♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 8, 2016

" ရည်းစားဟောင်းကားလို့ ထင်ပြီး ကားတစ်စီးကို မှားမီးရှို့ခဲ့တဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ "

 
အမေရိကနိုင်ငံ ဖလော်ရီဒါပြည်နယ် ကရီးယားဝါးတားမြို့က အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့လက ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါကို ကားမီးရှိုးတဲ့နားမှာရှိတဲ့ လုံခြုံရေးကင်းစောင့် စောင့်ကြည့်ကင်မရာကနေ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
Tampa  Bay Times သတင်းအရ ၁၉ နှစ်အရွယ် Carmen Chamblee ဆိုသူဟာ အဲဒီကားက သူမချစ်သူဟောင်း ပိုင်ဆိုင်တဲ့ကားလို့ ယူဆခဲ့တာကြောင့် ခုလို လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောပြခဲ့တယ်လို့ သိရပါတယ်။ ကံမကောင်းစွာနဲ့ပဲ ကားပိုင်ရှင်အစစ်အမှန်မှာ သူယူဆခဲ့သူ မဟုတ်ခဲ့ပါဘူး။
ကရီးယားဝါးတား တပ်ဖွဲ့ဌာနရဲ့ ပြောဆိုချက်အရ Chamblee ကို  အချုပ်ခန်းမှာ ထိန်းသိမ်းဖို့ စီစဉ်ပြီးဖြစ်ကြောင်း
သိရပါတယ်။ သူမကို ပီနဲလ်လာ့စ်ခရိုင်ထောင်မှာ လတ်တလောထိန်းသိမ်းထားပြီး တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပါတယ်။
Ref: Cosmopolitan 
Credit : http://www.trend.com.mm/2016/09/07/news-10444

No comments:

Subscribe

လာလည်သူများ

free counters