♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 7, 2015

"အသဲကွဲ တောင်ထိပ်ပေါ်က သူရဲကောင်း တောင်ဆိတ်များ ပုံပြင် "

 
တရုပ်ပြည် တနေရာမှာ အသဲကွဲတောင်ထိပ် လို့ခေါ်တဲ့ တောင်တန်း တစ်ခု ရှိပါတယ်။ အဲ့ဒီတောင်တန်း ရဲ့ ထူးခြားချက် ကတော့ တောင်တန်းကြီး ဟာဆိုရင် တောင်ထိပ် ကနေ အောက်ခြေရောက်တဲ့ အထိ ဓါးနဲ့ ခွဲ ထားသလို နှစ်ခြမ်းကွဲနေပါတယ်။ 

အဲဒီလို ပိုင်းခြား ထားတဲ့ အပိုင်းနှစ်ပိုင်း ဟာ တစ်ဖက်နဲ့ တစ်ဖက် (၁ဝ) မီတာလောက် ဝေးပါတယ်။ ကွဲကွာနေတဲ့ အောက်ခြေနေရာမှာတော့ အင်မတန်မှရေစီးသန် တဲ့ စမ်းချောင်း က ဖြတ်သန်း စီးဆင်းနေ ပါတယ်။ အဲ့ဒီတောင်တန်းပေါ်မှာတော့ တောင်ဆိတ်တွေ ကျက်စား နေထိုင်ကြ တဲ့နေရာလေးဖြစ်ပါတယ်။

 တောင်ဆိတ် များဟာ ရိုးရိုး ဆိတ် ထက် အကောင် အားဖြင့် ကြီးမာပြီး အထီးရော အမ ပါ နှုတ်ခမ်းမွှေးနဲ့ ဦးဂျို  ပါ ရှိကြပါတယ်။ အထူးခြားဆုံး ကတော့ ခုန်တဲ့နေရာ မှာ အင်မတန်တော် တဲ့ သတ္တဝါ ဖြစ်ပါတယ်။ သူတို့တွေ ဟာ (၆)မီတာ ထိအောင် ခုန်နိုင်ပါတယ်။ နောက်ပြီး သူခုန် လို့ ကျတဲ့နေရာ မှာ ခြေစုံရပ်ဖို့ မလိုပဲ ခွာတစ်ချက် ချဖို့ ရတာနဲ့ မနား ပဲ ဆက်တိုက် ခုန်နိုင်စွမ်း လည်းရှိပါတယ်။ 

ရှားပါးပြီး ဆေးဖက် ဝင်တဲ့ သတ္တဝါ မျိုးဖြစ်တဲ့ အတွက်ကြောင့်လည်း မုဆိုး လုပ်သူများ ဟာ ခက်ခက် ခဲခဲ  ရှာဖွေ ဖမ်းဆီးရပါတယ်။ တောင်စောင်းတောင်ထိပ်များ မှာသာ ကျက်စားလေ့ ရှိတဲ့ အတွက်ကြောင့်လည်း ဖမ်းဆီးဖို့ကို မဆိုထား နဲ့ တွေ့ရဖို့တောင် အင်မတန် မှ ခက်ခဲလှပါတယ်။ ကျွန်တော်ဟာ မုဆိုးတစ်ယောက် ပါ။ 

ဒါကြောင့် ခုလို ရှားပါတဲ့ တောင်ဆိတ်ကို ပစ်ခတ် ဖမ်းဆီးနိုင်ဖို့ရန် အသဲကွဲတောင်ကြား ကို သွားခဲ့ပါတယ်။ ခက်ခဲစွာ နဲ့ တောင်ဆိတ်တွေ ရှိရာအသဲ ကွဲတောင်ထိပ် ကို ရောက်အောင် တက်လာခဲ့ ပါတယ်။ တောင် ထိပ်ရောက်တော့ တောင်စွန်း တစ်နေရာမှာ စုဝေးနေတဲ့ တောင်ဆိတ်တွေ ကို တွေ့ရပါတော့တယ်။ 

