♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 10, 2015

" လူစိတ်ပျောက်နေသူ အဖိုးကြီးတစ်ဦးအား ဇနီးနှင့် သားကို လှောင်အိမ်ထဲမှာ ချုပ်နှောင်ခဲ့မှုဖြင့် ဖမ်းဆီး "

 
အာဂျင်တီးနားနိုင်ငံကအသက်(၆၆)နှစ်အရွယ်ရှိအိုဗီယေဒိုဟာဇနီးဖြစ်သူနဲ့ အော်တစ်ဇင် ရောဂါခံစားနေရတဲ့ သားဖြစ်သူကို ကာလကြာရှည် ချုပ်နှောင် ခဲ့တာကြောင့် ဖမ်းဆီး စစ်ဆေး ခံနေရပြီ ဖြစ်ကြောင်း သိရပါတယ်။ အိုဗီယေဒိုဟာ အသက် ( ၆၁)နှစ် အရွယ် ဇနီးနဲ့ အသက် (၃၂)နှစ် အရွယ် သားဖြစ်သူ တို့ကို ချုပ် နှောင် ခဲ့ခြင်း ဖြစ်ပါတယ်။ ချုပ်နှောင်မှု အချိန် ဘယ်လောက် ပြုလုပ် ခဲ့သလဲ ဆိုတာ သိရှိရခြင်း မရှိပေမယ့် အနည်းဆုံး နှစ်နှစ်ဝန်းကျင် မှာ ရှိလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။

အိုဗီယေဒိုဟာ ပင်လယ် ကမ်းခြေနားမှာ ရှိတဲ့ နေအိမ်မှာ ဇနီးနဲ့ သားဖြစ်သူကို ချုပ်နှောင် ခဲ့တာ ဖြစ်ပါတယ်။ သားဖြစ်သူဟာ အော်တစ်ဇင် ရောဂါ ခံစား နေရပေမယ့် ဖေးမခြင်း မရှိတဲ့ အပြင် နှိပ်စက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။ သားဖြစ်သူကိုကြိုး၊ သံကြိုးစတာတွေနဲ့ ချည်နှောင် ခဲ့တဲ့ အပြင် အုတ်နံရံ ခတ်ထားတဲ့ အခန်းထဲမှာ ချုပ်နှောင် ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီးသားဖြစ်သူကို ခွေးစာတွေ
 ကျွေးခြင်း၊ ရေထဲကို ဓာတ်ဆီ ထည့်တိုက်ခြင်း တို့ကို ပြုလုပ် ခဲ့ပါတယ်။ တရားရေးဆိုင်ရာ တာဝန်ရှိသူတွေ ရောက်သွားချိန်မှာ ချုပ်နှောင်ထားတဲ့ အခန်းဟာ ငရဲစခန်း အလား ဖြစ်နေပြီး အညစ်အကြေးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အိုဗီယေဒို အနေနဲ့ ဘာကြောင့် ဒီလို လုပ်ရတာကို မသိရတာကြောင့် စုံစမ်း သွားမှာ ဖြစ်ပါတယ်။ အိုဗီယေဒိုမှာ အခြား သားသမီးတွေ ရှိနေပေမယ့် ကြောက်လန့်တာကြောင့် နှုတ်ပိတ် နေခဲ့ရတယ်လို့
သိရပါတယ်။

အိုဗီယေဒိုကို စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှု ပြုလုပ် သွားမှာ ဖြစ်ပြီး အပြစ်ရှိကြောင်း ထင်ရှားပါက အနည်းဆုံးထောင် ( ၁၅)နှစ် ချမှတ် ခံရမှာ ဖြစ်ပါတယ်။ အိုဗီယေဒိုရဲ့ လူမဆန်မှုဟာ အာဂျင်တီးနား နိုင်ငံသားတွေ အတွက် ဒေါသ ထွက်စရာ ဖြစ်ခဲ့ပြီး မိသားစုဝင်တွေကိုတောင် ချုပ်နှောင် နှိပ်စက် ခဲ့တာကြောင့် အပြင်းအထန် ဝေဖန် နေကြကြောင်း သိရပါတယ်။ အိုဗီယေဒိုရဲ့ ချွေးမဖြစ်သူက မိသားစုဝင်တွေဟာ ကြောက်လန့် လွန်းတာကြောင့် ဘာမှ ၀င်မပြောရဲခြင်း ဖြစ်ကြောင်း ထွက်ဆို ထားပါတယ်။ အိုဗီယေဒို ကတော့ သူ့အပေါ် တင်ထားတဲ့ စွဲချက်တွေကို ငြင်းဆိုထားကြောင်း သိရပါတယ်။

messenger news journal
Credit : http://www.lwinpyin.com/2015/09/blog-post_947.html?m=1

No comments:

Subscribe

လာလည်သူများ

free counters