♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 8, 2015

" အသက် ၁၁နှစ်အရွယ် သားဖြစ်သူကို စုန်းအတတ်လိုက်စားသည်ဟုဆိုကာ မိဘနှစ်ဦးစလုံးက သားဖြစ်သူကို မီးရှို့သတ်ရန်ကြိုးစား "


နိုင်ဂျီးရီးယားနိုင်ငံက ပုလိပ်တွေ ပြောဆိုတာက မိဘနှစ်ဦးကို သားအရင်းဖြစ်သူအား စုန်းဖြစ်သည်ဟုဆိုကာ မီးရှို့သတ်ရန်ကြံစည်
မှုနှင့်ဖမ်းဆီး အရေးယူထားကြောင်း သိရပါတယ်။
Akwa Ibom (အက္ကဝါ အီဘွမ်) အရပ်မှ အသက် ၁၁နှစ် အရွယ်ရှိတဲ့ကလေး (Nmeyene Christopher Eyo)  နေမ်ယေနေ ခရစ္စတိုဖာ အျို ကို Christopher Amos Essie (ခရစ္စဖာ အေမောစ် အက်စ်စီး) နှင့် Amos Johnson (အေမောစ် ဂျောန်စင်)တို့
မီးတင်ရှို့ခဲ့ကြပါတယ်။

စစ်ဆေးမေးမြန်းသူတွေကို ကလေးငယ် ပြောကြားခဲ့တာကတော့ သူ့မိဘတွေနှင့် ပြသနာတက်ရခြင်းရဲ့ အကြောင်းရင်းကတော့ သူဟာ ဘီစကွတ်တွေ ကျွေးတာ ခံခဲ့ရကြောင်း အိပ်မက်မက်ခဲ့တယ်လို့ တမနက်မှာ အဘွားဖြစ်သူကို သူကပြောပြမိရာ သူမက သူ့အဖေကို ဒီကလေးဟာ စုန်းဖြစ်တယ်၊ ဒီကလေးကို အမြန်ဆုံးကုသရမည် သို့မဟုတ်ပါက မိသားစု တစုလုံးကို ဒီသူငယ်က ဖျက်ဆီးလိမ့်မည်လို့ ပြောဆို အသိပေးခဲ့ပါတယ်။

သူတို့တွေဟာ ကလေးငယ်ကို အမျိုးမျိုးကြိုးစာကာ ကုသခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မိခင်ဖြစ်သူဟာ ကလေးငယ်ကို ခရစ်ယာန် ဘုရားကျောင်းသို့ ခေါ်ဆောင်သွားပြီး မီးလောင်စေသော အရည်များ ပက်ဖျန်းကာ မီးတင်ရှို့ခဲ့ပါတယ်။ 


ကံကောင်းစွာဖြင့် ကလေးငယ်၏ ညီဖြစ်သူ Christopher Samuel (ခရစ္စတိုဖာ ဆင်မြူရယ်လ်) က အနီးအနားရှိ အကူအညီပေးနိုင်မည့်သူများကို အကူအညီတောင်းခံသဖြင့် ကလေးငယ် အသက်မသေပဲ လွတ်မြောက်သွားခဲ့ပါသည်။ 

ရောရောသမမွှေမှ အောက်ပါလင့်မှ ပြန်ဆိုထားပါသည်။ 

Credit: http://www.worldwideweirdnews.com/2014/08/20-n34049.html


 

        တို့တွေဟာ စုန်းတွေ မဟုတ်ကြဘူး......

No comments:

Subscribe

လာလည်သူများ

free counters