ကျွန်တော်တို့ အဖွဲ့ဟာ တောင်ဆိတ်တွေ ထွက်ပေါက်နေရာတွေ အားလုံး ကို ပိတ်ဆို့ ထားလိုက်ပါတယ်။ ထွက်ပေါက်ဆို လို့ ထက်ချမ်း ကွဲနေတဲ့ တောင်တစ်ဖက် ကမ်း သာလျှင်ရှိပါတော့တယ်။ ဒီအချိန် မှာ တောင် ဆိတ်တွေ ဟာ သူတို့ အသက်အန္တရယ် ကို ကြောက်လန့်နေ တာကြောင့် ပျာယာခက်နေပါတယ်။ သူတို့ လွတ်မြောက်ဖို့ ဆိုတာ တစ်ဖက်ကမ်းခြားနေ တဲ့ တောင်စောင်း
တစ်ဖက်တည်း သာလျှင် ရှိပါတော့ တယ်။

ကျွန်တော်တို့ ဟာ ပစ်ကွင်း ထဲရောက်နေ တဲ့သားကောင် ကို စိတ်ကြိုက် ပစ်ခတ်ဖမ်းဆီး ဖို့ရန် ပြင် ဆင်နေ ချိန် မှာပဲ အ သက် အန္တရယ် ကိုကြောက်နေ တဲ့ တောင်ဆိတ် တစ်ကောင် ဟာ မမျှော်လင့်ပဲ ကျွန်တော်တို့  ရှိရာ ကို တစ်ရှိန် ထိုးပြေး ထွက်ဖို့ကြိုးစား ပါတယ်။ ဒါပေမဲ့ သူဟာ ကျွန်တော်တို့ ရဲ့ သေနတ်အောက် မှာပဲ အသက်စတေး လိုက်ရပါတယ်။

 နောက် တစ်ကောင် က ကြောက်လန့် စွာ နဲ့ တစ်ဖက် ကမ်းပါး ကိုကြိုးစား ပြီးခုန်ကူးပေမဲ့ လိုရာခ ရီးကို မရောက်ပဲ တောင် ကြား ကို ဖြတ်စီးဆင်းနေတဲ့ စမ်းချောင်း ထဲကို ကျရောက်သေဆုံး သွား ရပါတော့တယ်။ ကျွန်တော်တို့ ဟာ သေနတ် ကို နောက်ထပ် အသုံးမပြုမိအောင် ဂရုစိုက်နေရ ပါတော့ တယ်။ သေနတ် သံကြောင့် လည်းတောင်ဆိတ်တွေဟာ ပိုပြီးပျာယာ ခတ်နေပါတော့ တယ်။

 ကြောက်လန့်စိတ် နဲ့ တောင်တစ် ဖက် ကမ်းကိုသာ ခုန်ကူးမယ် ဆိုရင် စမ်းချောင်းထဲမျှောပါ ပြီး ဆုံးရှုံး ကုန် မှာကို ကျွန်တော်တို့ မလိုလားပါ ဘူး။ ဒါကြောင့် ကျွန်တော်တို့ အဖွဲထဲမှ တစ်ဖွဲကို တောင်ခြေ ကို ပြန် ဆင်း ခိုင်းပြီး စမ်းချောင်း တစ်နေရာမှာ စမ်းချောင်းထဲသေဆုံးမျောပါ လာတဲ့ အကောင်တွေ ကို ဆည်ယူနိုင်ဖို့ စီစဉ်ကြ ပါတယ်။ သူတို့ အဆင်သင့်ဖြစ်ချိန် မှာ အချက်ပေး လိုက်ဖို့ နဲ့ သူတို့ အချက်ပေးချိန် ကျမှ စတင်ပစ် ခတ်ကြဖို့ ဆုံးဖြတ်ကြပါတယ်။

 တောင်ခြေကို ပြန်ဆင်း သွားတဲ့ အဖွဲ့ရဲ့ အချက်ပေးသံ ကို စောင့်နေ တဲ့ ကျွန်တော်တို့ အဖွဲ့ဟာ မမျှော်လင့် တဲ့ အဖြစ် တစ်ခုကို တွေ့လိုက်ရပါတော့တယ်။ ပျာယာခတ် နေတဲ့ များစွာသော တောင်ဆိတ်တွေ ထဲမှာ တည်ငြိမ်စွာနဲ့ ရပ်နေတဲ့ ထူးဆန်း တဲ့ တောင်ဆိတ်ကြီး တစ်ကောင်ကို တွေ့လိုက် လို့ပါ။ 

