♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 7, 2013

မိတ်ဆွေတစ်ဦးပို.ပေးတာပါ

  တစ်ခါတုန်းက တစ်မြို့မှတစ်မြို့သို့ ကူးသန်းသွားလာကာ ဦးထုပ်များကိုရောင်းချသူတစ်ဦး ရှိပါတယ်.. တစ်နေ့သောအခါ ဦးထုပ်သည်ကြီးဟာ  မြို့တစ်မြို့  မှအခြားမြို့သို့အသွား တောအုပ်ကြီး တစ်ခုကို ဖြတ်သန်းသွားရပါတယ်.. သူဟာ မေပန်းနွမ်းနယ်လွန်းတဲ့အတွက် ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အရိပ်အောက်မှာ ခေတ္တအနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်..သူ့ဦးထုပ်တွေ ထည့်ထားတဲ့ခြင်းတောင်းကြီးကို ဘေးမှာအသာချပြီး သစ်ပင်ခြေရင်းမှာ မောပန်းစွာ အိပ်ပျော်သွား ခဲ့ပါတယ်....
           သူပြန်နိုးလာတဲ့အချိန်မှာ သူ့ဦးထုပ်တွေအားလုံး ပျောက်ဆုံးနေတာကို တွေ့ရပါတယ်…ဦးထုပ်သည်ဟာ အံ့သြလွန်းစွာနဲ့ ပျောက်ဆုံးသွားတဲ့ ဦးထုပ်တွေကို လိုက်ရှာဖို့ဟိုဟိုဒီဒီ လိုက်ကြည့်တဲ့အချိန်မှာ သစ်ပင်တစ်ပင်လုံးပေါ်မှာမျောက်အုပ်စုလိုက်ကြီးကို တွေ့လိုက်ရပါတယ်..မျောက်တိုင်းရဲ့  လက်ထဲမှာလည်း ဦးထုပ်သည်ကြီး ရဲ့   ဦးထုပ်တစ်လုံးစီကို ကိုင်ဆောင်ထားကြပါတယ်..  ဦးထုပ်သည်ဟာသစ်ပင်ခြေရင်းမှာ ထိုင်ချလိုက်ပြီး သူ့ဦးထုပ်တွေပြန်ရအောင်ဘယ်လို လုပ်ရင်ကောင်းမလဲလို့  စဉ်း စားပါတယ်..စဉ်းစားနေရင်းနဲ့စိတ်ရှုပ်လာပြီသူ့ခေါင်းကို ကုတ်လိုက်မိပါတယ်......


                                                                                အံ့သြစရာ

       သစ်ပင်ပေါ်က မျောက်အားလုံးဟာလည်း သူလုပ်တဲ့အတိုင်း ခေါင်းတွေကိုကုတ်နေကြပါတယ်.. နောက် ဦးထုပ်သည်က သူ့ဆောင်းထားတဲ့ ဦးထုပ်ကို ကိုင်လိုက်တဲ့  အခါ   မျောက်တွေဟာလည်း အဲဒီအတိုင်းဘဲ လုပ်ပြန်ပါတယ်.. ဒါကိုတွေ့လိုက်တဲ့ဦးထုပ်သည်ဟာ သူ့ဦးထုပ်တွေ ပြန်ရဖို့ နည်းလမ်းကို စဉ်းစားမိပါတော့တယ်.. သူဟာဦးထုပ်ကို ခပ်ဝေးဝေး မြေပြင်ပေါ်ကို လွှင့်ပစ်လိုက်ပါတယ်.. မျောက်အားလုံးဟာလည်းသူလုပ်တဲ့အတိုင်း မြေပြင်ပေါ်ကို လွှင့်ပစ်လိုက်တဲ့အခါမှာတော့      ဦးထုပ်သည်ဟာသူ့  ဦးထုပ်အားလုံးကို ပြန်ရလိုက်ပါတယ်..

