♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 6, 2015

" ကိုလူပျိုနဲ့ လယ်တောသူ "

 
ရှစ်တိုင်းတစ်ခွင် အုံ့ ကာဆိုင်း
မှိုင်းလို့ ရီမှောင် ညိုရောင်ဖြာသန်း
လျှပ်နွယ်လျှပ်ပန်း အာကာလန်းပ
ဆန်းလရာသီ ပန်းခတ္တာ
ဝတ်မှုံပျံ့ သင်း ပျိုတိုင်းဆင်ခြင်
မဆင်နဲ့ ပျို ပန်းညှိုးမပေါ့။

လူပျို။ ။ နားဆင်ကွယ် နားဆင်
မောင်အိုးစည်ဗုံမောင်း မိုးထက်သို့ လွှမ်း
နားကပ်ဆင်လေ့။
 
ကောက်စိုက်သမလေး။ ။ ချစ်ပါတဲ့ကြိုက်ပါ လူပျိုတွေ
လယ်ကန်သင်းက ပျင်းတိုင်းလာ
မချစ်နိုင်ပါလေ မကြိုက်နိုင်ပါလေ
နှမငယ်လေး ကိုယ်မအား
ရဲစားနှင့်လေး။

လူပျို။ ။ ဝါဝါသနပ်ခါးခေါက်ကိုလ
ကျောက်ပြင်ထက်တင်
လယ်ကွင်းပြင်ဘက်
သနပ်ခါးနှစ်ကိုလ
သွေးခြယ်ကာ အလှဆင်။
 
ကောက်စိုက်သမလေး။ ။ လယ်ကန်းသင်းဘောင်ပေါ်ရိုးက

ကိုလူပျိုတို့ ရေ....
မင်းမိန်းမ ကလေးတွေဆီ
ပြန်ပါတော့လေ
မျက်စိကို ဆံပင်မွေးစူး
စူးလှပေါ့လေး။
 
လူပျို။ ။ ပူလှတဲ့နေရောင်
ဝါခေါင်ပေမို့  တော်ပါသေး
နှမလေးကိုယ်ပေါ် ရက်စက်စွာကျ
ရင်မှမဖြေနိုင် ကောက်စိုက်တဲ့ပွဲ။
 
ကောက်စိုက်သမလေး။ ။ လယ်ကန်သင်းက ကိုလူပျို
အကြင်နာတွေပို ချိုသာတဲ့စကား
ညှင်သာစွာဆိုလေသလား ကိုယ်ပေါ်ခြုံလွှာ
အုပ်မိုးပေးပါတော့လား။
 
လူပျို။ ။ မေတွက်ငြင်းသာဘူး
အသက်ပင်သေစေ မှု ပါဘူး
ဘုန်းမောင်သက်သေ လက်ရုံးရည်ပြမည်
ကြည့်ပါတော့ကွယ်။
 
ကောက်စိုက်သမလေး။ ။ ပြောတိုင်းတော့မယုံပေါင်
တစ်ချုံကွယ် တစ်မယ်မေ့တာမို့ 
အိုကွယ်...နှမလေးမှာဖြင့်
ယုံရဲသေးဘူး။

လူပျို။ ။ တစ်ယောက်တစ်သက်မို့ 
နောက်ထပ်မလာ မေတွက်ရည်စူး
အလှူထူးကို ပြုထားတယ်လေ။
 
ကောက်စိုက်သမလေး။ ။ ဘဝသမားမို့  စိတ်ကူးယဉ်မအား
လယ်ကန်သင်းက ကိုလူပျို
ပြန်ပါတော့လား။

လူပျို + ကောက်စိုက်သမလေး။ ။ ချစ်စရာပွဲမို့  နွှဲ့ ပျော်စရာ
တို့ ရိုးရာ အမွေနှစ်မို့ 
သွေမပစ်ပါလေ တို့ တစ်တွေအတူနွှဲ့ 
ကောက်စိုက်တဲ့ပွဲ။

စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
Credit:

No comments:

Subscribe

လာလည်သူများ

free counters