♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 10, 2015

" ဒီတစ်ပတ်အတွက် ဟင်းအမယ် ပဲငံပြာရည်နဲ့ သံပုရာရည်နှပ် ကြက်ကြော်"

 
ပဲငံပြာရည်၊ သံပုရာရည်နဲ့ နှပ်ထားတဲ့ ကြက်ပေါင်ကြော်လေးဟာ ရိုးရှင်းပေမယ့် တကယ် အရသာထူးတဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်။ ပြင်ဆင်ချက်ပြုတ်ရလည်း လွယ်ကူပြီး အကုန်ကျသက်သာတဲ့ ချက်ပြုတ်နည်း တစ်ခုဖြစ်ပါတယ်။ကြက်သားကြော်ကြိုက်နှစ်သက်သူတွေအတွက်ယင်းချက်ပြုတ်နည်းလေးကိုဖော်ပြပေး
လိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်းများ

· ကြက်ပေါင်/ ကြက်တောင်ပံ ၁ ပေါင်

· ပဲငံပြာရည် ၁/၄ ခွက်

· သံပုရာရည် ထမင်းစားဇွန်း (၂) ဇွန်း

. တမာတို ကက်ချတ် ( ခရမ်းချဉ်သီး ဆော့) ၁ ခွက်
· ဆီ သင့်ရုံ
. ဆား သင့်ရုံ

လုပ်ပုံလုပ်နည်း။ ။
 
ကြက်သားကို သွားကြားထိုးတံ တုတ်အသစ်နှင့် အပေါက်လေးတွေဖြစ်အောင် နေရာအနှံ့ထိုးပေးပါ၊ ပြီးလျင်
ကြက်သား၊ ပဲငံပြာရည်နဲ့ တမာတိုဆော့ သံပုရာရည်ကို ပန်းကန်တစ်လုံးမှာ ရောပြီးလက်နှင့် သေချာနှံ့
အောင်နှယ်ပါ။ ပြီးလျင်.... ရေခဲသေတ္တာထဲ အနည်းဆုံး ၁ နာရီ နှပ်ထားရပါမယ်။
ဆီကို လက်ကိုင်တပ် ဒယ်တစ်လုံးနဲ့ သင့်ရုံသာ အပူပေးပါ။ ကြက်သားကို ရွှေနေညိုရောင်ရင့်ရင့်ဖြစ်သည်အထိ ဆီမြုပ်ကြော်ရပါမယ်။ ကျန်တာတွေလည်း ထိုနည်းအတိုင်း လုပ်ရပါမယ်။ ဆီတွေ စင်အောင် ပန်းကန်ပြားထဲ တစ်ရှူးခင်းပြီးထားပါ၊ တစ်ရှူါ်နှင့် စိုနေသော ဆီတွေကို တို့တို့ပေးလိုက်ရပါမယ်။

ထမင်းစားပန်းကန်သို့ ပြောင်းထည့်ကာ မိမိကြိုက်နှစ်သက်ရာ အရံဟင်းနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ။
Ref: 1mrecipes
 

No comments:

Subscribe

လာလည်သူများ

free counters