♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 6, 2015

" စွန့်ပစ်ခံ ကလေးငယ် ခွေးမကြီးနို့ကို သောက်ပြီး အသက်ရှင် "


ချီလီနိုင်ငံမှာ စွန့်ပစ်ခံ ထားရတဲ့ အသက် ၂ နှစ် အရွယ် ကလေးလေး တဦးဟာ ခွေးမကြီးရဲ့ နို့ကို
သောက်ရင်း အသက်ရှင်နေ တာကို အိမ်နီးချင်း တွေက တွေ့ရှိခဲ့ ကြပါတယ်။

လမ်းလျှောက် စမ်းခါစ အရွယ် ကလေး aလးကို အရာရှိတွေက အာရီကာ ဒေသထဲက ကား အဟောင်းတွေ စွန့်ပစ်ရာ နေရာမှာ တွေ့ခဲ့ ရတယ်လို့ ဆိုပါတယ်။

အခြေအနေကို သွားကြည့် ခဲ့တဲ့ အရာရှိ ဒေးဂိုး ဂါဂျာဒိုက ကလေးဟာ စွန့်ပစ်ခံ ထားရတဲ့ ပုံစံမျိုး ဖြစ်ပြီး
ခွေးမကြီးရဲ့ နို့ကို စို့ရင်းနဲ့ အသက်ရှင်နေ ရရှာ တယ်လို့ ပြောပြ ပါတယ်။

ငတ်ပြတ်နေတဲ့ ကလေးက ကိုယ်ဝန်ဆောင် ခွေးမကြီး နို့ကို စို့နေတာကို တွေ့ခဲ့ရတာ အလွန်စိတ်
မကောင်း ဖြစ်ခဲ့ရတယ် လို့လည်း အိမ်နီးချင်း လောရီ အက်ကူဒါရိုက ပြောပါတယ်။

ကလေးလေးရဲ့ ဇာတ်လမ်းကြောင့် ချီလီမှာ လူတွေ ဒေါသထွက်စရာ ဖြစ်ခဲ့ကြပြီး အရာရှိတွေက ကလေး
ကို စောင့်ရှောက်ပေးဖို့ ခေါ်ယူသွားပါတယ်။

ချီလီ ကလေးငယ်စောင့်ရှောက်ရေးအဖွဲ့က မာစီလာ လပ်ဘရာနာက ဥရောပ ကမ်းခြေမှာ ပြောင်းရွှေ့
အခြေချတဲ့ မိသားစုထဲက ရေမြုပ်သေတဲ့ ကလေးတဦးရဲ့ အလောင်းကို တွေ့ရကြောင်း၊ ချီလီမှာ

နေ့ချင်းကြောင်တောင် လူမဆန်တဲ့ အခြေအနေကို မြင်တာပဲလို့ ပြောပါတယ်။

အစိုးရစာရင်းအရ ချီလီမှာ ကလေးငယ် ၃၄၀၀၀ ကို အစိုးရက စောင့်ရှောက်ထားရတယ်လို့ ဆိုပါတယ်။ ဒီလိုပဲ စွန့်ပစ်ခံရတဲ့ ကလေးငယ် ၁၆၀၀၀ ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။



DVB by ဒီဗွီဘီ


No comments:

Subscribe

လာလည်သူများ

free counters