ ထောပတ်သီး အသားတခြမ်း၊ အုန်းသီးစိမ်းအသားတို့ကို blender ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့အနှစ်တွေကို ခြေထောက်နဲ့ ဖနောင့်ပေါ်မှာ လိမ်းပေးတာပါပဲ။ ထောပတ်သီးနဲ့ အုန်းသီးတွေမှာလဲ essential oil တွေ၊ ဗစ်တာမင်နဲ့ အဆီဓာတ်တွေ ပြည့်ဝနေတာကြောင့် ဒီအသီးစုံ အနှစ်ဟာ ခြေဖနောင့် ကွဲတာကို သက်သာပျောက်ကင်းစေပါတယ်။

(၄) Vaseline နဲ့ သံပရာရည်

petroleum jelly လို့လဲ သိကြတဲ့ Vaseline ဗက်ဆလင်း အဆီပျစ်နဲ့ သံပုရာရည်ကို သုံးပြီးတော့လဲ ခြေဖနောင့်ကွဲကို ကုသကြပါတယ်။
ဖနောင့်တွေကို ဆေးကြောပြီး ခြောက်အောင်သုတ်ထားပါ။ ပြီးရင် ရေနွေးနွေးထဲမှာ ခြေထောက်တွေကို ၁၅ မိနစ်လောက် စိမ်ထား။ ခပ်ဖွဖွ ဆေးကြော၊ ခြောက်တဲ့အထိ လက်နဲ့ ဖြည်းဖြည်း ပုတ်ပေးပါ။ ဗက်ဆလင်း တဇွန်းနဲ့ သံပုရာရည်ကို ယူ။ ခြေဖနောင့်နဲ့ တခြား ကွဲနေတဲ့နေရာတွေကို ပွတ်လိမ်းပေး။ အနှစ်တွေ အသားထဲ စိမ့်ဝင်သွားတဲ့အထိ လိမ်းပေးရမှာပါ။ ညအိပ်ရာ မ၀င်ခင် လိမ်းထားပြီး သုံးမွေးခြေအိတ် စွပ်ပြီးတော့ တညလုံး ၀တ်အိပ်လို့ရပါတယ်။

(၅) Paraffin Wax

Paraffin Wax ဆိုတဲ့ ရေနံကလုပ်တဲ့ ဖယောင်းခဲနဲ့လည်း အက်ကွဲ နာကျင်နေတဲ့ ခြေဖနောင့်တွေကို ကုသလို့ရပါတယ်။
paraffin wax ဖယောင်းသားကိုယူပြီး မုန်ညင်းဆီ သို့မဟုတ် အုန်းဆီနဲ့ ရောရပါမယ်။ အိုးပြားတစ်ခုထဲမှာ ဖယောင်းနဲ့အဆီတွေ အရည်ပျော်အောင် အပူပေးရပါမယ်။ ပြီးရင် အခန်းအပူချိန်မှာပဲ အအေးခံထားပြီး အေးလာရင် ခြေဖနောင့်မှာ လိမ်းပေးလိုက်ပါ။ အိပ်ရာမ၀င် လိမ်း၊ ပြီးရင် ခြေအိပ်စွပ် အိပ်။ မနက်ကျရင် ဆေးလိုက်တော့။

(၆) Honey ပျားရည်

ခြေထောက်ကို ရေဓာတ်ဖြည့်ပေးဖို့နဲ့ ဘက်တီးရီးယား ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေက ပျားရည်မှာ ပါဝင်နေပါတယ်။
ပျားရည်တခွက်ကို ရေပုံးတ၀က်လောက် ရေနွေးနွေးနဲ့ ရောစပ်လိုက်ပါ။ အဲဒီရေပုံးထဲမှာ ခြေထောက်တွေကို ၁၅ မိနစ်လောက် စိမ်ထားလိုက်ပါ။
ပြီးရင်တော့ ဖြည်းဖြည်းချင်း တိုက်ချွတ်ပေးလိုက်ပါ။

