♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 10, 2015

" ဝိတ်လျှာ့ချဖို့အတွက် ဟောင်ကောာင်မှ အမျိုးသမီးတစု နေကသိုဏ်းရှုခြင်း ကျင့်စဉ်ကိုကျင့်ကြခြင်း ခေတ်စားလာ "

ကိုယ်အလေးချိန် လျှော့ချတဲ့ နည်းလမ်းပေါင်းများစွာထဲမှာ အဆိုးရွားဆုံး ကိုယ်အလေးချိန်လျှော့ချတဲ့ နည်းလမ်း တစ်ခုထွက်ပေါ်လာပါတယ်။ ဟောင်ကောင်မှာ ရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ်အလေးချိန် လျော့ကျစေဖို့အတွက် နေကို စိုက်ကြည့်နေကြတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ဟောင်ကောင်ရဲ့ ရိုးရာ ကျန်းမာရေးသုံး အစားအစာ တွေဖြစ်တဲ့ လက်ဖက်စိမ်းနဲ့ ဓါတ်ပေါင်းချွေးထုတ်ခန်း တို့ဟာ ရေရှည် အသုံးပြုခြင်းမရှိကြတော့ပါဘူး။ ဒါပေမယ့်လည်း ခန္ဓာကိုယ် အလှအပ ကို ထိန်းသိမ်းဖို့အတွက် နေကို ကြည့်နေတာတော့ ဆိုးရွားလှပါတယ်။

အမျိုးသမီး တစ်ချို့ဟာ Sam Ka ကျေးရွာမှာ ရှိတဲ့ ကမ်းခြေမှာ နေမ၀င်ခင် နေကို တိုက်ရိုက်ကြည့်နေကြတာ ကို တွေ့ခဲ့ရတယ်လို့ Coconuts Hong Kong သတင်းဌာနကဖော်ပြထားပါတယ်။

အစားအသောက် ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရတော့ နေကို ကြည့်ခြင်းဟာ သင့် ကို ဆိုလာစွမ်းအင် စုပ်ယူခွင့်ပေးလိုက်တဲ့အတွက် သင့်အနေနဲ့ အစားအစာ တွေကနေ ကယ်လိုရီ ရယူဖို့ မလိုအပ်တော့ဘူး လို့ သိရပါတယ်။

"ကျွန်မတို့ဟာ အစာစားခြင်းကို အစားထိုးဖို့ နေကို ကြည့်ကြပါတယ်" လို့ ထို နေကိုကြည့်နေတဲ့ အမျိုးသမီးတွေထဲက တစ်ယောက်က Coconuts Hong Kong သတင်းဌာန ကို ပြောပြခဲ့ပါတယ်။

"ဒီကျင့်စဉ်ကို အောင်မြင်သွားတဲ့ ကျွန်မတို့ထဲက အမျိုးသမီး အချို့ဆိုရင် အခု အစာ လျှော့စားနေကြပါပြီ။ တစ်ချို့ဆို အစာလုံးဝ မစားတော့ပါဘူး" လို့ လည်း ဆိုပါတယ်။

ထို အမျိုးသမီး တွေရဲ့ ပြောပြချက်အရ ထိုကျင့်စဉ်ကို လေ့ကျင့်ဖို့အတွက် ဘာသာရေးဆိုင်ရာ လိုအပ်ချက်တွေ လည်း ရှိသေးတယ်လို့ သိရပါတယ်။

Mario
 

No comments:

Subscribe

လာလည်သူများ

free counters