ကျွန်တော်ဘေးနား မှာ ရှိနေတဲ့ အဖော် က "ဆရာ ဟိုမှာကြည့်ပါအုံး"..။ တစ်ခြားကောင်တွေနဲ့ မတူပဲ ဟို တစ် ဖက်ကမ်းကို တည်တည်ငြိမ်ငြိမ် နဲ့ လှမ်းကြည့်နေတဲ့ တောင်ဆိတ်ကြီး တစ်ကောင် က ထူးခြားလှ ချည်လား လို့ ပြောတော့ ကျွန်တော် က ဒါဟာ တောင် ဆိတ်တွေ ရဲ့ ခေါင်းဆောင်ဖြစ်မှန်း သိလိုက်ပါပြီ။ 

မကြာခင် မှာပဲ အဲ့ဒီတောင်ဆိတ် က တစ်ချက်အော် လိုက် တယ် ဆိုရင်ပဲ ခုနက ယောက်ယက် ခက်နေ တဲ့ တောင် ဆိတ်တွေဟာ ငြိမ်သက် သွားပါတော့ တယ်။ တောင် ဆိတ် ခေါင်းဆောင်ကြီး ဟာ တောင် ဆိတ်တွေ ရဲ့ အလယ် မှာ ဝင်ရပ်ပြီး နောက်ထပ် အသံ တစ်ချက် ထပ်ပေး လိုက်ချိန် မှာတော့ သူတို့ တစ်တွေ ဟာ အဖွဲ့ နှစ်ဖွဲ့ကွဲထွက် သွားတာကို ထူးဆန်းစွာတွေ့ လိုက်ရပါတော့တယ်။ 

ဒီထက် အံသြဖို့ ကောင်းတာ က တစ်ဖက် က အဖွဲ့ ဟာ အသက်ကြီး တဲ့ မျိုးဆက်ဟောင်း အုပ်စု နဲ့ တစ်ဖက် မှာတော့ အသက်ငယ် တဲ့ မျိုးဆက်သစ် အုပ်စု ဖြစ်နေတာကို ပါ။ နောက်တော့ တောင် ဆိတ်ခေါင်းဆောင် ကြီးဟာ အသက်ငယ်တဲ့ အဖွဲ့ထဲကအကောင်နှစ်ကောင်ကို စိုက်ကြည့်လိုက်တော့ အဲ့ဒီမျိုးဆက် သစ်ဖြစ်တဲ့ အကောင်နှစ်ကောင် ဟာ မျိုးဆက်ဟောင်းဖြစ်တဲ့ အုပ်စု ဆီ သွားရောက် ပူးပေါင်းလိုက်ပါတယ်။

 သေသေချာချာ ကြည့်လိုက်တော့ အဲ့ဒီနှစ်ကောင် တစ်ဖက်အုပ်စု ကို ရောက် သွားတော့ မှ တစ်ဖက်နဲ့ တစ် ဖက်ဟာ အကောင် အရည် အတွက် တူညီ သွားတာကို တွေ့ရပါတယ်။ နောက်တော့ မှ အုပ်စုနှစ်စု ဟာ တစ် ဖက်ကမ်း ကို မျက်နှာမူ လျှက် ခုန်ကူး ဖို့ အသင်ြ့ဖစ်နေပါတော့တယ်။ ခေါင်းဆောင် ဆိတ် မှ အချက်ပေးအော် လိုက်သံ စတယ် ဆိုရင်ပဲ မျိုးဆက်ဟောင်း ဖက် မှ တစ်ကောင် နဲ့ မျိုးဆက်သစ်ဖက် မှ တစ်ကောင် တွဲပြီး တရှိန် ထိုး အား စိုက်ခုန်ပါ တော့တယ်ဗျာ။ 

