♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 9, 2015

ဒါရိုက်တာ မင်းအုပ်စိုး လူသတ်မှု ရဲလုပ်ထုံးလုပ်နည်းများ မပြီးသေးသဖြင့် ဇန်န၀ါရီလ ၂၂ ရက်ထိရမန်ထပ်မံပြန်


သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုး လူသတ်မှုနှင့်ပတ်သက်၍ ရဲလုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ခြင်း မပြီးစီးသည့်အတွက် ဇန်န၀ါရီလ ၂၂ ရက်၊ ကြာသပတေးနေ့သို့ ရမန်ရက်ချိန်းပြန်ယူခဲ့ကြောင်း ဇန်န၀ါရီလ ၈ ရက်၊ ဗဟန်းတရားရုံးတွင်း ရုံးထုတ်ရာတွင် သိရသည်။


“ ရမန်ယူတယ်ဆိုတာက အချုပ်သားတစ်ယောက်ကို ၂၄ နာရီထက်ကျော်ပြီး ချုပ်လို့မရဘူး။ ၂၄ နာရီထက်ကျော်ပြီး ချုပ်ရင်သက်ဆိုင်ရာမြို့နယ်တရားသူကြီးထံမှာသွားပြီး ရမန်ဆိုတာကိုတောင်းရတယ်။ ဒီတော့မှသူက ချုပ်ပိုင်ခွင့်ပေးတယ်။ အမှုနဲ့ပတ်သက်ပြီးတော့ ၁၅ ရက်ချုပ်လို့ရတာတွေရှိတယ်။ ၁ လချုပ်လို့ရတာရှိတယ်။ ဒီအမှုမျိုးက ၁ လချုပ်ခွင့်ရှိတယ်။ ဒါကြောင့်ကျွန်တော်တို့က ရမန်တောင်းပြီး ဒီကြားထဲမှာရဲလုပ်ငန်းတွေကိုပြီးအောင်လုပ်ရတယ်။ ရမန်ပြည့်တဲ့အချိန်ကျရင် တရားစွဲတင်ရတယ်။ “ ဟု ဗဟန်းမြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဝင်းကပြောသည်။ ထို့ပြင် သေဆုံးသူ မတေးနုယဉ်၏ ဆေးစစ်ချက်မှာ ထွက်ရှိနေပြီး ဖြစ်သော်လည်း ၄င်းအနေဖြင့် ပြောဆိုခွင့်မရှိသဖြင့် ပြော၍မရနိုင်ကြောင်း၊ ၄င်းအဖြေကို လက်ထောက်မှုခင်းဆရာဝန် ဒေါက်တာဇော်မင်းထွဋ်က တရားရုံးတွင် သက်သေခံမည် ဖြစ်သဖြင့် တရားခွင်တွင် မည်သူမဆိုလာရောက် ကြားနာနိုင်ကြောင်း ၄င်းကဆက်လက်ပြောသည်။

“ အခုရတဲ့ဆေးစစ်ချက်ကတော့ အဓိကသေဆုံးသွားသူ မတေးနုယဉ်ရဲ့ဆေးစစ်ချက်ဖြစ်ပါတယ်။ မင်းအုပ်စိုးရဲ့ဆေးစစ်ချက်ကတော့ မရသေးပါဘူး။ ရှေ့တစ်ပတ်ထဲမှာ ရမယ်။ ဆေးစစ်ချက်ကတော့ထွက်ပါပြီ။ ဆေးစစ်ချက်ကိုတော့ ကျွန်တော်တို့ပြောပိုင်ခွင့် မရှိပါဘူး ။ ဒါကို လက်ထောက်မှုခင်းဆရာဝန် ဒေါက်တာဇော်မင်းထွဋ်က တရားရုံးမှာသက်သေခံပါလိမ့်မယ်။ သူသက်သေခံတဲ့အခါမှာ မည်သူမဆိုတရားခွင်မှာ ၀င်ရောက်ပြီးကြားနာနိုင်ပါတယ်။ ကျွန်တော်နဲ့အနေနဲ့ကတော့ ဒီအမှုကိုအမှန်အတိုင်းစစ်ဆေးပေးမယ်။ တရားရုံးမှာတရားစွဲပေးမယ်လို့ ပြောချင်ပါတယ်။ “ ဟုပြောသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုးသည် ၄င်းနှင့်အတူနေညီမ၀မ်းကွဲတော်စပ်သူ မနုနုယဉ် ( ခ ) တေးနုယဉ်( ၃၃ )နှစ်အား လူမှုရေးကိစ္စမေးမြန်းရာမှ စကားများကာ ထိုးကြိတ်ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ပြီး လက်လွန်ကာ သေဆုံးသွားခဲ့သည်ဟုဆိုကာ ဗဟန်းရဲစခန်းသို့ လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း သိရသည်။ သရုပ်ဆောင်ဒါရိုက်တာ မင်းအုပ်စိုးအား ဗဟန်းရဲစခန်းက ( ပ ) ၅၁၉ / ၁၄ ဖြင့် အမှုဖွင့်ကာစစ်ဆေးနေကြောင်း သိရသည်။

ဖြူဖြူခိုင်
The Street View

No comments:

Subscribe

လာလည်သူများ

free counters