♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 12, 2015

"စနစ်တကျ အကျိုးရှိရှိ ဆေးဖက်ဝင် ရေချိုးနည်း နှင့် မြင်သူတကာ သင့်ကို စွဲလမ်းလာစေမယ့် မှော်ရေချိုးနည်း "

သင့်ကိုပိုပြီးဆွဲဆောင်မှုရှိလာစေမယ့် မှော်ရေချိုးနည်းက ရေချိုးကန်ရှိရပါမယ်။ ရေချိုးကန်ထဲကို ရေအပြည့်ဖြည့်ပါ။ ပြီးတော့ နှင်းဆီပန်းပွင့်ဖတ်လေးတွေ အပြည့်ဖြစ်သွားအောင် ထည့်ပါ။ Vanilla ရနံ့ ဖယောင်းတိုင် ဒါမှ မဟုတ် Vanilla ရနံ့ အမွှေးတိုင် အချို့ကို ထွန်းပါ။ ရေထဲမှာ ၀င်စိမ်ပြီး သင့်ကိုယ်သင် သင်ဖြစ်ချင်တဲ့ အရမ်းလှတဲ့ ရုပ်ရည်မျိုးဖြစ်နေပြီလို့ နက်နက်ရှိုင်းရှုင်း (လေးလေးနက်နက်) စိတ်ကူးပါ။ ၅ မိနစ်လောက်ကြာရင် ဒီဂါထာလေးကို ရွတ်ဆိုပါ။ ((ရေချိုးကန်မရှိလဲ စည်ပိုင်းပြတ်ထဲ ရေထည့်ချိုးနိုင်ပါတယ်....))

"Lord of the Earth, Air, Fire, Sea 
Let the water beauty 
Shine through me." 

အသံထွက် 

{လော့ဒ်အောဖ် သည် အာသ်၊ အဲ၊ ဖိုင်းယား၊ စီး။
လက်တ် သည် ဝေါတား ဗျူးတီး။
ရှိုင်းထရူးမီး}

 ပြီးတော့ မိမိ စိတ်ကြိုက်အတိုင်း ရေချိုးနိုင်ပါပြီ။ ရေရဲ့ အလှက သင့်အပေါ်မှာ လင်းလက်တောက်ပပြီး သင်ဟာ
အရင်ကထက်ပိုပြီး ဆွဲဆောင်မှု ပိုရှိလာပါလိမ့်မယ်။ ဒီနည်းလေးက အရမ်းလွယ်ပြီး အရမ်းလည်း အကျိုးရှိပါတယ်။ ကရိကထလည်း မများဘူး။ ဖြစ်နိုင်မယ်ဆိုရင် စမ်းကြည့်စေချင်တယ်။ ထူးခြားတယ်မထူးခြားဘူးဆိုတာလေး ပြန်သိချင်ပါတယ်။ မယုံကြည်တဲ့သူများက မယုံကြည်ရင် နေပါ။ ယုံတဲ့သူများ စမ်းကြည့်ပါ။ အကျိုးမယုတ်ပါဘူး။

 Credit : http://www.mm-search.com/2014/10/blog-post_68.html 


"စနစ်တကျ အကျိုးရှိရှိ  ဆေးဖက်ဝင် ရေချိုးနည်း"
 

-ရေချိုးတဲ့အခါ ခြေထောက်ကို အရင်ရေလောင်းပါ။
-တဖြေးဖြေး ဒူး၊ ပေါင်၊ ခါး လောင်းပြီးမှတကိုယ်လုံး ရေချိုးပါ၊...
-ရေအဆင့်ဆင့်လောင်းနေတုံး ပါးစပ်ထဲမှာ ရေငုံထားတာက ကိုယ်ခန္ဒာကို
ရေလောင်းလို့ ထွက်လာတဲ့ အပူခိုးတွေမျက်စိကိုမရောက်အောင်အကာကွယ်
ပြုတာပါ၊
-ခန္ဒာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုံး ချမ်းစိမ့်စိမ့် ဖြစ်လာရင်ရေမချိုးပါနဲ့။
-ရေချိုးရင် ဖျားတာက အပူရှိလို့အပူငုတ် အပူရှပ်ချင်တာပါ။
-အပူထဲမှလာပြီး ချက်ချင်း ရေမချိုးပါနဲ့။
-ထမင်းစားပြီး ရေမချိုးသင့်ပါ။
-ရေမချိုးခင် ရေဝအောင် သောက်ပါ။
-ရေချိုးပြီးရင်ရေကို စင်အောင်သုတ်ပြီး ရေနွေးသောက်ပါ။”

ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ
------------------------------------
ဆီးချိုရောဂါ ရှိနေသူတယောက်ဟာ
နာရီဝက်ကြာရေချိုးတာ သွေးထဲက သကြားဓါတ် ၁၃% လျှော့နည်းတယ်။ ရေနွေး ၃၂-၃၅ ဒီဂရီကို ချိုးရင် အရေပြားက အပေါက်လေးတွေကို ပွင့်စေပြီး
အဆိပ်အတောက်တွေ ထွက် ကုန်မယ်။ ကြွက်သားနာတာ သက်သာမယ်၊ အူတွေ ပိုအလုပ်လုပ်နိုင်တယ်။ နေချိုးတာကို ၁ဝ-၂ဝ မိနစ်သာကြာပါစေ။
ရေအေး ၁၂-၁၈ ဒီဂရီကိုချိုးရင် စိတ်ဖိအားကျစေမယ်။ သွေးကြောလေးတွေကို ကျဉ်းစေလို့ သကြားဓါတ်
တက်စေမယ်။ အင်ပြင် ထတာမျိုးကို
Sodium bicarbonate (ဆော်ဒါ) ပါ တဲ့ ရေချိုးရင် သက်သာတယ်၊ ပိုးတချို့ကိုလဲ သေစေမယ်။ ရေနွေးနဲ့ချိုးတာဟာ တုပ်ကွေး၊ အအေးမိတာ သက်သာစေမယ်။
နှင်းခူနာ သက်သာစေမယ်။ ရေအေးထဲမှာ ခြေထောက်ကို စိမ်ပေးရင် ကောင်းကောင်း အိပ်ပျော်စေတယ်။
 ဖိုးသူတော်(www.phothutaw.com)
Credit : From New England Journal of Medicine


No comments:

Subscribe

လာလည်သူများ

free counters