လျှင်မြန်တဲ့ မျိုးဆက်သစ် က ခုန်ပြီး လို့ စက္ကန့်ပိုင်း မှ မျိုးဆက်ဟောင်း ခုန်ပါတယ်။ ကျွန်တော် ထင်တာက တစ်ကောင်တည်း ခုန်မချ ရဲ လို့ နှစ်ကောင်စီ တွဲ ခုန်ဆင်းကြတယ် လို့ ထင်မိခဲ့တာ ပါ။ မြင်လိုက် ရတဲ့မြင် ကွင်းလေး ကတော့ ပထမ မျိုးဆက်သစ် အကောင်လေး ခုန်လို့ အရှိန် ကုန်ပြီးပြန် အကျမှာ နောက်က ဆက် တိုက်ခုန် လိုက် လာတဲ့ မျိုးဆက်ဟောင်း ဆိတ်ကြီး က မျိုးဆက်သစ် ရဲ့နောက်ခြေ အစုံကို သူ့ရဲ့ ဦးခေါင်းနဲ့ ခံပေး လိုက်တဲ့ ဖြစ်ရပ်ပါ။

 ဒီအချိန် မှာတော့ မျိုးဆက်သစ် ဆိတ်ငယ်လေး ဟာ မျိုးဆက်ဟောင်း ရဲ့ ဦးခေါင်း ကိုခြေစုံ ကန် အားပြုပြီး ထပ် ခုန်လိုက်တော့ သူလို ရာ တစ်ဖက်ကမ်း ဆို တဲ့ နေရာ သစ်လေး ကိုရောက်လို့ သွားပါတော့တယ်ဗျာ။ မျိုးဆက်သစ် ဆိတ်လေး ဟာ သူလိုရာ ခရီးရောက်သွား လို့ ဝမ်းသာ တဲ့ အသံနဲ့ အောင်ပြီ လို့ ဟစ်အော် လိုက် ချိန်မှာတော့ မျိုးဆက်ဟောင်းဖြစ်တဲ့ ဆိတ်ကြီး ကတော့ ကြမ်းတမ်း တဲ့ စမ်းချောင်း ထဲကို ကျဆင်း လို့ သေပွဲ ဝင်သွားပါတော့တယ်။ 

မျိုးဆက်သစ် နဲ့ မျိုးဆက်ဟောင်း တွဲတွဲပြီး ခုန်လိုက်တိုင်း ခုန်လိုက်တိုင်း မှာ မျိုးဆက် သစ်တွေနေရာ သစ် ရဖို့ အတွက် လိုရာ ပန်းတိုင်ရောက် ဖို့ မျိုးဆက်ဟောင်း ဆိတ်တွေ မှာ သူတို့ ဦးခေါင်းကို လမ်းသဖွယ် အနင်းခံ အကန် ခံရင်း တစ် ကောင်ပြီး တစ်ကောင် မရဏ စမ်းချောင်း ထဲ အသက်တွေကို ပေးဆက် သွားခဲ့ပါတယ်။

 
 တောင်အောက် စမ်းချောင်း မှာ အပေါ် ကနေပစ်ချ လို့ ကျလာမဲ့ ဆိတ်တွေကို ဆည်ယူ ဖို့သွားစောင့်တဲ့ အဖွဲ့ က စတင် ပစ်ခက်ဖို့ ရန် အချက်ပေးလိုက် ချိန် မှာတော့ ဒီဖက် ကမ်း မှာ တောင်ဆိတ်ဆို လို့ ခေါင်းဆောင်ဖြစ် တဲ့ တောင်ဆိတ်ကြီး တစ်ကောင်တည်း သာ ကျန်ရစ်နေပါတော့တယ်။ 

ကျွန်တော်တို့ အံသြလို့ မှ မဆုံးခင် တောင်ဆိတ်ကြီး ဟာ ကျွန်တော်တို့ ကို စိုက်ကြည့်ရင်း နဲ့ ကျွန်တော်တို့ ဆီ ကို တစ်လှမ်းချင်း လှမ်းလို့ လာနေခဲ့ ပါတယ်။ သူမျိုး ဆက်သစ်တွေ လိုရာ ပန်းတိုင် ကို ရောက်သွား လို့ပဲလား သူနဲ့ တန်း သူ့မျိုးဆက်ဟောင်းတွေ ကျဆုံး သွားလို့လား ဆိုတာတော့ မသိပါ။ သူဟာ သူ့သက်ကို အလေး မထားတော့ပါ။ 

