♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 15, 2012

ရောရောသမထားပါတယ်

သူငယ်ချင်းရေ.. ထားခဲ့တဲ့ ရည်းစားတွေထက်.. နင့်ကို ငါ သံယောဇဉ်တွေ ပိုခဲ့မိတယ်..


အဲဒါ ဘာကြောင့်လဲ.ဘာကြောင့်လဲဆိုတော့သရုပ်ဆောင် ချစ်စုဟာ Video ဇာတ်ကား
များစွာ ရိုက်ကူး ခဲ့ပြီး TV ကြော် ငြာ ဘေဘုတ်များ အပြင် VCD အတော် များများကိုလည်း
လက်ခံ ရိုက်ကူးထား ပါတယ်။ မကြာခင်ကမှ "နှင်းခြွေဆောင်း" ဆိုတဲ့ Video ဇာတ်ကားကို
မြတ်သူအောင်၊ သÍ္ဇာနွယ်ဝင်း တို့နဲ့ အတူ ရိုက်ကူး ထားပြီး လက်ရှိမှာလည်း အနုပညာ အလုပ်တွေကို
ကြိုးစား ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။.
သူငယ်ချင်းရေ.. ခင်မင်လှပါချည်လို့ ကြွေးကြော်ထားတဲ့ အပေါင်းအသင်းတွေထက်.. နင့်ကို ပိုတွယ်တာ
မိတယ်.အဲဒါဘာဘာကြောင့်လဲ…..ဘာကြောင့်လဲဆိုတော့…..ကျန်းမာရေး ကတော့ လူတိုင်း အတွက်
 အရေးကြီးတာ ပေါ့နော်။ Model တွေ၊ မင်းသမီးတွေ ဆိုတာကလည်း လူတိုင်း အမြင်မှာက အနုအရွ၊
အလှအပ အလုပ်တွေကိုပဲ လုပ်နေ ရတယ် လို့ ထင်ကြတယ်။ ရုံးထဲမှာပဲ အလုပ် လုပ်ရတာ မျိုး မဟုတ်ဘူး။
 နေပူ ထဲမှာ ရော၊ မိုးရွာ ထဲမှာ ရော ရိုက်ရတယ်။ ဒါကြောင့် ကျန်းမာရေးက နံပတ်တစ် အရေးကြီးဆုံး
လို့တော့ ချစ်စု ထင်ပါတယ်။
သူငယ်ချင်းရေ.. ငါ လိုအပ်တာရှိခဲ့ရင်တောင်.. နင့်အတွက် အရင်စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချခဲ့တယ်..

အဲဒါ ဘာကြောင့်လဲ…တကယ်ဆိုဘာကြောင့်လဲဆိုတော့….မနက် အိပ်ရာ ထတိုင်း ရေသောက်တယ်။
 အိပ်ထမတင် ပြုလုပ်တယ်။ ခါး ကွင်း လှည့်တာတွေလည်း ပြုလုပ် ဖြစ်တယ်။ ဆောင်းတွင်း ဆိုရင် မနက်ပိုင်း
 လမ်း လျှောက်တယ်။
သူငယ်ချင်းရေ.. ချစ်လှပါချည်ရဲ့ဆိုတဲ့ နင့်ရည်းစားထက်.. ပိုမို ပေးဆပ်ချင်ခဲ့တယ်..


