♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 16, 2014

လမ်းပေါ်တွင် ယာဉ်စက်ပျက်ပါက…



အားလုံးမင်္ဂလာပါဗျာ ကျွန်တော်မောင်စိုးလဲပျောက်နေတာလေ စာဖတ်သူအားလုံးကိုတောင်ပန်းပါတယ်ဗျာ။
ကျွန်တော်မောင်စိုးကိုနားလည်ပေးပါလို့ ပြောချင်ပါတယ်။ ကျွန်တော်မောင်စိုး  ခရီးသွားနေလို့ပါ
ပိုစ့်အမည်ကတော့ (လမ်းပေါ်တွင် ယာဉ်စက်ပျက်ပါက…) အမည်ရပါတယ် ကြေးမုံသတင်းစာထဲကပါဗျာ။
ကြေးမုံသတင်းစားတွင် ဖော်ပြခဲ့သော ဆရာဦးခင်မောင်းဌေး(ပညာရေး)နှင့်သီလ၀သားတို့၏ ဆောင်းပါးများ
ဖတ်ရှုရသည်မှာ လွန်စွာမှ တန်ဖိုးရှိလှပါသည်။ မိမိအနေဖြင့်လည်း အတွေကြုံရှိခဲ့သည်ကို ရေးသားတင်ပြလိုပါ
သည်။ ဧပြီ ၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် စက်ပျက်၍ ရပ်နားထားသော ခရီးသည်တင်ယာဉ်တစ်စီး
အား အခြားခရီးသည်တင်ယာဉ်တစ်စီးမှ ၀င်တိုက်ရာလူနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သောကြောင်း
ဖတ်ရှုခဲ့ရပါသည်။ အဆိုပါ ဖြစ်စဉ်မျိုး မကြာခဏဆိုသလို ဖြစ်ပွားနေတာလည်း ကြားသိရပါသည်။ ယာဉ်မောင်း
အများစု အနေဖြင့် မိမိယာဉ်စက်ပျက်ပါက ယာဉ်၏နောက်တွင် ကားဘီးတာယာများ၊ကျောက်တုးံ/ခဲများ၊
သစ်ကိုင်း၊၀ါးကိုင်းများ၊ပုံးများထားရှိပြီး ယာဉ်ပျက်၍ ရပ်တန့်ထားကြောင်းသိရှိရန် အချက်ပြစနစ်သုံးကြသည်ကို
တွေ့ရှိရပါသည်။ ထိုကဲ့သို့အချက်ပြခြင်းသည် နေ့အချိန်မြင်သာနိုင်သော်လည်း ညအချိန်မြင်နိုင်စွမ်းမရှိ၍
စက်ပျက်၍ ရပ်တန့်ထားသောယာဉ်အား မောင်းနှင်းနေသည်ယာဉ်ပာုယူဆပြီး နောက်မှမောင်းလာစဉ် အရှိန်မထိန်းနိုင်ဘဲ ယာဉ်အား ၀င်တိုက်မိခြင်းဖြစ်နိုင်ပါသည်။
ယာဉ်စက်ပျက်ပါက အထက်ပါ အချက်ပြစနစ်မသုံးဘဲ နေ့/ည မြင်နိုင်စွမ်းအားမြင့်မားပြီး အလွယ်တကူ ခေါက်သိမ်းနိုင်သည် ကြိုတင်သတိပေးအချက်ပြ Warning Triangle အား ပျက်နေသည့်ယာဉ်နောက် သင့်တင့်သည် အကွာအဝေးတွင်ထားရှိပါက အဆိုပါယာဉ် စက်ပျက်၍ ရပ်တန့်ထားသည်ကို ကြိုတင်သိရှိပြီး
အန္တရာယ်ကိုရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။သို့ပါ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်းကြားမှုဦးစီးဌာနမှ စီစဉ်ထုတ်ပေး
ချက်ရှိသည် Warning Triangle များ ယာဉ်အားလုံးပါရှိရေးသက်ဆိုင်ရာဌာနများမှ စီစဉ်ကြပ်မတ် စစ်ဆေးဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုရေးသားတင်ပြအပ်ပါသည်။   (ကဆ)

ပာုတ်ကဲ့ဒါကတော့ ကြေးမုံထဲကနေပြောသွားတာပါ ကျွန်တော်မောင်စိုးကလဲဆက်လက်ပြောချင်ပါတယ်ဗျာ။
ယာဉ်မောင်းများ ယာဉ်အကူများ သတိထားရအချက်က အခုဆိုရင်တဖြေးဖြေး မိုးရာသီဘက်ကိုရောက်ရှိလို့လာ
ပြီး ဒါကြောင့် လမ်းမှာက ရေ၀ပ်တဲ့နေရာတွေကိုသတိထားပေးပါလို့ ပြောချင်ပါတယ်ဗျာ ။နောက်တစ်ချက်က
လမ်းမှာ ကျန်းမာရေးလုပ်တဲ့အချိန်ကျရင် ယာဉ်အကူများက ရေတိုင်ကီ တာယာလေပေါင် အင်ဂျင်ခန်းကို စစ်ဆေးပေးလို့ ကျွန်တော်မောင်စိုးက ပြောချင်ပါတယ် ကျွန်တော်ကိုယ်တိုင်ကြုံဖူးလို့ပါ အင်ဂျင်ခန်းနေမီးခိုးတွေထွက်လာတာပါ။
ဒါနဲ့အမြန်လမ်းသစ်ရဲ့အကြောင်းတွေကိုထပ်ပြီးတော့တင်ပြပေးဖို့ရှိပါတယ်။ကျွန်တော်မောင်စိုးဖုန်း
နံပါတ်ကတော့09250370904 ဆက်သွယ်နိုင်ပါတယ် သိသလောက်ကိုပြန်ပြီပြောတာပါ။


No comments:

Subscribe

လာလည်သူများ

free counters