♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 10, 2012

ကင်းကိုက်ကင်းထိုးကင်းဆိပ်ဖြေနည်း(၊ရောရောသမ မပာုတ်ပါ

ကင်းကိုက်ကင်းထိုးကင်းဆိပ်ဖြေနည်း

ကင်းဆိုသည်မှာအဆိပ်ရှိပိုးကောင်တစ်မျိုးဖြစ်ပါတယ်။
ကင်းအမျိုးမျိုးရှိပါတယ်။သေးမွှားတဲ့ကင်းမှစပြီးအရွယ်
ကြီးမားတဲ့ကင်းမျိုးအထိရှိပါတယ်။ကင်းကိုက်ကင်းထိုး
မိပြီးအဆိပ်တက်သဖြင့်အသက်သေဆုံးရသည့်သူများ
ရှိကြသလိုအသက်မသေပဲရှိကာခံစားမှုရောဂါတစ်မျိုး
အားနာတာရှည်စွဲကပ်ခြင်းခံရတာလဲရှိပါတယ်။တချို့
ကင်းများ၏အဆိပ်မှာလူကိုအန္တရာယ်မပေးသော်လဲ
ပဲအလွန်နာကျင်သောဝေဒနာကိုခံစားစေရပါသည်။

ကင်းဆိုသည်မှာမှောင်မဲသောချောင်ကျသောနေရာများ
ရှိကျောက်တုံးများ၊သစ်တုံးများနှင့်ထရံကြားများကြမ်းကြား
များ၊သေတ္တာအောက်ဘီရိုအောက်အံဆွဲများအကြား၊နှင့်
အေး၍အမှောင်ကျသောနေရာမျာတွင်အနေများတတ်ပါ
သည်။ထို့ကြောင့်ထိုကဲ့သို့သောအရာဝတ္ထုများနေရာများ
ကိုသတိထားသင့်ပါသည်။လက်ဖြင့်အရမ်းကိုင်တွယ်ခြင်း
မပြုပဲသေချာစွာလှန်၍ကြည့်ခြင်း၊တုတ်ကိုအသုံးပြုခြင်း
များကိုပြုလုပ်သင့်ပါသည်။

ကင်းကိုက်ကင်းထိုးမိပါကထိုနေရာမှသွေးကိုညှစ်ထုတ်
ပစ်ပါ။နီးစပ်ရာဆေးခန်းကိုအမြန်သွားပြပါ။ကင်းကိုသတ်
နိုင်သော်ထိုကင်းသေကိုပါဆေးခန်းသို့ယူဆောင်သွားပါ။
ထိုကင်းအမျိုးအစားကိုကြည့်ရှု၍မည်သည့်ကင်းအမျိုးအ
စားဖြစ်သည်ကိုကြည့်ရှုကာ၎င်းကင်း၏အဆိပ်ကိုဖြေရန်
ဆရာဝန်သည်မည်သည့်ဖြေဆေးထိုးပေးရမည်ဆိုသည်ကို
လွယ်ကူစွာသိရှိနိုင်မည်ဖြစ်ပါသည်။မြွေကိုက်မိသော်လည်း
ထိုကဲ့သို့ပြုလုပ်ပါ။ချောင်ကြိုချောင်ကြားများ၊အရာဝတ္ထုများ
၏အောက်များ၊ကြားများကိုလက်ဖြင့်ခြေဖြင့်အရမ်းကိုင်ခြင်း
နင်းခြင်းလျှိုခြင်းများမပြုလုပ်သင့်ပေ။
ထို့ကြောင့်ကင်းကိုက်မိလျှင်ဆေးခန်းကိုသွား၍ဆေးကုသမှု
ကိုခံယူပါ၊မုချပျောက်ကင်းမှုရရှိပါလိမ့်မည်။

No comments:

Subscribe

လာလည်သူများ

free counters