အဲဒါ ဘာကြောင့်လဲ.ဘာကြောင့်လဲဆိုတော့……..ချစ်စုက ရာသီဥတု အကူးအပြောင်း
အချိန်တွေမှာ လည်ချောင်း နာတာ၊ အသံဝင်တာ၊ နှာစေး ချောင်းဆိုးတာတွေတော့ ဖြစ်တတ်တယ်။
ဒါတွေကလည်း အရမ်း အအေးခံမိ တာရယ်၊ အပူအအေး မမျှတတာတွေ ကြောင့် ဖြစ်ရတာ ဆို
တော့လေ အတတ်နိုင်ဆုံးတော့ အအေး မပတ်အောင် အဓိကထား ဂရုစိုက် ဖြစ်ပါတယ်။
သူငယ်ချင်းရေ.. နေရာတကာ ဘုဂလန့်တိုက်တတ်တဲ့ ငါ့အတွက်.. နင့်အသိုင်းအ၀ိုင်းနဲ့
 အဆင်ပြေအောင် နေနိုင်ခဲ့တယ်..အဲဒါ ဘာကြောင့်လဲ…အေးလေဒါကဘာကြောင့်လဲဆိုတော
့……တစ်ခါတလေတော့ ရှိတာ ပေါ့နော်။ ချစ်စုက ပင်လယ်စာတွေနဲ့ မတည့်ပေမယ့် အရမ်း ကြိုက်တယ်။
 ဒါပေမဲ့ ကိုယ်နဲ့ မတည့်မှန်း သိသိနဲ့ တစ်ခါတလေ စားတယ်။ စားပြီးရင်တော့ ဆေးသောက်တယ်။
ဆေးသောက်ဖို့ မေ့သွားရင်တော့ အလာဂျီတွေ ထွက်လာ တာပဲ။ ဒါကြောင့် ပင်လယ်စာတွေ စားပြီးရင်
 ဆေးသောက်ဖို့ သတိလေးနဲ့ ဆင်ခြင် နေတယ်။
သူငယ်ချင်းရေ.. ဒီကမ္ဘာမှာ နင်မရှိရင် မဖြစ်ဘူးဆို မဟုတ်ပေမဲ့.. နင်သာ မရှိခဲ့ရင် ငါ့ဘဝ
ခြောက်ကပ်သွားနိုင်တယ်..အဲဒါ ဘာကြောင့်လဲ.ဘာကြောင့်ဆိုတော့….အဲလေ….ဒီ ရာ
သီမှာက အထူးသဖြင့် မိုးရွာလိုက်၊ နေပူလိုက် နဲ့ ဆိုတော့လေ ကျန်းမာရေး မထိခိုက်အောင်တော့
 ဂရုစိုက် ရတယ်။ နောက်ပြီး လူကြီးရော၊ လူငယ်တွေရော သွေးလွန်တုပ်ကွေး ဖြစ်နေကြတဲ့ အတွက်
အိမ်မှာ ဆိုရင် ခြင်တွေ မပေါက်ဖွား နိုင်အောင် သန့်ရှင်းအောင် ထားတယ်။ ခြင်ဆေးတွေ ဖျန်း တယ်။
ဘယ်အချိန် အိပ်အိပ် ခြင်ထောင်နဲ့ အိပ်တယ်။
ဘာကြောင့်လဲ.. ဘာကြောင့်လဲတွေနဲ့ ပုစ္ဆာထုတ်၊ အဖြေရှာစရာ မလိုခဲ့ပါဘူး..


အသေချာဆုံးအဖြေက ငါ့ရင်ထဲမှာ ရှိနေခဲ့ပြီးသားပါ..

အဲဒါဟာ.. နင့်ကို ချစ်လို့ ဆိုတာပါပဲ..ဒါလဲဟုတ်ရဲ့လားလို့..မဟုတ်ရင်လဲဘာကြောင့်လဲ..
 ချစ်စုတို့ ကတော့ လူပင်ပန်းတာ ထက် စိတ်က ပိုပြီး ပင်ပန်းတယ်လေ။ ပင်ပန်း လာရင် သီချင်း
နားထောင်တယ်။ သူငယ်ချင်းတွေနဲ့ စိတ်ပြေလက်ပျောက် မုန့် လျှောက် စားတယ်။ အားဆေးတော့
 ပုံမှန် မသောက်ဘူး။ အစားတွေ ပိုစားဖြစ်မှာ ကြောက်တယ်။ ပင်ပန်း လာရင်တော့ အင်နာဗွန်စီ
သောက်တယ်။ Natur Eကတော့ နေ့တိုင်း သောက်ဖြစ် ပါတယ်။

ဒီဘလော့ဂ်တွေထဲကနေရောရောသမထားပါတယ်…

No comments:

Subscribe

လာလည်သူများ

free counters