♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 7, 2015

" ကမ္ဘာ့ဒေသအသီးသီးမှာ အိမ်ထောင်သက် ပျှမ်းမျှဘယ်လောက်ကြာလဲ "

 
ဘယ်အရာမှမတည်မြဲသလို။ အိမ်ထောင်ရေးဆိုတာလည်း ဒီတိုင်းပါပဲ။ နယူးယော့ခ် အပါအ၀င် ကမ္ဘာ့မြို့ ကြီးတွေမှာ အိမ်ထောင်ရေး ကွာရှင်းပြတ်စဲမှု ပျှမ်းမျှဘယ်လောက်ရှိလဲဆိုတာနဲ့ အိမ်ထောင်သက်ပျှမ်းမျှဘယ်လောက် ကြာလဲဆိုတာ Hopes & Fears ၀က်ဘ်ဆိုဒ်က စစ်တမ်းကောက်ခဲ့ပါတယ်။

၁။ ရောမမြို့ ၊ အီတလီနိုင်ငံ - ၁၅ နှစ်မှ ၁၈ နှစ်
လင်မယားခွဲနေခြင်းနဲ့ တရားဝင်ကွာရှင်းနှုန်းဟာ ရောမမြို့ မှာ ၂၀၁၀ ခုနှစ်က စပြီး ၃၀.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ လက်ထပ်ထိမ်းမြှားမှု ၁၀၀၀ မှာ အိမ်ထောင်ရေး ၃၀၇ ခုက လင်မယားခွဲနေခဲ့ပြီး  အိမ်ထောင် ၁၈၂ ခု က ပြိုကွဲခဲ့ပါတယ်။

၂။ အော့တာဝါမြို့ ၊ ကနေဒါ - ၁၃.၈ နှစ်
ကနေဒါနိုင်ငံရဲ့စာရင်းဇယားတွေအရ အော့တာဝါမြို့ ရဲ့ ပျှမ်းမျှအိမ်ထောင်သက်က ၁၃.၈ နှစ်ဖြစ်ပါတယ်။ ဒါပေမယ့် ကနေဒါရဲ့ နိုင်ငံလိုက် ကွာရှင်းမှုနှုန်းကတော့ မြင့်တက်လျက်ရှိပြီး ၄၈ ရာခိုင်နှုန်းအထိ ရောက်ရှိနေပါတယ်။

၃။ ပါရီမြို့ ၊ ပြင်သစ် - ၁၃ နှစ်
အံ့သြဖို့ ကောင်းစွာပဲ အချစ်မြို့ တော်၊အနုပညာမြို့ တော် ပါရီမှာလည်း အိမ်ထောင်ရေး ပြိုကွဲမှုနှုန်းက ၅၅
ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

၎။ နယူးယော့ခ်စီးတီး၊ အမေရိကန်ပြည်ထောင်စု - ၁၂.၂ နှစ်
နယူးယော့ခ်က အိမ်ထောင်သက်ဟာ နိုင်ငံလိုက်ပျှမ်းမျှအိမ်ထောင်သက် ၁၂.၂ နှစ် ထက်တော့ ပိုများပါတယ်။ တခြားမြို့ ကြီးတွေမှာလည်း ပျှမ်းမျှ ၁၀ နှစ်ကနေ ၁၄ နှစ် ကြားသာရှိပါတယ်။

၅။ မက္ကဆီကိုစီးတီး၊ မက္ကဆီကို - ၁၂ နှစ်
ရိုက်တာသတင်းတစ်ပုဒ်အရ၊ တရားဝင်ကွာရှင်းမှုဟာ ၁၅ ရာခိုင်နှုန်းသာရှိပြီး မကြာသေးခင်က လေ့လာမှုတွေအရ စုံတွဲအများအပြားဟာ လက်ထပ်ပြီး နှစ် နှစ်အကြာမှာပဲ ကွာရှင်းကြတယ်လို့ ဆိုပါတယ်။

၆။ တိုကျို ၊ ဂျပန် - ၁၁ နှစ်
ဂျပန်နိုင်ငံရဲ့ ပျှမ်းမျှအိမ်ထောင်သက်က ၁၁ နှစ်ထက် မပိုပါဘူး။ တရားဝင်ကွာရှင်းနှုန်းက ၃၆ ရာခိုင်နှုန်းရှိပါတယ်။

၇။ ကိပ်တောင်း၊ အာဖရိက - ၁၁ နှစ်
တောင်အာဖရိကစာရင်းကိန်းဂဏန်းတွေအရ၊ စုံတွဲတွေ ကွာရှင်းနှုန်းဟာ ယောင်္ကျားနဲ့ မိန်းမ၊ အသက်အရွယ်ပေါ်မူတည်ပြီး ကွာခြားတယ်လို့ သိရပါတယ်။ ပျှမ်းမျှ အိမ်ထောင်သက်ကတော့ ၁၁ နှစ်ဖြစ်ပြီး ကွာရှင်းနှုန်းက ၃၁.၂ ရာခိုင်နှုန်း ရှိပါတယ်။

၈။ ဆစ်ဒနီ ၊ သြစတြေးလျ - ၈.၇ နှစ်
သြစတြေးလျ အိမ်ထောင်စုစူးစမ်းလေ့လာရေးတက္ကသိုလ်ရဲ့ တွေ့ ရှိချက်အရ ၂၀၁၁ ခုနှစ်ကစပြီး စုံတွဲတွေဟာ သက်တမ်းတိုမှာပဲ ကွာရှင်းမှုမြန်ဆန်လာတယ်လို့ သိရပါတယ်။

၉။ လန်ဒန် ၊ အင်္ဂလန် - ၄ နှစ်မှ ၈ နှစ်
လန်ဒန်က ပျှမ်းမျှအိမ်ထောင်သက်က ၄ နှစ်ကနေ ၈ နှစ်အတွင်းမှာပဲ တရားဝင်ပြတ်စဲမှုနဲ့ နိဂုံးချုပ်တတ်ကြတာကို တွေ့ ရပါတယ်။ ကွာရှင်းပြတ်စဲနှုန်းက ၄၂ ရာခိုင်နှုန်းဖြစ်ပါတယ်။

၁၀။ ဒိုဟာ ၊ ကာတာ - ၅.၅ နှစ်
ဒိုဟာမှာ ကွာရှင်းပြတ်စဲနှုန်းက ၃၈ ရာခိုင်နှုန်းဖြစ်ပါတယ်။ ပျှမ်းမျှအိမ်ထောင်သက်က ၅.၅ နှစ်ပဲ ကြာပါတယ်။ ၂၀၁၁ ခုနှစ်က လေ့လာချက်အရ စုံတွဲ ၆၀ ရာခိုင်နှုန်းဟာ လက်ထပ်ပြီး ငါးနှစ်အတွင်းမှာ ကွာရှင်းကြတယ်လို့ ဆိုပါတယ်။
Ref: yourtango.com


Credit : http://www.trend.com.mm/2015/08/06/relationships-7362

No comments:

Subscribe

လာလည်သူများ

free counters