         နောက် နှစ်ပေါင်း ၅၀ကြာတဲ့အခါမှာ ဦးထုပ်သည်ကြီးရဲ့ မြေးတစ်ယောက်ဟာလည်းဦးထုပ်ရောင်းချသူ ဖြစ်လာပါတယ်.. သူဟာလည်း တစ်မြို့က တစ်မြို့ ကူးသန်းကာ  ဦးထုပ်ရောင်းချရင်း    တောအုပ်ကို ဖြတ်သန်းဖို့ ရောက်ရှိလာပါတော့တယ်..နေပူပြင်းလွန်းတဲ့ အတွက် သစ်ပင်ကြီးရဲ့ အရိပ်အောက်မှာ ခရီးတစ်ထောက်နားဖို့ဆုံးဖြတ်ပါတယ်.. သစ်ပင်အောက် ရောက်တဲ့အချိန်မှာ ဦးထုပ်တွေကို ဘေးမှာအသာချလို့အိပ်ပျော် သွားပါတယ်.. သူနိုးလာတော့ ဦးထုပ်တစ်လုံးမှ မရှိတော့တာကိုတွေ့လိုက်တဲ့အခါ သူငယ်စဉ်က အဖိုးထံမှ ကြားခဲ့ရဖူးတဲ့ ဇာတ်လမ်းလေးကိုပြန်သတိရသွားပါတယ်.. ဒါနဲ့ သစ်ပင်ပေါ်ကို မော့ကြည့်လိုက်တော့ သူ့အဖိုးတုန်းကလိုဘဲ မျောက်တွေဟာ သူ့ဦးထုပ် အားလုံးကို တစ်ကောင်ကို တစ်လုံးစီကိုင်ဆောင်ထားတာ တွေ့လိုက်ပါတယ်…

       ဦးထုပ်သည်လေးဟာ သူ့အဖိုးရဲ့ စကားကို ပြန်သတိရပြီး အဖိုးလုပ်ခဲ့သလိုဘဲ..သူ့ခေါင်းကို ကုတ်လိုက်ပါတယ်.. မျောက်အားလုံးဟာလည်း သူလုပ်သလို လိုက်ကုတ်ကြပါတယ်..     သူဟာ ဦးထုပ်ကို ချွတ်လိုက်ပြီး ယပ်ခတ်သလိုလုပ်တဲ့အခါ မျောက်အားလုံးဟာ သူလုပ်သလို လိုက်လုပ်ပြန်ပါတယ်.. သူ့အဖိုးရဲ့ အကြံပိုင်ပုံကိုစဉ်းစားရင်း ဦးထုပ်သည်လေးဟာ သူ့ဦးထုပ်ကို အဝေးက မြေပြင်ပေါ်ကိုလွှင့်ပစ်လိုက်ပ်ါတယ်..

       ဒီတစ်ခါတော့ ထူးဆန်းပါတယ်.. မျောက်တွေအားလုံး ဦးထုပ်ကို လွှင့်မပစ်ဘဲ ဆက်ပြီးကိုင်ထားတာကို တွေ့ရပါတယ်.. ဦးထုပ်သည်လေးဟာ အလွန်ကို အံ့သြနေပါတယ်..ဒီတစ်ခေါက် မျောက်တွေဟာ ဘာဖြစ်လို့များ သူလုပ်သလို လိုက်မလုပ် ကြတာပါလိမ့်လို့စဉ်းစား နေမိပါတယ် . ဒီအချိန်မှာ မျောက်တစ်ကောင်ဟာ သစ်ပင်ပေါ်က ဆင်းလာပြီးတော့သူလွှင့်ပစ်လိုက်တဲ့ ဦးထုပ်ကို အပြေး သွားကောက်ပြီး လက်ခုပ်လက်ဝါး တီးကာဦးထုပ်သည်လေးကို စကားတစ်ခွန်းဘဲ လှမ်းပြောလိုက်ပါတယ်.. ဘာပြောလိုက်တယ် ဆိုတာစာဖတ်သူများ ခန့်မှန်းကြည့်ပါလားရှင်.. ပြောလိုက်တာက တစ်ခွန်းထဲပါနော်..

************* ****

************ *..


***********. .


*********..


********


*****..


****.


***


**.

*

**.

*
..
.
.
.*

*.



** မင်းတစ်ယောက်ဘဲ အဖိုးရှိတယ် ထင်သလားတဲ့**

******ဟုတ်တာပေါ့.. မျောက်တွေကလဲ သူတို့အဖိုးဆီကနေ ဦးထုပ်ဇာတ်လမ်းလေးကိုကြားခဲ့ဖူးမှာ ပေါ့နော်…*******

 
ကျွန်တော်ရောသမမောင်စိုးကို ဆက်သွယ်ချင်ရင်တော့ mgsoemin1995@gmail.com ဆက်သွယ်လိုက်ပါ
ကျွန်တော်ရောသမမောင်စိုး သူငယ်ချင်း၊မိတ်ဆွေတို.ကို စောင့်မျှော်နေပါတယ်ဗျာ………..

No comments:

Subscribe

လာလည်သူများ

free counters