♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 6, 2015

" ပထမဆုံး လူချင်းတွေ့ ဒိတ်လုပ်တဲ့အခါ ဒီအချက်တွေ ရှောင်သင့်တာ "

 
 တစ်စုံတစ်ဦးနဲ့ စတင် ချိန်းတွေ့တော့မယ်ဆိုရင် သင့်အနေနဲ့ မလုပ်ဆောင်သင့်တဲ့ အရာတွေ ရှိနေပါတယ်။ သင်နဲ့အွန်လိုင်းမှာ ဘယ်လောက်ထိ ခင်မင်ခဲ့ ခင်မင်ခဲ့၊ သင့်အကြောင်းတွေ ပြောဖူးခဲ့ပါစေ၊ လူချင်းတွေ့ဆုံတဲ့ ပထမဆုံး အကြိမ်မှာတော့ သင်အနေနဲ့ ဒီအချက်တွေ လုံးဝရှောင်ကြဉ်သင့်ပါတယ်။

အလျင်စလို အကုန်ဖွင့်ဟပြောဆိုခြင်း
အချစ်ရေးနဲ့ ပတ်သက်မှု ရှိလာတဲ့အခါ အရေးကြီးအကြောင်းအရာ သို့မဟုတ် မိမိရဲ့ လတ်တလော ခံစားချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့ သင့်တော်ကောင်းမွန်တဲ့ အချိန်ကို စောင့်ဆိုင်းဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ပထမဆုံး ချိန်းတွေ့ရက်တွေမှာ အကုန်အစင်ဖွင့်ပြောလိုက်တာဟာ မိမိရဲ့ရှေ့ဆက်မယ့် အချစ်ရေးမှာ ပြသနာတွေဖြစ်စေတတ်ပါတယ်။

လိင်ကိစ္စကို အလျင်စလိုမဖြစ်နဲ့
မိမိလက်တွဲဖော်နဲ့ ရင်းနှီးမှုရဖို့ အချိန်ကောင်း တစ်ခုဆိုတာ ရှိပါတယ်။ သို့သော် ချိန်းတွေ့တွေ့ချင်း ဒီလိုအတူနေဖို့ ဆုံးဖြတ်လိုက်တာဟာ ဘယ်လိုမှ  မသင့်တော်ပါဘူး။ သူ/သူမနဲ့ ကိုယ်ထိလက်ရောက် ပတ်သက်မှု မရှိမီ မိမိလူဟာ မိမိနဲ့ ရင်းနှီးကျွမ်းဝင်ဖို့  အချိန်အများကြီး ရင်းနှီးလာအောင် လုပ်ရပါမယ်။

မကြာခဏ ဖုန်းခေါ်မေ့ဆေ့ခ်ျပို့တာမျိုး မလုပ်ပါနဲ့
အသက်အရွယ် ကွာဟမှုရှိနေရင်တောင် စတင်ချိန်းတွေ့တဲ့အခါ အဲဒီအကြောင်းကို ဖုံးကွယ်ထားဖို့ လိုပါတယ်။ ဖုန်းမကြာခဏ ခေါ်ဆိုလွန်းတာ၊ မေ့ဆေ့ခ်ျတွေပို့လွန်းတာဟာ ခံစားချက်ကို အနှောင့်အယှက်ဖြစ်စေပြီး နောက်ဆုံး
ပျက်သွားတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

မိမိအချစ်သူရည်းစားကို စောင့်ကြည့်ဖို့လို
ယုံကြည်မှု တည်ဆောက်ဖို့ မိမိချစ်သူကို စောင့်ကြည့် ထောက်လှမ်းဖို့ လိုပါသေးတယ်။

သူ/သူမ ပြောင်းလဲတာ ယုံကြည်မျှော်လင့်နေခြင်း
လူတွေအသက် ပိုကြီးတဲ့အခါ မပြောင်းလဲကြဘူးဆိုတာ သတိရပါ။ ဒါ့ကြောင့် မိမိလက်တွဲဖော်လည်း ပြောင်းလဲပြီး မိမိဖြစ်စေချင်တဲ့အတိုင်းဖြစ်လာမယ်လို့ သင်မျှော်လင့်လို့ မရပါဘူး။  

Ref: indiatimes

Credit : http://www.trend.com.mm/2015/09/04/relationships-7582

No comments:

Subscribe

လာလည်သူများ

free counters