သူ့ အတွက် သေခြင်း နဲ့ ရှင်ခြင်း ဆိုတာ သူနဲ့ မဆိုင်တော့ သလိုပါပဲ။ ဒါပေမဲ့ မြင်လိုက် ရတဲ့ သူမျက်လုံးတွေနဲ့ သူ့ သဏ္ဍန်မှာတော့ ရဲဝံ့တဲ့ အားမာန်တွေ အပြည့်နဲ့ပါ။ ကျွန်တော်ဟာ သေနတ်ခလုတ်ကို ဆွဲဖို့အင်အား မရှိ့တော့ပါဖူး။ နောက်ဆုံးတော့ ခေါင်းဆောင်ဆိတ်ကြီးက ကျွန်တော်တို့ကို တိုးဝှေ့ခုန်ကျော်သွားသလား? ကျွန်တော်တို့ကပဲ လမ်းဖယ်ပေးလိုက်ကြ သလား ဆိုတာကိုတောင် မသိလိုက်တော့ပါဘူ။

 တကယ်တော့ ကျွန်တော့်မျက်စိထဲမှာမြင်နေတာက တောင်ဆိတ် မဟုတ်တော့ပါဖူး။ လူတွေလုပ်နိုင်ခဲတဲ့ အလုပ်ကို လုပ်သွားကြတဲ့ တကယ်သူရဲကောင်းတွေပါ။ စမ်းချောင်းထဲအသက်စတေးလိုက်ကျတဲ့ တကယ့် သူရဲကောင်းတွေ မျိုးဆက် သစ်တွေ ရှင်သန်ဖို့အတွက် မရဏလမ်း ခင်းပေးလိုက်ကြတဲ့ သူရဲကောင်း... တကယ့်သူရဲကောင်းကြီးတွေ ။

 အော်...သူတို့တွေ ဟာ တကယ်တော့ ဘယ်သူ မှ မသိလိုက် ကြတဲ့ အသဲကွဲတောင်ကမ်းပါး တစ်နေရာက စမ်းချောင်း ထဲမှာ မျိုးဆက်သစ်တွေနေရာ သစ်ပန်းတိုင် ကို အရောက်လှမ်းနိုင် ဖို့ အသက်ကို စွန့်လွတ် သွားကြ တဲ့ တကယ့် သူရဲကောင်းတွေပါဗျာ..... ။ 

အဲ့ဒီ အချိန်က စပြီး ကျွန်တော်ဟာ သူတို့ကို ဂုဏ်ပြု့သော အားဖြင့် ဘယ်တော့ မှ တောင်ဆိတ်တွေ ကို ဖမ်းဆီး ခြင်း မလုပ်တော့ ပါဘူး လို့ ခိုင်ခိုင် မာမာပဲ ဆုံးဖြတ် လိုက်ပါတော့တယ်။

 ကျွန်တော့် ရှေ့မှာတော့ ဘယ်တောင်ဆိတ် ကို မှ မမြင်ရတော့ ပါ။ ဒါပေမဲ့ အာရုံထဲ မှာ မြင်နေရတာက ...... သူရဲကောင်းတွေ ရဲ့ ရဲဝံ့ တဲ့ လုပ်ရပ် သူရဲကောင်းတွေ ရဲ့ စိတ်ဓါတ် နဲ့ သူတို့တွေ ရဲ့ ပုံရိပ်တွေ ပဲ ဖြစ်ပါ တယ် ။။။။။။

 ကြားခဲ့ဖူးသော တရုပ် သူရဲကောင်း ပုံပြင် မှ စိတ်ကူး ပုံဖော်ထား ပါသည်၊ 


 ရွှေအိမ်စည် စာကြည့်တိုက် - စာပေ ဒါနပြုသည်
 လေးစားလျှက်...... 

DaBoeDwe
 https://www.facebook.com/shweaeimsilibrary?ref=bookmarks

Credit : http://layietcho.blogspot.co.uk/2015/01/blog-post_36.html?m=0#more

No comments:

Subscribe

လာလည်သူများ

free counters