♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 27, 2015

" mိုmို oိာု့ မမတို့ရေ.... သကြားအညိုရောင်နှင့် အသားအရေလှပအောင် လုပ်ကြစို့လားဟင်?"


အသားရေလှပဖို့အတွက် မိမိရဲ့ ကိုယ်မှာ သေနေတဲ့ အသားဆဲလ်လေးတွေ အသားခြောက်တွေကို ပပျောက်စေပြီး အသားအရေကို လင်းဝင်းတောက်ပစေတဲ့နည်းလေးပါ..
ရေမချိုးခင်နာရီဝက်တနာရီအလိုမှာ သေချာပွတ်လိမ်းထားရပါမယ်.....အဲဒီလိုပြုလုပ်ခြင်းကြောင့် အသားအရေလည်း စိုဝင်းပြီး လန်းဆန်းချောမွတ်နေပါလိမ့်မယ်....အသားအရေကိုနှိပ်နှယ်ပေးရာလည်းရောက်တဲ့အပြင်..
ကျန်းမာတဲ့အသားအရည်ကိုလည်းရရှိစေမှာဖြစ်ပါတယ်
ပြုလုပ်နည်းလေးကတော့ လွယ်ပါတယ်...


(၁)။ အဖုံးပါတဲ့ အဝကျယ် ဗူးလွတ် တစ်ဗူးလိုပါတယ်..
(၂)။ ဗူးထဲကို အညိုရောင် သကြား အပွင့်ကြီး/ငယ် မဆိုထည့်ပါ..
(၃)။ သကြားပေါ်ကနေ ကိုယ်နှစ်သက်တဲ့ ဆီထည့်ပါ (အုန်းဆီ၊ ဗာဒံဆီ၊ သံလွင်ဆီ၊ ဘေဘီ     ကိုယ်လိမ်းဆီ) ဘာမဆိုထည့်နိုင်တယ်..ကိုယ်ကြိုက်တဲ့ အမွှေးနံ့တမျိုးမျိုးလည်း ထည့်နိုင်ပါတယ်.... ဆီကို သကြားမြှုပ်အောင်ထည့်ပါ။ သမသွားအောင်သေချာ ဇွန်း/တုတ်နှင့်မွှေပေးပါ။   
(၄)။ မျက်နှာကို ပွတ်မည့် အတွက်ဆိုလျင် နူးညံ့တဲ့ အညိုရောင်သကြားကိုသုံးပါ..နှုတ်ခမ်းနှင့်
မျက်ကွင်းတဝိုက်ကို ညင်သာစွာ ပွတ်ပါ.....မကြမ်းမိပါစေနှင့်....ခလေးငယ်တွေရဲ့ ကိုယ်တွေကိုလည်း ပွတ်သပ်ပေးနိုင်ပါတယ်......
ရေမချိုးမီ ရေချိုးခန်းထဲမှာ သေချာထိုင်လိမ်းပေတော့.....အအေးလည်းမိမိစေနှင့်ဦး...
နာရီဝက်လောက် ဆိုရပါပြီ.....ခပ်ဖွဖွလေးပွတ်ပေးပေတော့.....ကြင်ဖော်ကြင်ဖက်တွေများရှိရင်
တော့ နောက်ကျောကို ပွတ်တိုက်ခိုင်းပေါ့....

P9100014.JPG

collage.jpg

P9100024.JPG

P9100026.JPG

P9100027.JPG

P9100028.JPG

P9100029.JPG

P9100030.JPG


P9240001.JPG 
 

P9240002.JPG

အကြမ်းဖျင်း ဘာသာပြန်ဆိုသူ (( ရောရောသမမွှေ ဘလော့ဂ်))
Credit : luckymag.com

No comments:

Subscribe

လာလည်သူများ

free counters