(၇) Rice Flour ဆန်မှုန့်

ခြေဖနောင့်ကွဲ ကုဖို့အတွက် ဆန်မှုန့်ကို scrub လိုသုံးပြီး ခြေထောက်ကို ပွတ်ပေးတဲ့နည်းလဲ ရှိပါတယ်။
ဆန်မှုန့်အကြမ်း ၂ ဇွန်း ၃ ဇွန်းလောက်ကို ပျားရည်နည်းနည်း၊ Apple Cider Vinegar ပျားရည်အရက် ဗီနီဂါကို ရောပြီး အနှစ်ခပ်ပျစ်ပျစ် လုပ်ပေးရမှာပါ။
ခြေဖနောင့်တွေက အရမ်းကို ခြောက်သွေ့အက်ကွဲနေမယ် ဆိုရင်တော့ သံလွင်ဆီ သို့မဟုတ် sweet almond အဆီ တဇွန်းလောက် ထပ်ထည့်ပေးပါ။
ရေနွေးနွေးထဲမှာ ခြေထောက်ကို ၁၀ မိနစ်လောက် စိမ်ပေးပြီးရင်တော့ ဒီအနှစ်ကလေးကို ဖြည်းဖြည်းချင်း ပွတ်လိမ်းပေးပြီး ခြေထောက်မှာရှိတဲ့ အရေပြားအသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၈) သံလွင်ဆီ Olive Oil

သံလွင်ဆီလေးနည်းနည်းလောက်ကို ဂွမ်းလေးနဲ့ယူပြီး ၁၀ မိနစ်လောက် ခြေထောက်ပေါ်ကို စက်ဝိုင်း လမ်းကြောင်းပုံစံ ဖြည်းဖြည်းချင်း နှိပ်နယ်ပေးရပါမယ်။ ခြေအိတ်ထူထူ ၀တ်ပေးပြီး တနာရီလောက်ကြာပြီးရင်တော့ ဆေးကြောနိုင်ပါတယ်။
ပုလင်းလေး တလုံးထဲမှာ သံလွင်ဆီ တဇွန်း၊ သံပုရာအဆီ သို့မဟုတ် လာဗင်ဒါအဆီ အစက်ကလေး နည်းနည်းထည့်။ ရေလဲ အဲ့ဒီပမာဏလောက် ရောပြီး အရည်ပျစ်ပျစ်လေး ရအောင် လုပ်ရပါမယ်။ ဒီ အိမ်လုပ် foot cream ကို နေ့ဖက်သာမက တညလုံး လိမ်းထားနိုင်ပါတယ်။

(၉) ကွေကာ Oatmeal

(နို့မှုန့်၊ သကြား မထည့်ထားတဲ့) ကွေကာအုပ် တဇွန်းစာကို ဂျိုဂျိုဘာ အဆီနဲ့ ရောပြီး အနှစ်ခပ်ပျစ်ပျစ် လုပ်ထားပါ။ အဲ့ဒီအနှစ်ကို ခြေထောက်မှာ လိမ်းပေးရပါမယ်။ အထူးသဖြင့် ခြေဖနောင့်တွေနဲ့ တခြားအက်ကွဲနေတဲ့ နေရာတွေမှာ လိမ်းပေးပါ။ နာရီဝက်လောက် ထားပြီးရင်တော့ ရေအေးနဲ့ ဆေးကြောပြီး ခြောက်အောင် လက်နဲ့ပုတ်ပေးပါ
ခြေဖနောင့်က အက်ကွဲကြောင်းတွေ အားလုံး ပျောက်ကင်းသွားတဲ့ အထိ နေ့တိုင်း လိမ်းပေးသွားရမှာ ဖြစ်ပါတယ်။

(၁၀) Sesame Oil နှမ်းဆီ

နှမ်းဆီကို ခြေဖနောင့်မှာနဲ့ ခြောက်သွေ့ အက်ကွဲနေတဲ့ နေရာတွေပေါ်ကို အိပ်ရာမ၀င်ခင် ညတိုင်း လိမ်းပေးရမှာပါ။ နှမ်းဆီကို အသားထဲ စိမ့်ဝင်သွားတဲ့အထိ နှိပ်နယ် လိမ်းပေးသွားရမှာ ဖြစ်ပါတယ်။ ညတိုင်း လိမ်းပေးသွားရင် ခြေဖနောင့် ကွဲတာတွေ ပျောက်ပြီး စတိုင်လှလှနဲ့ ဖိနပ်စီး ရှိုးထုတ်နိုင်ကြပါပြီ။

စောနွဲ့နေဆိုင် (ပူတာအို)
Saw Noi Nay Saing - Putao
 
Sponsored by PRAEL Skincare

No comments:

Subscribe

လာလည်သူများ

free counters