♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 9, 2015

" ကုပ်ရိုး ကျီးပေါင်း တက်ရခြင်း အကြောင်း နှင့် လေ့ကျင့်ခန်းပုံများ "


ကုပ်ရိုး ကျီးပေါင်း မတက်စေချင် ရင်တော့ အနေအထိုင် သတိထား ရပါ လိမ့်မည် ဒီလိုရောဂါမျိုးတွေဟာ အသက် အရွယ်လေး ရလာပြီ ဆိုရင် ဇာတိပြလာ တက်သော ရောဂါမျိုး လည်း ဖြစ်ပါတယ် ။ ဒါကြောင့် အဲဒီရောဂါ မဖြစ် အောင် ကြိုတင် ကာကွယ်ချင် ပါတယ် ဆိုရင်တော့ ရာနှုန်းပြည့် ကြိုတင်ကာကွယ် လို့  မရသော ရောဂါမျိုး လည်း ဖြစ်ပါတော့တယ်။

ကာကွယ်နိုင် သည့် သဘော ကတော့ လည်ပင်းညောင်း လာလျှင် ဦးခေါင်း ကို တဖက်စီ အသာရာ လှည့်ချိုးပေးပါ ဒီနေရာ မှာ အဓိကပြောချင်တာက ဇာက်ချိုး ရတယ် ဆိုတော့ တစ်ချိုက အားနဲ့ လှည့် ချိုးကြ ပါတယ် ။ 


အဲဒီလို လုပ်ဆောင်ချက် ဟာ လွဲမှားခြင်း ဖြစ်နေကြောင်း ကိုလည်း အထူး သတိရှိစေ ချင်ပါတယ် ။

စာအုပ် စာပေ ဖတ်သူများ အနေဖြင့် ကြာရှည်စွာ ခေါင်းငုံ့ စာဖတ်ခြင်းမျိုး ကို အထူးပင် ရှောင်ရှားသင့်ပါ သည်။ 

ကွန်ပျုတာ နှင့် ဖုံး များကို ရေရှည်ကြည့်ခြင်း သုံးစွဲခြင်း များကို လုပ်ဆောင်နေ ပါက ဦးခေါင်း ကို တည့်မတ် စွာ သုံးစွဲခြင်းဖြင့် အကြော များ ပြေလျော့နေသည့် ပုံစံမျိုးဖြစ်နေပါစေ။

ညပိုင်း အိပ်စက်သည့် အခါတွင် ခေါင်းအုံး အမာ များနှင့် အမြင့် ထားပြီး အိပ်ခြင်း မျိုးသည် ကုပ်ရိုး ကျိုးပေါင်း တက်ခြင်း ကို ဖြစ်ပေါ်စေပါသည်။ ဒါကြောင့် ညပိုင်း အိပ်စက်သည့် အခါတွင် ခေါင်းအုံး သည့် မနိမ့်အမြင့် အနေ ထားဖြင့်သာ အိပ်စေ သင့်ကြောင့် ပြောကြားပါရစေ။

ကုပ်ရိုး ကျီးပေါင်းတက်ခြင်း လက္ခဏာများ အနေ ကတော့ နောက်စေ့ နောက်ဖက် အောက်ဘက် နေ
ရာတွေ မှာ မကြာခဏ ကြာရှည် စွာ ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်ခြင်း၊ လည်ကုပ် တစ်ဆင့် နောက်စေ့၊ ပခုံး၊ လက်ဖျံ နှင့် လက်မောင်း တစ်လျှောက်တွေ မှာ နာကျင်ခြင်းများ ဖြစ်ပေါ်လာခြင်း၊

 ခေါင်းလှည့် စဉ်တွင် မူးဝေခြင်း များလည်း ဖြစ်ပေါ်လာသည့် အပြင် အိပ်နေစဉ် ခေါင်း လှုပ်ရှားရင် လည်ကုပ်နေ ရာတွေနှင့် ပခုံးတွေ မှာ နာကျင်ခြင်းများ ဖြစ်ပေါ် လာခြင်းနှင့်အတူ လက်နှစ်ဖက် ရဲ့ လက် ဖျားလေးတွေ မှာ ထုံကျဉ်ခြင်း များ ဖြစ်ပေါ်လာသည့် အကြောင်း များသည် ကုပ်ရိုး ကျီးပေါင်း တက်ခြင်း ရောဂါ လက္ခဏာများ ပင်ဖြစ်ပါ တော့သည် ။

အသက်ရာကျော်ရှည်ပါစေ
===========================
 
လေ့ကျင့်ခန်းများ
 
 
 
neck side bend exercises 
Neck exercises- side rotation 
Neck strecthing exercise with hand 
Neck exercise side rotation with hand 
Neck pain relief exercise with ball 
Neck pain relief exercise with shoulders 
 
 
ကျီးပေါင်းတက်သူများအတွက် လေ့ကျင့်ခန်းပုံများကို ရောရောသမမွှေမှ ဂူးဂဲလ်မှ ရှာဖွေတင်ပြထားခြင်းဖြစ်ပါသည်။
Credit - http://lwanmapyay.blogspot.com
Credit : http://yinkhwinlam.blogspot.co.uk/2014/08/blog-post_90.html?m=1

No comments:

Subscribe

လာလည်သူများ

free counters